နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လွတ်ခ်မန်းက အိုဆင်ဟန်ထက် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ နိုင်ဂျီးရီးယား နည်းပြ၊ ကွန်တီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိတဲ့ အင်တာမီလန် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

လွတ်ခ်မန်းက အိုဆင်ဟန်ထက် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ နိုင်ဂျီးရီးယား နည်းပြ၊ ကွန်တီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေတဲ့ အင်တာမီလန် စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၁၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လွတ်ခ်မန်းက အိုဆင်ဟန်ထက် ပိုကောင်းကြောင်း နိုင်ဂျီးရီးယား နည်းပြဆို

နိုင်ဂျီးရီးယား လက်ရွေးစင် နည်းပြ ဂျိုဆေး ပီဆီရိုက အတ္တလန္တာ တိုက်စစ် ကစားသမား အဒီမိုလာ လွတ်ခ်မန်းက ဒီရာသီမှာ နာပိုလီ အတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်ထက် ပိုကောင်းကြောင်း ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ နိုင်ဂျီးရီးယားသား နှစ်ယောက်ဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ သက်ဆိုင်ရာ အသင်းတွေ အတွက် အသီးသီး ခြေစွမ်းပြနေပြီး လွတ်ခ်မန်း ကလည်း အတ္တလန္တာ အတွက် (၂၅) ပွဲ ကစား၊ သွင်းဂိုး (၁၂) ဂိုး သွင်းယူပေးထားပါတယ်။ အိုဆင်ဟန် ကလည်း စီးရီးအေရဲ့ဂိုးသွင်း ဘုရင်ဆုကို ရယူဖို့ ရေပန်းစားနေပြီး ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုပါ ခံနေရပါတယ်။

ဒါပေမယ့် ပီဆီရိုက လွတ်ခ်မန်းက အိုဆင်ဟန်ထက် နည်းစနစ်ပိုင်းအရ ပိုမို ကောင်းမွန်ကြောင်း၊ ပွဲကို အကောင်းဆုံး ဖန်တီးနိုင်ပြီး ဂိုးတွေလည်း သွင်းလာနိုင်ကြောင်း ချီးကျူး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


ကွန်တီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိတဲ့ အင်တာမီလန်

အင်တာမီလန်ဟာ လာမယ့် ဘောလုံးရာသီ အသစ် အတွက် အသင်းရဲ့ နည်းပြဟောင်း အန်တိုနီယို ကွန်တီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ကွန်တီဟာ အင်တာမီလန်နဲ့ အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြ တစ်ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာက စလို့ တော့တင်ဟမ်ဟော့စပါးကို ကိုင်တွယ်လျက် ရှိပါတယ်။

ကွန်တီ အနေနဲ့ စပါးမှာ မပျော်ရွှင်တော့ဘဲ အင်တာမီလန် ကလည်း သူတို့ရဲ့ လက်ရှိ နည်းပြ ဆီမြွန်နီ အင်ဇာဂီရဲ့ နေရာမှာ နည်းပြသစ် အဖြစ် အစားထိုး ခန့်အပ်ဖို့ စဥ်းစားလျက် ရှိပါတယ်။ သတင်းတွေ ကတော့ အင်တာမီလန်တို့ သူတို့ရဲ့ နည်းပြဟောင်း ကွန်တီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားလာနိုင်ဖွယ် ရှိကြောင်း ဖော်ပြနေကြပါတယ်။

ကွန်တီဟာ ဒီရာသီမှာ စပါးနဲ့ အတူ ဆုဖလား လက်မဲ့ ရာသီ တစ်ခုကို ဖြတ်သန်းဖို့ သေချာသွားပြီး အသင်း ဥက္ကဌ ဒန်နီရယ် လီဗိုင်းရဲ့ ပြင်ဆင် အားဖြည့်ပေးမှုတွေ အပေါ်မှာလည်း ကျေနပ်မှု မရှိဘူးလို့ သတင်းတွေ ဆက်တိုက် ထွက်‌ပေါ်နေပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
AFC ဘုန်းမောက်
1X2 သရေ (Draw) @ 3.80
ဂိုးပေါ် 2.50 @ 1.88
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လူကာကူကို ပြန်လည် ခေါ်ယူမယ့် ကိစ္စနဲ့ ပတ်သက်လို့ ဖွင့်ဟလာတဲ့ ပေါ်တာ

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက အင်တာမီလန်ကို အငှားချထားတဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူကို ပြန်ခေါ်ဖြစ်၊ မခေါ်ဖြစ်နဲ့ ပတ်သက်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မစတင်ခင်မှာ ချဲလ်ဆီးကို ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် ရာသီဝက်ကာလ မှာပဲ အသင်းနဲ့ ပြဿနာ တက်ခဲ့ပြီး လက်ရှိ မှာတော့ အင်တာမီလန်နဲ့ အတူ (၂) ရာသီ အငှားစာချုပ် ချုပ်ဆိုထားပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီ အစောပိုင်းမှာပဲ နည်းပြ အပြောင်းအလဲ ဖြစ်သွားခဲ့တာကြောင့် ပေါ်တာ အနေနဲ့ လူကာကူကို အငှားစာချုပ် မပြီးဆုံးခင်မှာတင် ပြန်လည် ခေါ်ယူနိုင်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ပေါ်တာ ကတော့ လူကာကူကို ပြန်လည် ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သက်လို့ လက်ရှိအချိန်မှာ စဥ်းစားဦးမှာ မဟုတ်ကြောင်း၊ လူကာကူက စီးရီးအေမှာ ရှိနေပြီး ကစားခွင့်ရနေကြောင်း၊ ရာသီကုန်မှသာ လူကာကူနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်