အိုဆင်မ်ဟန်ကို လက်လွှတ်ရရင် အေဘရာဟမ်ကို ပြန်လည် ခေါ်ယူလိုတဲ့ နာပိုလီ၊ ချဲလ်ဆီးနဲ့ စပါး စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၇ ရက်နေ့ရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အိုဆင်မ်ဟန်ကို လက်လွှတ်ရရင် အေဘရာဟမ်ကို ပြန်လည် ခေါ်ယူလိုတဲ့ နာပိုလီ
အိုဆင်မ်ဟန် အတွက် နာပိုလီတို့ ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း (၁၅၀) သတ်မှတ်ထားပေမယ့် ဒီပမာဏ အထိ ပေးချေမယ့် ဥရောပ ထိပ်သီး အသင်း တစ်သင်း ရှိလာနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း နာပိုလီတို့ အိုဆင်မ်ဟန်ရဲ့ နေရာ အတွက် တိုက်စစ်မှူးသစ် ရှာဖွေနေရပြီး ရိုးမားမှာ အနာဂတ် မသေချာတဲ့ အေဘရာဟမ်ကို ပစ်မှတ်ထားလာခဲ့တာပါ။
အဆိုပါ အင်္ဂလန် တိုက်စစ်မှူး ကိုယ်တိုင် ကလည်း နည်းပြ ဟိုဆေး မော်ရင်ဟိုရဲ့ အနာဂတ် မသေချာမှုကြောင့် အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီး အက်စတွန်ဗီလာ ကလည်း အဆိုပါ စီးရီးအေ တိုက်စစ်မှူးကို ပစ်မှတ်ထားလျက် ရှိပါတယ်။
ချဲလ်ဆီး နည်းပြ ဖြစ်လာရင် လူကာကူနဲ့ ဆွေးနွေးသွားဖို့ ရှိတဲ့ ပိုချက်တီနို
မော်ရစ်စီယို ပိုချက်တီနိုဟာ ချဲလ်ဆီး ကိုသာ အမှန်တကယ် ကိုင်တွယ်ဖြစ်ခဲ့ရင် အင်တာမီလန်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူနဲ့ လာမယ့် နွေရာသီမှာ ဆွေးနွေးသွားဖို့ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။
အဆိုပါ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ စီးရီးအေ ကလပ်မှာ (၂) ရာသီ အငှားနဲ့ သွားရောက် ကစားနေတာ ဖြစ်ပြီး လာမယ့် နွေရာသီ မှာတော့ မိခင်ကလပ် ချဲလ်ဆီးကို ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့်လည်း လူကာကူ ပရီးမီးယားလိဂ်ကို ပြန်၊ မပြန်က ချဲလ်ဆီး နည်းပြသစ် ဖြစ်လာမယ့် ပုဂ္ဂိုလ် အပေါ် မူတည်နေပါတယ်။ လက်ရှိအချိန် မှာတော့ ပိုချက်တီနိုက ချဲလ်ဆီးကို ကိုင်တွယ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။
အဆိုပါ အာဂျင်တီးနား လူမျိုးနည်းပြဟာ လာမယ့်နွေရာသီ မှာတော့ လူကာကူရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ကာယကံရှင်နဲ့ တိုက်ရိုက် ဆွေးနွေးသွားဖို့ ရှိပြီး လူကာကူ တစ်ယောက် ချဲလ်ဆီးကို ပြန်လည် ရောက်ရှိလာဖွယ် ရှိပါတယ်။
အင်တာမီလန် ဂိုးသမားကို အပြိုင်အဆိုင် စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးနဲ့ စပါး
အိုနာနာဟာ ဒီရာသီမှာ အင်တာမီလန် အတွက် အဓိက ဂိုးသမား အဖြစ် အသုံးတော်ခံနေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း အသင်းနဲ့ အတူ ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ဂိုးသမား အက်ဒွါမန်ဒီ၊ ကီပါ အရစ်ဇာဘာလာဂါ တို့ကို သဘောကျ နှစ်သက်ခြင်း မရှိတော့တဲ့ ချဲလ်ဆီးက အိုနာနာကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
စပါး ကလည်း သူတို့ရဲ့ အဓိက ဂိုးသမား ဟူဂို လိုရစ် အသက်အရွယ် ရလာတာ၊ လက်စွမ်းကျလာတာတွေကြောင့် လာမယ့် နွေရာသီမှာ ဂိုးသမားသစ် ရှာဖွေဖို့ ပြင်ဆင်နေပြီး အိုနာနာကို ချဲလ်ဆီးနဲ့ အပြိုင် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အိုနာနာဟာ ပြီးခဲ့တဲ့ နွေရာသီကမှ စီးရီးအေကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး သူ (၇) နှစ်ကြာ ကစားပေးခဲ့တဲ့ အေဂျက်စ် ကနေ အင်တာမီလန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.