နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူသေဆုံးပြီး အယောက် ၂၀၀ ကျော် ဒဏ်ရာရတဲ့ အထိ အောင်ပွဲခံခဲ့ကြတဲ့ နာပိုလီ ပရိသတ်များ၊ ဂျူဗင်တပ်စ်မှာ ဆက်နေလိုတဲ့ ပါရီဒက်စ် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

လူသေဆုံးပြီး အယောက် ၂၀၀ ကျော် ဒဏ်ရာရတဲ့ အထိ အောင်ပွဲခံခဲ့ကြတဲ့ နာပိုလီ ပရိသတ်များ၊ ဂျူဗင်တပ်စ်မှာ ဆက်နေလိုတဲ့ ပါရီဒက်စ် အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၆ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူသေဆုံးပြီး အယောက် ၂၀၀ ကျော် ဒဏ်ရာရတဲ့ အထိ အောင်ပွဲခံခဲ့ကြတဲ့ နာပိုလီ ပရိသတ်များ

နာပိုလီတို့ အူဒီးနီးစ်ကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေကစားကာ စီးရီးအေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တဲ့နောက် နာပိုလီ ပရိသတ်တွေ အကြီးအကျယ် အောင်ပွဲခံခဲ့ပြီး လူသေဆုံးတဲ့ အထိ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နာပိုလီ အတွက်တော့ ဒါဟာ (၁၉၉၀) ပြည့်နှစ် နောက်ပိုင်း၊ နှစ်ပေါင်း (၃၃) နှစ်ကြာမှသာ ပြည်တွင်း အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နာပိုလီ ပရိသတ်တွေဟာ နေပယ်လ်မြို့ ရင်ပြင်မှာ စုဝေး အောင်ပွဲခံခဲ့ကြပြီး ဒီအောင်ပွဲခံမှုမှာ လူတစ်ယောက် အသက် သေဆုံးတဲ့ အထိ ပစ်ခတ်ခံခဲ့ရသလို အနည်းဆုံး လူအယောက် (၂၀၀) အထိ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်စဥ် အတွင်းမှာတင် သေဆုံးသူ အပြင် အခြားသော လူ (၃) ယောက်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး နေပယ်လ်မြို့ ရဲတပ်ဖွဲ့ ကတော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။ နာပိုလီ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက အကြီးအကျယ် အောင်ပွဲခံဖို့ ပြင်ဆင်ထားတာ ဖြစ်ပြီး အူဒီးနီးစ်နဲ့ ပွဲအပြီးမှသာ တရားဝင် ချန်ပီယံ ဖြစ်ခဲ့တာကြောင့် အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 2.46
အာဆင်နယ် အာရှ အကျောပေး 0.00 @ 2.05
ဂိုး‌အောက် 2.75 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကွင်းထဲက မြက်ကိုပါ တူးယူသွားတဲ့ နာပိုလီ ပရိသတ်

နာပိုလီတို့ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့နောက် နာပိုလီ ပရိသတ် တစ်ယောက်ဟာ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံရင်း ကွင်း အတွင်းရှိ မြက်အချို့ကို တူးယူသွားခဲ့ကြောင်း သိရပါတယ်။

အူဒီးနီးစ်နဲ့ ကစားခဲ့တဲ့ စီးရီးအေ အဝေးကွင်း ပွဲစဥ်မှာ သရေတစ်မှတ် ရရှိခဲ့တဲ့နောက် နာပိုလီတို့ စကူဒက်တို ချန်ပီယံ ဖြစ်ဖို့ သေချာသွားခဲ့ပြီး ဧည့်သည် ပရိသတ်တွေဟာ ပွဲအပြီး ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံခဲ့ကြတာပါ။

ဒီလိုမျိုး အောင်ပွဲခံတဲ့ နေရာမှာ ပရိသတ်အချို့က နာပိုလီ ကစားသမား ပီအိုတာ ဇီလင်စကီးရဲ့ ဘောင်းဘီကို ချွတ်ယူသွားခဲ့သလို ပရိသတ် တစ်ယောက်က ထူးထူးခြားခြားပဲ ပြုမူခဲ့တာပါ။

အဆိုပါ ပရိသတ်ဟာ အူဒီးနီးစ်ကွင်း အတွင်းက မြက်အချို့ကို အမြစ် ကနေ တူးယူသွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပုံရိပ်တွေ ကတော့ မီဒီယာစာမျက်နှာတွေ အထက်မှာ ရေပန်းစားလျက် ရှိနေတာလည်း ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်မှာ ဆက်နေလိုတဲ့ ပါရီဒက်စ်

ပီအက်စ်ဂျီ ကနေ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ဟာ လာမယ့် ရာသီမှာလည်း အသင်း မှာသာ ဆက်ရှိလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီ ကနေ ဂျူဗင်တပ်စ်မှာ အငှားနဲ့ လာကစားနေတဲ့ ပါရီဒက်စ်

ပီအက်စ်ဂျီ ကနေ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ဟာ လာမယ့် ရာသီမှာလည်း အသင်း မှာသာ ဆက်ရှိလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အဆိုပါ အာဂျင်တီးနားသားရဲ့ အငှား စာချုပ်သက်တမ်းက လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဂျူဗင်တပ်စ် ကလည်း အပြီးသတ် ခေါ်ယူလိုခြင်း မရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီ မှာလည်း သူ့ရဲ့ အနာဂတ် မရှိတော့ဘဲ ပါရီဒက်စ် တစ်ယောက် လာမယ့် နွေရာသီမှာ အသင်းသစ် ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ ပါရီဒက်စ်က ကျွန်တော် အသင်းမှာ ပျော်ရွှင်နေကြောင်း၊ အားလုံး အတွက် အဆင်ပြေမယ့် ဖြေရှင်းနည်းကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ကြောင်း၊ ပုဂ္ဂိုလ်ရေး အရ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုလည်း တူရင်မြို့မှာ ပျော်ရွှင်နေကြောင်း၊ အဲ့ဒါကြောင့် ဂျူဗင်တပ်စ်မှာ ဆက်နေလိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်