နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီမီလန်နဲ့ ပွဲမှာ ရင်ဘတ် စပွန်ဆာ အပြောင်းအလဲ လုပ်ခဲ့တဲ့ ရိုးမား၊ အိုနာနာ အတွက် ချဲလ်ဆီးရဲ့ အလိုက်ပေး ကမ်းလှမ်းမှုကို စိတ်မဝင်စားတဲ့ အင်တာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အေစီမီလန်နဲ့ ပွဲမှာ ရင်ဘတ် စပွန်ဆာ အပြောင်းအလဲ လုပ်ခဲ့တဲ့ ရိုးမား၊ အိုနာနာ အတွက် ချဲလ်ဆီးရဲ့ အလိုက်ပေး ကမ်းလှမ်းမှုကို စိတ်မဝင်စားတဲ့ အင်တာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၃၀ ရက်နေ့ရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အေစီမီလန်နဲ့ ပွဲမှာ ရင်ဘတ် စပွန်ဆာ အပြောင်းအလဲ လုပ်ခဲ့တဲ့ ရိုးမား

ရိုးမားဟာ မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ စီးရီးအေ ပွဲစဥ်မှာ ရင်ဘတ် စပွန်ဆာကို အပြောင်းအလဲ လုပ်ထားတဲ့ ဂျာစီ ဝတ်ဆင်ခဲ့ကြောင်း သိရှိရပါတယ်။ 

ပုံမှန်အားဖြင့် ရိုးမား ဂျာစီရဲ့ ရင်ဘတ် စပွန်ဆာ နေရာမှာ Digitalbits ရဲ့ လိုဂိုကို ထည့်သွင်း ဖော်ပြလေ့ ရှိပေမယ့် အဆိုပါပွဲ မတိုင်ခင်မှာ ငွေပေးချေမှု ကိစ္စရပ်နဲ့ ပတ်သက်လို့ နှစ်ဖက် အကြား ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရိုးမားတို့ အခုလိုပဲ သူတို့ရဲ့ ဂျာစီ စပွန်ဆာ နေရာကို အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပြီး အေစီမီလန်နဲ့ ပွဲမှာ SPQR ဆိုတဲ့ စာတန်း ပါဝင်တဲ့ ဂျာစီတွေကို ဝတ်ဆင်ကစားခဲ့ပါတယ်။ 

ဒီစာသားတွေရဲ့ အဓိပ္ပာယ်ကတော့ Senatus PopulusQue Romanus လို့ အဓိပ္ပာယ်ရပြီး လက်တင် ဘာသာစကားနဲ့ ရောမမြို့ရဲ့ အထက်လွှတ်တော်နဲ့ မြို့သူမြို့သားများ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ကြောင်း သိရှိရပါတယ်။ 

Crypto-Currency ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Digitalbitsရဲ့ လုပ်ရပ် အချို့ အပေါ် ရိုးမား ဘက်က ဒေါသ ပေါက်ကွဲခဲ့တာကြောင့်လည်း အခုလိုမျိုး အေစီမီလန်နဲ့ ပွဲမှာတင် ချက်ချင်း ဆိုသလိုပဲ ရင်ဘတ် စပွန်ဆာ အပြောင်းအလဲ လုပ်ထားတဲ့ ဂျာစီကို ရိုးမားတို့ ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။ 


အိုနာနာ အတွက် ချဲလ်ဆီးရဲ့ အလိုက်ပေး ကမ်းလှမ်းမှုကို စိတ်မဝင်စားတဲ့ အင်တာ

ဒါပေမယ့် စီးရီးအေ ကလပ် ဘက်ကတော့ အိုနာနာ အတွက် ငွေသားသီးသန့် ကိုသာ အလိုရှိနေပြီး ဒီကစားသမား အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို သန်း (၄၀) သတ်မှတ်ထားကြောင်း သိရှိရပါတယ်။
အနည်းဆုံး ယူရို သန်း (၄၀) ရမှ ဂိုးသမား အိုနာနာကို ရောင်းထုတ်မယ့် အင်တာမီလန်

အင်တာမီလန်ဟာ သူတို့ရဲ့ အဓိက ဂိုးသမား အန်ဒရီ အိုနာနာ အတွက် ချဲလ်ဆီးရဲ့ ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ 

ချဲလ်ဆီးဟာ အသင်းရဲ့ နံပါတ် (၁) ဂိုးသမား နေရာအတွက် အိုနာနာကို အလိုရှိနေတာ ဖြစ်ပြီး ဒီဂိုးသမားကို ခေါ်ယူဖို့ အသင်းရဲ့ ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါနဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စီးရီးအေ ကလပ် ဘက်ကတော့ အိုနာနာ အတွက် ငွေသားသီးသန့် ကိုသာ အလိုရှိနေပြီး ဒီကစားသမား အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို သန်း (၄၀) သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ 

ချဲလ်ဆီးဟာ ကီပါ အပြင် အခြားသော ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်ချိခ်၊ နောက်ခံလူ ထရီဗို့ချာလိုဘာ့ဂ် တို့နဲ့ပါ အလိုက်ပေးပြီး အိုနာနာကို ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ပေမယ့် အင်တာမီလန် ဘက်ကတော့ ငွေသား သီးသန့်သာ အလိုရှိနေကြောင်း သိရှိရပါတယ်။ 


အယ်လီဂရီရဲ့ နည်းဗျူဟာကို ကစားသမားတွေ မနှစ်သက်ကြောင်း သတင်းထွက်ပေါ်

ဂျူဗင်တပ်စ် ကစားသမားတွေဟာ အသင်း နည်းပြ မက်စ် အယ်လီဂရီရဲ့ နည်းဗျူဟာနဲ့ လူရွေးချယ်မှု အပိုင်းတွေကို သဘောကျ နှစ်သက်ခြင်း မရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

အဆိုပါ စီးရီးအေ ကလပ်ဟာ ဒီရာသီမှာ နိမ့်မြင့်တက်ကျမျိုးစုံနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး ကစားသမားတွေ ဘက်ကလည်း အသင်းရဲ့ အနေအထား အပြင် နည်းပြရဲ့ လုပ်ရည်ကိုင်ရည် ကိုပါ သဘောကျ နှစ်သက်ခြင်း မရှိကြောင်း သိရှိရပါတယ်။ 

စီးရီးအေ
အတ္တလန်တာ
စပီဇီယာ
1X2 စပီဇီယာ @ 7.20
စပီဇီယာ အာရှ ဟန်းဒီးကပ် +1.25 @ 2.01
ဂိုးပေါ် 2.75 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ်ရဲ့ နာမည်ကျော် ကစားသမား တစ်ယောက်က ကျွန်တော်တို့ ကြံ့ခိုင်မှု အပိုင်းအရ ပျက်စီးနေပြီ ဖြစ်ကြောင်း၊ အချိန်ပြည့် လူစာရင်းကို အပြောင်းအလဲ လုပ်နေတာက ကိုယ်ပိုင် ကစားဟန်ကို ထိခိုက်စေကြောင်း အယ်လီဂရီကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။  

အသက် (၅၅) နှစ် အရွယ် အယ်လီဂရီဟာ ဒီရာသီမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ကနေ ထွက်ခွာခဲ့ရမှု၊ စီးရီးအေ အမှတ်ပေး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့မှုတွေကြောင့် ဖိအား များပြားနေပြီး ရာသီကုန်မှာ ရာထူး ကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်