နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ အမှတ်ပေးဇယားကို ၁၂ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ နာပိုလီ၊ ဘရိုဇိုဗစ် အတွက် ဘာဆာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ အင်တာမီလန် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

စီးရီးအေ အမှတ်ပေးဇယားကို ၁၂ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ နာပိုလီ၊ ဘရိုဇိုဗစ် အတွက် ဘာဆာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ အင်တာမီလန် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၂ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စီးရီးအေ အမှတ်ပေးဇယားကို ၁၂ မှတ်ဖြတ် ဦးဆောင်လိုက်တဲ့ နာပိုလီ

နာပိုလီ ကတော့ အခုတစ်ပတ် စီးရီးအေ ပွဲစဉ် အဖြစ် အဝေးကွင်းမှာ ဆလာနီတာနာကို ၂-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နာပိုလီတို့ အနိုင်ဂိုးတွေ ရဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် လိုအပ်တဲ့ သွင်းဂိုးတွေကို ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်နဲ့ ဂျီယိုဗန်နီ ဒီလော်ရန်ဇို တို့က သွင်းယူပေးခဲ့ကြပါတယ်။ 

စီးရီးအေ
အင်တာမီလန်
အမ်ပိုလီ
1X2 အမ်ပိုလီ @ 9.50
အင်တာမီလန် အာရှ ဟန်းဒီးကပ် -0.75 @ 2.09
ဂိုးပေါ် 3.00 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုဆင်ဟမ် ကတော့ ဒီရာသီ စီးရီးအေ ရွှေဖိနပ်ဆု အတွက် အနီးကပ် ပြိုင်ဘက်ဖြစ်သူ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ထက် ၃ ဂိုးအထိ အသာစီး ရရှိသွားခဲ့ပါတယ်။ နာပိုလီတို့ ဒီရာသီမှာ အင်တာမီလန် တသင်းတည်း ကိုသာ အရေးနိမ့်ထားခဲ့ပြီးတော့ နှစ်ပေါင်း ၃၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ စကူဒက်တို ဆုဖလားကို ရယူနိုင်ဖို့ အခြေအနေ ကောင်းနေပြီလည်း ဖြစ်ပါတယ်။

အေစီမီလန်က လာဇီယိုကို အနိုင်ရခဲ့ရင်တောင် ၉ မှတ် ကွာဟနေဦးမှာ ဖြစ်တာကြောင့်လည်း နာပိုလီရဲ့ ရပ်တည်မှုက စိတ်ချရတယ်လို့ ဆိုရမှာပါ။ တတိယနေရာက အင်တာမီလန် ကိုလည်း ၁၃ မှတ် အထိ ဖြတ်ထားပြီး စီးရီးအေ ကတော့ နာပိုလီ တစ်ကောင်တည်း ပြေးတဲ့ မြင်းပြိုင်ပွဲ ဖြစ်နေပြီလို့ ပြောရပါမယ်။ 


ပေါ့ဂ်ဘာနဲ့ ဗလာဟိုဗစ်တို့ ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေတဲ့ အယ်လီဂရီ

ဂျူဗင်တပ်စ် နည်းပြအယ်လီဂရီဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်တို့ ဇန်နဝါရီ လကုန်ပိုင်းမှာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ပေါ့ဘာ ကတော့ မန်ချက်စတာယူနိုက်တက် ကနေ ဂျူဗီကို ပြန်လည် ရောက်ရှိလာပြီး ကတည်းက တစ်ပွဲမှ ကစားရသေးဘဲ အနားယူနေရသူ ဖြစ်ပါတယ်။

ဗလာဟိုဗစ် ကလည်း ဒဏ်ရာကြောင့် အနားယူနေရပြီး အခုအခါမှာ နှစ်ဦးစလုံး လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အတ္တလန္တာနဲ့ ကစားရမယ့် ဒီတစ်ပတ် စီးရီးအေပွဲ ကိုတော့ သူတို့ နှစ်ဦးစလုံး ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေပြီး အယ်လီဂရီ ကတော့ အနည်းဆုံး လကုန်ခါနီးလောက်မှာ အချိန်မီ ပြန်လည် ကစားပေးနိုင်ကြဖို့ မျှော်လင့်နေတာပါ။ 

သတင်းစာ ရှင်းလင်းပွဲမှာ အယ်လီဂရီက “ သူတို့ နောက်တစ်ပတ်မှာ ကစားပေးနိုင်ပါလိမ့်မယ်၊ မနက်ဖြန် မှာတော့ ကွာဒွာဒို ရှိနေပြီး ရာဘီယော့တ် ကတော့ လေ့ကျင့်ကွင်းမှာ မတူညီတဲ့ ပုံစံနဲ့ လေ့ကျင့်နေခဲ့ပါတယ်၊ ဒါပေမယ့် အားလုံးက အသင့်ပါပဲ” လို့ ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။ 


ဘရိုဇိုဗစ် အတွက် ဘာဆာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ အင်တာမီလန်

အီတလီ စီးရီးအေ ကလပ် အင်တာမီလန်ဟာ သူတို့ အသင်းရဲ့ ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ် အတွက် ဘာစီလိုနာက အငှားနဲ့ ခေါ်ယူမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပါတယ်။
ဘရိုဇိုဗစ်ကို အပြီးသတ်ပဲ ရောင်းထုတ်ချင်တဲ့ အင်တာမီလန်

အီတလီ စီးရီးအေ ကလပ် အင်တာမီလန်ဟာ သူတို့ အသင်းရဲ့ ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ် အတွက် ဘာစီလိုနာက အငှားနဲ့ ခေါ်ယူမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပါတယ်။ စပိန် လာလီဂါ ကလပ်က ကနဦးမှာ အငှားနဲ့ ခေါ်ယူပြီး အပြီးသတ် ဝယ်ယူခွင့် သဘောတူညီချက်ပါတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အင်တာက ချက်ချင်း ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ဘာဆာက လက်ရှိ စျေးကွက်ထဲမှာ ဘရိုဇိုဗစ်ကို အပြီးသတ် ဝယ်ယူမှာ မဟုတ်ဘဲ ရာသီကုန်အထိသာ အငှားနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန် ကတော့ အငှားနဲ့ စေလွှတ်ဖို့ကို ဆန္ဒမရှိဘဲ ထိုက်တန်တဲ့ ငွေသား ကမ်းလှမ်းမှုကို မျှော်လင့်နေပါတယ်။ အစောပိုင်းမှာ ဘာဆာက သူတို့ရဲ့ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီနဲ့ အလဲအထပ် လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အင်တာက ငြင်းဆန်ခဲ့ပါတယ်။

အင်တာမီလန်က ဘရိုဇိုဗစ်ရဲ့ တန်ကြေးဟာ အိုင်ဗရီကို့စ် ကွင်းလယ်လူထက် ပိုမို များပြားသင့်တယ်လို့ ယူဆထားတာကြောင့် အသင်း ကနေ အပြီးသတ် ရောင်းထုတ်ဖို့ကိုပဲ ပိုပြီး ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ခရိုအေးရှား ကွင်းလယ်လူ ကတာ့ အင်တာရဲ့ အဓိက ကစားသမား အဖြစ် ကာလအတန်ကြာ ရှိနေခဲ့သူ ဖြစ်ပြီး လက်ရှိ အချိန်ထိ အားထားနေရဆဲ ကစားသမားလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်