နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂရင်းဝုဒ်နဲ့ ခီယေဇာကို အလဲထပ် လုပ်ချင်နေတဲ့ ဂျူဗင်တပ်စ် | စီးရီးအေ

စီးရီးအေထိပ်သီး ကလပ် ဂျုဗင်တပ်စ် အသင်း ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ အတွက် သူတို့ရဲ့ တောင်ပံကစားသမား ဖရက်ဒရစ်ကို ခီယေဇာနဲ့ ကစားသမားချင်း အလဲအထပ် လုပ်ချင်နေကြောင်း အီတလီ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ဂရင်းဝုဒ်ကို လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်၊ ဗလင်စီယာ တို့ အပြင် စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဂျုဗင်တပ်စ်၊ လာဇီယို၊ နာပိုလီနဲ့ ဒေါ့မန် တို့လို အသင်းတွေက စိတ်ဝင်စားနေတာပါ။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် လက်ရှိမှာ ဂရင်းဝုဒ် ကိုယ်တိုင် ကလည်း ဂျုဗင်တပ်စ် အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

အသက် (၂၂) နှစ် အရွယ် အင်္ဂလန် တောင်ပံကစားသမားလေး မေဆန် ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ရှိနေစဉ်က အတူနေ ချစ်သူကို ပြစ်မှု ကျူးလွန်မှုတွေ ရှိခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရတာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရသူ ဖြစ်ပါတယ်။ အဲ့နောက် ပြစ်မှုကနေ လွတ်မြောက်လာချိန်မှာတော့ ဂီတာဖေး အသင်းထံ အငှားနဲ့ ထွက်ကစားခဲ့ရပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် သူ့ကို ဥရောပ ထိပ်သီး ကလပ် များစွာက စိတ်ဝင်စားလာခဲ့ပါတယ်။

ဒါ့အပြင် ဂရင်းဝုဒ်ဟာ ဂီတာဖေးမှာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့ရင်း ၂၀၂၃-၂၄ ဘောလုံးရာသီ ဂီတာဖေး အသင်းရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ ကလပ်တွေ ပိုပြီး များလာခဲ့တာ ဖြစ်ပါတယ်။ အားလုံးထဲမှာတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်က ထိပ်ဆုံးက ပါဝင်နေပြီး သူတို့ အသင်းမှာ ခြေစွမ်းပြနေတဲ့ ခီယေဇာ ကိုပါ အသုံးချပြီး ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

အဓိက ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ ဘဏ္ဍာရေး အခြေအနေတွေ ရှိနေတာကြောင့် ဂရင်းဝုဒ်ကို ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူဖို့ထက် ကစားသမား အလိုက်ပေး ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဂျုဗင်တပ်စ် အနေနဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အတွက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတဲ့ အီတလီ လက်ရွေးစင် တောင်ပံကစားသမား ခီယေဇာကို ကစားသမားချင်း အလဲအလှယ် လုပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ခီယေဇာ အနေနဲ့ ကလည်း လာမယ့် ၂၀၂၅ မှာပဲ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ခီယေဇာဟာ ဖီအိုရင်တီးနား အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့ပြီးတော့ ၂၀၂၀ ခုနှစ်မှာ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ခီယေဇာ အနေနဲ့ ဂျူဗင်တပ်စ် မှာတော့ ပွဲပေါင်း ၇၀ ကစားထားပြီး ၁၄ ဂိုး သွင်းယူထားပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဂျူဗင်တပ်စ် အတွက် ပွဲပေါင်း ၃၇ ပွဲ ကစားပြီး ၁၀ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်