နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတဲ့ မော်ရင်ဟို၊ ဘိုလော့ဂ်နာ နည်းပြကို အံ့အားသင့်ဖွယ် စောင့်ကြည့်နေတဲ့ ပီအက်စ်ဂျီ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတဲ့ မော်ရင်ဟို၊ ဘိုလော့ဂ်နာ နည်းပြကို အံ့အားသင့်ဖွယ် စောင့်ကြည့်နေတဲ့ ပီအက်စ်ဂျီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ အနာဂတ်မှာ အသင်းဟောင်း ချဲလ်ဆီးကို ပြန်သွားဖို့ လမ်းဖွင့်ထားကြောင်း ဗြိတိန် နာမည်ကျော် ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ စီးရီးအေ ကလပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အားနည်းမှု အပေါ် စိတ်ပျက်နေပြီး ချဲလ်ဆီး ပိုင်ရှင် တော့ဒ် ဘိုလေကသာ သူ့ကို ချဥ်းကပ်လာခဲ့ပါက လမ်းဖွင့်ပေးထားဖို့ သူ့ရဲ့ အေးဂျင့် ဖြစ်သူက မှာကြားထားတယ်လို့ သိရှိရပါတယ်။ 

လက်ရှိအချိန်မှာ ချဲလ်ဆီးက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ဖို့ အတွက်လည်း ချဲလ်ဆီး ပရိသတ်တွေက ဆန္ဒရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်း ကလည်း ရိုးမားကို စွန့်ခွာဖို့ နီးစပ်ခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ လန်ဒန်မြို့မှာ ရှိတဲ့ သူ့ရဲ့နေအိမ်က မီတာ (၂၀၀) သာ ဝေးကွာကြောင်း၊ ပရိသတ်တွေရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှု အသံတွေကို ခံစားလိုသေးကြောင်း ပြီးခဲ့တဲ့ နှစ် အတွင်းက ဖွင့်ဟခဲ့ဖူးပါတယ်။ 


ဘိုလော့ဂ်နာ နည်းပြကို အံ့အားသင့်ဖွယ် စောင့်ကြည့်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ စီးရီးအေ ကလပ် ဘိုလော့ဂ်နာ အသင်း နည်းပြ သီယာဂို မော့တာကို စောင့်ကြည့်နေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

သီယာဂို မော့တာဟာ ပီအက်စ်ဂျီရဲ့ ကစားသမားဟောင်း တစ်ယောက် ဖြစ်ပြီး လက်ရှိ နည်းပြ ဘဝမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာကြောင့် ဥရောပ ထိပ်တန်း အသင်းတွေရဲ့ ပစ်မှတ် ဖြစ်နေကြောင်း မော့တာရဲ့ အေးဂျင့်လည်း ဖြစ်၊ ဖခင်လည်း ဖြစ်သူ ဒါရီယိုကာနိုဗီက ပြောပါတယ်။ 

ကာနိုဗီက မော့တာဟာ ဘယ်လိုထိပ်တန်း အသင်းကို မဆို အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ပီအက်စ်ဂျီ အစ ရှိသဖြင့် ကိုင်တွယ်နိုင်စွမ်း ရှိကြောင်း၊ ပြီးခဲ့တဲ့နှစ်နဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ကလည်း ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ပီအက်စ်ဂျီ နည်းပြ အယ်ခါလိုင်ဖီ ကလည်း မော့တာရဲ့ တန်ဖိုးကို သိရှိကြောင်း၊ လက်ရှိမှာ မော့တာက ပီအက်စ်ဂျီကို ကိုင်တွယ်ဖို့ မစောတော့ဘဲ ပီအက်စ်ဂျီ အကြောင်းကို ကောင်းကောင်း သိရှိထားကြောင်း ကာနိုဗီက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။ 

စီးရီးအေ
နာပိုလီ
လာဇီယို
1X2 သရေ (Draw) @ 3.75
ဂိုးပေါ် 3.00 @ 2.66
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ်နဲ့ ပွဲမှာ သေချာပေါက် ပြန်လာရမယ်လို့ ရိုးမား နောက်ခံလူ ပြောကြား

ရိုးမား နောက်ခံလူ လီယိုနာဒို စပင်နာဇိုလာက အသင်း အနေနဲ့ ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ခရီမိုနီစ်နဲ့ ပွဲက အရှုံး ကနေ ချက်ချင်း ပြန်လာနိုင်ဖို့ လိုအပ်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။ 

ကြားရက်မှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဥ်မှာ ရိုးမားတို့ ခရီမိုနီစ်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အဆိုပါ ပွဲမှာ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုလည်း အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ 

ရိုးမားဟာ ပွဲကြပ် တစ်ပွဲ အဖြစ် ဂျူဗင်တပ်စ်နဲ့ ထပ်မံ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲက သူတို့ရဲ့ ထိပ်သီး လေးသင်း ဝင်ရောက်ရေး အတွက် အရေးပါတဲ့ ပွဲစဥ် တစ်ပွဲလည်း ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့်လည်း စပင်နာဇိုလာက ရှုံးပွဲ ကနေ ချက်ချင်း ပြန်လာနိုင်ဖို့ လိုအပ်ကြောင်း၊ အသင်းမှာ တောင့်တင်းတဲ့ အင်အားရှိပြီး ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမယ့် ပွဲက ရိုးမား အတွက် လမ်းကြောင်းမှန်ပေါ် ပြန်လည် တက်ရောက်နိုင်ရေး အတွက် အရမ်းအရေး ပါတဲ့ အခွင့်အရေး ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်