နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရပ်တန့်လို့ မရတဲ့ ခြေစွမ်းနဲ့ စီးရီးအေကို ဦးဆောင်နေဆဲ နာပိုလီ၊ ဒီမာရီယာကို ဖောင်းထုပြီး ငပွကြီး လုပ်နေပြန်တဲ့ ကာဆာနို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရပ်တန့်လို့ မရတဲ့ ခြေစွမ်းနဲ့ စီးရီးအေကို ဦးဆောင်နေဆဲ နာပိုလီ၊ ဒီမာရီယာကို ဖောင်းထုပြီး ငပွကြီး လုပ်နေပြန်တဲ့ ကာဆာနို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရပ်တန့်လို့ မရတဲ့ ခြေစွမ်းနဲ့ စီးရီးအေကို ဦးဆောင်နေတဲ့ နာပိုလီ

စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီ ကတော့ မနေ့ည ကလည်း အမ်ပိုလီကို ၂-၀နဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယား ထိပ်ကနေ အမှတ်တွေ ထပ်ဖြတ်နိုင်ခဲ့ပြန်ပါပြီ။ အမ်ပိုလီ ဘက်က အစ္စမာ ဂျေးလ်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပြီး ဗစ်တာ အိုဆင်ဟန်က နောက်တစ်ဂိုး ထပ်သွင်းခဲ့လို့ ပထမပိုင်း ကတည်းက နာပိုလီတို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာပါ။

စီးရီးအေ
ဟဲလက်စ် ဗာရိုနီကာ
ဖီအိုရင်တီးနား
1X2 ဖီအိုရင်တီးနား @ 2.31
ဖီအိုရင်တီးနား အာရှ ဟန်းဒီးကပ် -0.25 @ 2.01
ဂိုးပေါ် 2.25 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်းမှာ ၆၇ မိနစ်မှာ နာပိုလီ ဘက်က မာရီယိုရူ ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း အမ်ပိုလီတို့ ချေပဂိုးတောင် မသွင်းနိုင်ခဲ့ပါဘူး။ နာပိုလီ ကတော့ ၁၀ ယောက်တည်းနဲ့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး နောက်ထပ် ဂိုးတွေ ရနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ၂ ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

နာပိုလီ ကတော့ အင်တာမီလန်တို့ မကစားခင်မှာ ၁၈ မှတ် အထိ ပြန်ဖြတ်ထားပြီး ဆုဖလား ရယူနိုင်ဖို့က သေချာသထက် သေချာလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ကျန် ပွဲက ၁၄ ပွဲသာ ကျန်ရှိတော့ပြီး နောက်ထပ် ၇ ပွဲ၊ ၈ ပွဲလောက်သာ သူတို့ ဆက်တိုက် အနိုင်ရခဲ့မယ် ဆိုရင် ရာသီမကုန်ခင်မှာပဲ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မှာပါ။


အေစီမီလန်နဲ့ ပွဲကို အဓိက ကစားသမား မပါဘဲ ရင်ဆိုင်ရမယ့် အတ္တလန္တာ

အေစီမီလန်နဲ့ ကစားရမယ့် အရေးကြီး အီတလီ စီးရီးအေ ပွဲမှာတော့ အတ္တလန္တာဟာ အဓိက ကစားသမားတွေ မပါဝင်ဘဲနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ နည်းပြ ဂီအန် ပီယာရို ဂက်စ်ပါရီနီက ထုတ်ပြန်ခဲ့တဲ့ လူစာရင်းမှာ တိုက်စစ်မှူး ဇာပါတာ၊ ကွင်းလယ်လူ ပါဆာလစ်တို့ ကျန်နေရစ်ခဲ့ပြီး တိုက်စစ်ပိုင်း သိသိသာသာ အားနည်းမယ့် အနေအထားမှာ ရှိနေပါတယ်။ 

လက်ချီကို အရေးနိမ့်ခဲ့မှု ကနေ ပြန်ရုန်းထွက်ရမယ့် ပွဲမှာ အားထားရတဲ့သူတွေ မပါဝင်တာကြောင့် အတ္တလန္တာ အတွက် ခက်ခဲမယ့် သဘောပါပဲ။ အဝေးကွင်းမှာ ကစားရမှာ ဖြစ်သလို အေစီမီလန် ကလည်း ဥရောပ ဝင်ခွင့် အတွက် အားကုန်ရုန်းနေတာကြောင့် အတ္တလန္တာတို့ ခက်ခဲမယ့် ပွဲတစ်ပွဲကို ရင်ဆိုင်ရမှာတော့ သေချာပါတယ်။ 

နောက်ခံလူ မာရစ်ချ် ဒီမီရယ်လ် ကလည်း တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံထားရလို့ ခံစစ်ပိုင်း မှာလည်း အားနည်းနေပြီး မာတင် ဒီရွန်းနဲ့ ဂျော်ဂျီယိုစကာဗီနီတို့ ပြန်လည်ပြီး ကစားနိုင်လို့သာ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ အတ္တလန္တာ ကတော့ စီးရီးအေမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၃ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ 


ဒီမာရီယာကို ဖောင်းထုပြီး ငပွကြီး လုပ်နေပြန်တဲ့ ကာဆာနို

စီးရီးအေ နာမည်ကျော် တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနိုက ဒီမာရီယာက ဂျူဗင်တပ်စ် အတွက် လုံလောက်တဲ့ ပုံစံကို မပြသနိုင်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။
နန့်စ်နဲ့ ပွဲမှာ ခြေစွမ်းပြပြီး ဟက်ထရစ် သွင်းနိုင်ခဲ့တဲ့ အိန်ဂျယ် ဒီမာရီယာ

စီးရီးအေ နာမည်ကျော် တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနိုက ဒီမာရီယာက ဂျူဗင်တပ်စ် အတွက် လုံလောက်တဲ့ ပုံစံကို မပြသနိုင်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒီမာရီယာဟာ နန့်စ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာ ဟက်ထရစ် သွင်းပြီး ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် ကာဆာနို ကတော့ အံ့အားသင့်ဖွယ်ရာ ဝေဖန်လိုက်တာပါ။

“ ဒီမာရီယာရဲ့ ခြေစွမ်းက မလုံလောက်သေးပါဘူး၊ ဘာလို့လဲ ဆိုတော့ ဥရောပမှာက ဘောလုံးက ကွဲပြား ခြားနားပါတယ်၊ သူက ဂျူဗီ အတွက် အပေါင်းလက္ခဏာ ဆောင်ပေမယ့် နန့်စ်နဲ့က အမြဲတမ်း ကစားနေရမှာ မဟုတ်ပါဘူး၊ သူ ၃ ဂိုး သွင်းနိုင်ပေမယ့်လည်း ပြိုင်ဘက်တွေက သူ့ကို အမြဲတမ်း နေရာလွတ်ပေးမှာမှ မဟုတ်တာပဲ” လို့ ကာဆာနိုက ပြောဆိုခဲ့တာပါ။

ကာဆာနို ကတော့ ကစားသမားဘ၀ ကနေ အနားယူပြီးတဲ့နောက် ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက အမြဲတမ်းလိုလို ကစားသမားတွေကို ပြစ်တင် ဝေဖန်မှုတွေ လုပ်နေတာ ဖြစ်ပြီး အီတလီသားတွေက လွဲရင် ကျန်ကစားသမားတွေကို ဖောင်းပတ်ထုနေတဲ့သူလို့ လူသိများပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်