နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်မင်ဂျေးကို တစ်နှစ်လုပ်ခ ယူရို ၇ သန်း ပေးပြီး ခေါ်ယူချင်နေတဲ့ ယူနိုက်တက်၊ ဖရာတက်ဆီ အတွက် ကမ်းလှမ်းမှုတွေ မျှော်လင့်နေတဲ့ ဆာဆူအိုလို ဥက္ကဌ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ကင်မင်ဂျေးကို တစ်နှစ်လုပ်ခ ယူရို ၇ သန်း ပေးပြီး ခေါ်ယူချင်နေတဲ့ ယူနိုက်တက်၊ ဖရာတက်ဆီ အတွက် ကမ်းလှမ်းမှုတွေ မျှော်လင့်နေတဲ့ ဆာဆူအိုလို ဥက္ကဌ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကင်မင်ဂျေးကို တစ်နှစ် လုပ်ခ ယူရို ၇ သန်း ပေးပြီး ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

နာပိုလီက အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ကင်မင်ဂျေးကို စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေပေမယ့် မန်ချက်စတာယူနိုက်တက်က လစာငွေ ပိုပေးပြီး ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

La Repubblicaရဲ့ ဖော်ပြချက်အရ ကင်မင်ဂျေးရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း ၆၀ ဖြစ်ပြီး ဒီပမာဏ အတွက် သူ့ကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာမြို့ခံ နှစ်သင်းစလုံးက ပေးချေနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် ကတော့ ကိုရီးယား ခံစစ်မှူးကို လက်လွှတ်လိုခြင်း မရှိပဲ လစာငွေ တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေသလို စာချုပ် ဖျက်သိမ်းကြေး တိုးမြှင့်ဖို့ ရည်ရွယ်နေပါတယ်။ ဒါပေမယ့်လည်း ကင်မင်ဂျေး အနေနဲ့ နာပိုလီနဲ့ စာချုပ်သစ်ချုပ်ဆို ဖြစ်ခဲ့ရင် တစ်ရာသီ လုပ်ခ ယူရို ၄.၅ သန်းကျော်သာ ရရှိမှာ ဖြစ်ပြီး ယူနိုက်တက် ကတော့ ယူရို ၇ သန်း အထိ ပေးချေဖို့ အထိ အသင့် ရှိနေတယ်လို့ သိရပါတယ်။

ကင်မင်ဂျေးဟာ ဒီရာသီမှ အီတလီမြေကို ခြေချခဲ့ပေမယ့် နာပိုလီ အသင်းနဲ့ လျင်လျင်မြန်မြန် အသားကျခဲ့ပြီး စီးရီအေ ဖလား ရရှိဖို့ အတွက်လည်း အဓိက အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။


ဖရာတက်ဆီ အတွက် ကမ်းလှမ်းမှုတွေ မျှော်လင့်နေတဲ့ ဆာဆူအိုလို ဥက္ကဌ

ကွင်းလယ် ကြယ်ပွင့် ဒေးဗစ် ဖရာတက်ဆီ အတွက် ကမ်းလှမ်းမှု များစွာ လက်ခံရရှိထားတယ် ဆာဆူအိုလို အသင်းရဲ့ အမှုဆောင် အရာရှိချုပ် ဂျီယိုဗန်နီ ကာနီဗယ်လီက ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.50 @ 1.98
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကာနီဗယ်လီက အသက် ၂၃ နှစ် အရွယ် အီတလီသားကို စီးရီးအေ ထိပ်သီး အင်တာမီလန်က မကြာခင်မှာ ကမ်းလှမ်းလာဖွယ် ရှိတယ်လို့ ဆိုထားပြီး ပရီးမီးယားလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ဖရာတက်ဆီ အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာမှာ မရရှိသေးဘူးလို့ သိရပါတယ်။

ဖရာတက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ မွန်ဇာ ကနေ ဆာဆူအိုလိုကို ပြောင်းရွှေ့ခဲ့ပြီး ပွဲတိုင်းနီးပါး ပွဲထွက်ကစားခွင့် ရနေခဲ့သူ ဖြစ်ပါတယ်။ ဖရာတက်ဆီ ငယ်မွေးခြံပေါက် ကလပ် ရိုးမား ကလည်း ပြန်လည် ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်နေပြီး ဆာဆူအိုလို ကတော့ သူတို့ရဲ့ ကစားသမားကို အနည်းဆုံး ယူရို သန်း ၄၀ ရမှ လက်လွှတ်သွားဖွယ် ရှိနေပါတယ်။


အာနူတိုဗစ်ကို ခေါ်ယူသွားဖွယ် ရှိနေတဲ့ အေစီမီလန်

အေစီမီလန်က လာမယ့် နွေရာသီမှာ တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေပြီး အိုလစ်ဗီယာ ဂျရူးနဲ့ ရာဖေးလ် လီယောင်တို့ နှစ်ဦးသာ အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ 

အေစီမီလန် အသင်း အနေနဲ့ ရာသီကုန်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ဒီဗော့ခ် အိုရီဂီ၊ အသက်အရွယ် ရလာတဲ့ အန်တီ ရီဘစ်ခ်နဲ့ ဇလာတန် အီဗရာဟီမိုဗစ် တို့အပြင် ဂျူနီယာ မက်ဆီယာ ကိုလည်း လက်လွှတ်သွားဖွယ် ရှိနေပြီး တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ 

လက်ရှိ မှာတော့ ဘိုလော့ဂ်နာ တိုက်စစ်မှူး မာကို အာနူတိုဗစ်ကို မျက်စိကျနေတယ်လို့ သိရပြီး ကစားသမား ကိုယ်တိုင် ကလည်း အေစီမီလန်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ဩစတြီးယား လက်ရွေးစင်ဟာ အသက်အရွယ်အားဖြင့် ၃၅ နှစ် နီးပါး ရှိနေပေမယ့် စီးရီးအေနဲ့ အသားကျပြီးသား ဖြစ်သလို အတွေ့အကြုံရင့်ပြီး အဆုံးသတ်ပိုင်း အတွက် စိတ်ချနေရဆဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် မီလန်ရဲ့ အကြီးအကဲတွေ ဖြစ်တဲ့ ပေါ်လို မာလ်ဒီနီနဲ့ ရစ်ကီ မက်ဆာရာ တို့က အာနူတိုဗစ်ကို သဘောကျနေပြီး မကြာခင်မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်