နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူကာကူကို ရန်စလိုက်တဲ့ အီဘရာဟီမိုဗစ်၊ ဆန်းချက်ဇ်ကို လက်လွှတ်လိုက်ရလို့ နောင်တ မရဘူး ဆိုတဲ့ အင်တာမီလန် ဒုဥက္ကဌ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

လူကာကူကို ရန်စလိုက်တဲ့ အီဘရာဟီမိုဗစ်၊ ဆန်းချက်ဇ်ကို လက်လွှတ်လိုက်ရလို့ နောင်တ မရဘူး ဆိုတဲ့ အင်တာမီလန် ဒုဥက္ကဌ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၈ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူကာကူကို ရန်စလိုက်တဲ့ အီဘရာဟီမိုဗစ်

အေစီမီလန်နဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်က အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူကို ရန်စတဲ့ စကားတွေ ပြောကြားသွားခဲ့ပါတယ်။

လူကာကူနဲ့ အီဘရာဟီမိုဗစ် တို့ဟာ စီးရီးအေ မှာလည်း မီလန် မြို့ခံ ပြိုင်ဘက်တွေ ဖြစ်ကြပြီး လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ် မှာလည်း လူကာကူရဲ့ ဘယ်လ်ဂျီယံက အီဘရာဟီမိုဗစ်ရဲ့ ဆွီဒင်ကို အနိုင်ယူခဲ့ပါသေးတယ်။ အဲ့ဒီပွဲမှာ လူကာကူက ဘယ်လ်ဂျီယံ အတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပြီး အီဘရာဟီမိုဗစ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က ဘယ်လ်ဂျီယံနဲ့ ပွဲမှာ ပွဲချိန် အတွင်း လူကာကူကို မမြင်ခဲ့ကြောင်း၊ သူက ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့ကြောင်း၊ ဒီအတွက် ပျော်ရွှင်နေပေမယ့် သူက ပွဲထဲမှာ အများကြီး ပတ်သက်မှု မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


ဆန်းချက်ဇ်ကို လက်လွှတ်လိုက်ရလို့ နောင်တ မရဘူး ဆိုတဲ့ အင်တာမီလန် ဒုဥက္ကဌ

ဆန်းချက်ဇ်ဟာ စီးရီးအေမှာ ပုံမှန် ပွဲကစားခွင့် မရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီမှာ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
လီဂူးဝမ်း ကလပ် မာဆေးလ်မှာ ခြေစွမ်းပြနေတဲ့ အလက်ဆစ် ဆန်းချက်ဇ်

အင်တာမီလန်ရဲ့ ဒုဥက္ကဌ ဟာဗီယာ ဇနက်တီက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ် ကစားသမား အလက်ဆစ် ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပေးခဲ့တဲ့ အပေါ် နောင်တ မရကြောင်း ပြောကြားခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ စီးရီးအေမှာ ပုံမှန် ပွဲကစားခွင့် မရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီမှာ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဇနက်တီက ဆန်းချက်ဇ်ကို ထွက်ခွာခွင့် ပေးခဲ့တာက မှားတယ်လို့ မထင်မိကြောင်း၊ နှစ်ဖက်လုံးက လမ်းခွဲဖို့ကို သဘောတူညီခဲ့ကြောင်း၊ ပွဲကစားခွင့်ရချိန်မှာ ဆန်းချက်ဇ်က အင်တာမီလန် အတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ကြောင်း၊ စီးရီးအေ ချန်ပီယံဆုနဲ့ အီတလီ စူပါဖလား အောင်ပွဲတို့ အတွက် ဆန်းချက်ဇ်က အရေးပါခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မာဆေးလ်မှာ ဆန်းချက်ဇ် ခြေစွမ်းပြနေတဲ့ အပေါ် သူက ထိပ်တန်း ကစားသမား တစ်ယောက် ဆိုတာကို သက်သေပြနေပြီး အင်တာမီလန် မှာလည်း အမြဲတမ်း ပုံစံကောင်း ပြခဲ့သလို အမြဲတမ်းလည်း အသုံးဝင်ခဲ့ကြောင်း ဇနက်တီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။


ဂျူဗင်တပ်စ် အလျှော့ခံထားရတဲ့ အမှတ်တွေ ပြန်ရဖို့ မျှော်လင့်နေတဲ့ ကိုဗာဆီဗစ်

ဒါကို ကိုဗာဆီဗစ်က သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်ဟာ ဒီရာသီ ယူရိုပါလိဂ် ဖလား ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး စီးရီးအေ မှာတော့ လျှော့ချခံထားရတဲ့ ရမှတ်တွေ ပြန်ရဖို့ မျှော်လင့်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ စာရွက်စာတမ်း ကိစ္စရပ်တွေမှာ မသမာမှု ရှိခဲ့တယ် ဆိုပြီး စီးရီးအေ အဖွဲ့ချုပ်က (၁၅) မှတ် လျှော့ ပြစ်ဒဏ် ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အီတလီ ထိပ်သီး အသင်း အနေနဲ့ ဒီရာသီ မှာတင်ပဲ အခု ပြစ်ဒဏ်ကို လက်ငင်း ကျခံလိုက်ရတာကြောင့် ဥရောပ ဝင်ခွင့် အတွက်တောင် မရေမရာ ဖြစ်ခဲ့ရပါသေးတယ်။

ကိုဗာဆီဗစ်က ဂျူဗင်တပ်စ်က ထိပ်တန်း အသင်း တစ်သင်း ဖြစ်ကြောင်း၊ သူတို့ လျှော့ခံထားရတဲ့ အမှတ်တွေ ပြန်ရဖို့ မျှော်လင့်ပြီး ဒါဆိုရင် ရာသီကုန်မှာ တတ်နိုင်သလောက် အကောင်းဆုံး နေရာကို ရမှာ ဖြစ်ကြောင်း၊ သူတို့က ဥရောပ ချန်ပီယံဆုကို အိမ်ပြန်သယ်ဖို့ ကြိုးစားနိုင်ပြီး ယူရိုပါလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်