နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမား ၃ ဦးအထိ ရောင်းချဖို့ ပြင်ဆင်ထားတဲ့ အေစီမီလန်၊ ဂျူဗီ မှာတုန်းက လစာ ကိစ္စကြောင့် ၁ လ ပွဲပယ်ခံရဖွယ် ရှိနေတဲ့ ဒီဘားလား (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ကစားသမား ၃ ဦးအထိ ရောင်းချဖို့ ပြင်ဆင်ထားတဲ့ အေစီမီလန်၊ ဂျူဗီ မှာတုန်းက လစာ ကိစ္စကြောင့် ၁ လ ပွဲပယ်ခံရဖွယ် ရှိနေတဲ့ ဒီဘားလား စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမား ၃ ဦးအထိ ရောင်းချဖို့ ပြင်ဆင်ထားတဲ့ အေစီမီလန်

အီတလီ စီးရီးအေ ကလပ် အေစီမီလန်ဟာ ဘာစီလိုနာ ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ ဆာဂျင်နိုဒက်စ်ကို ရာသီကုန်မှာ စာချုပ်ချုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အန်တီ ရီဘစ်၊ ဖိုဒီ ဘယ်လိုတိုရေးနဲ့ ယာဆိုင် အဒီလီ တို့ကိုလည်း ရောင်းချဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ အေစီမီလန်က ကစားသမား လုပ်အားခတွေကို လျှော့ချမှာ ဖြစ်ပြီး ကစားသမားတွေကို အသင်းက ထွက်ခွာစေမှာလည်း ဖြစ်ပါတယ်။ ဒီကစားသမား ၄ ဦး ထွက်ခွာမယ် ဆိုရင် လုပ်အားခ ယူရို ၁၅ သန်း အထိ သက်သာမှာ ဖြစ်ပြီး အသင်း အတွက် တော်တာ်လေး အဆင်ပြေစေမှာပါ။

ဆာဂျင်နို ဒက်စ်ကို ယူရိုသန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့် ရှိပေမယ့်လည်း အေစီမီလန်က လက်လွှတ်ခံတော့မှာပါ။ ဒါ့အပြင် ဒီရာသီမှာ ပွဲ ၂၀ ကစားပြီး ၃ ဂိုးသာ သွင်းယူထားနိုင်တဲ့ ရီဘစ်ကို ရောင်းချမှု ကနေလည်း ငွေကြေး အနည်းငယ် ရရှိမယ်လို့ အေစီမီလန်က မျှော်လင့်ထားပါတယ်။


အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ရေပန်းစားလာတဲ့ အိုဆင်ဟန်

စီးရီးအေ ကလပ် နာပိုလီရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်ဟာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ဆာဒီယို မာနေး၊ မိုဟာမက် ဆာလာ တို့ကို ကျော်ဖြတ်ကာ ရယူနိုင်လိမ့်မယ်လို့ နိုင်ဂျီးရီးယား ဂန္ထဝင်ကစားသမား ဗစ်တာ အီပီဘာက ချီးကျူးသွားခဲ့ပါတယ်။

စီးရီးအေ
အမ်ပိုလီ
နာပိုလီ
1X2 နာပိုလီ @ 1.43
ဂိုးပေါ် 3.00 @ 2.12
ဂိုးပေါင်း 2-3 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုဆင်ဟန်ဟာ ဖရန့်ခ်ဖတ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ မှာလည်း သွင်းဂိုး တစ်ဂိုး ရယူခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။ သူက စီးရီးအေ မှာလည်း သွင်းဂိုး အများဆုံးနဲ့ ရွှေဖိနပ်ဆုကို ချိန်ရွယ်နေကာ ကစားသမားဘ၀ အကောင်းဆုံး အခိုက်အတန့်ကို ပိုင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

၁၉၉၇ မှာ အာဖရိက အကောင်းဆုံး ကစားသမားဆု ရခဲ့ဖူးတဲ့ အီပီဘာက “ ၂၀၂၃ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရဖို့ အိုဆင်ဟန်က အာဖရိကဖလားကို ဆွတ်ခူးနိုင်စရာ မလိုပါဘူး၊ နာပိုလီက စီးရီးအေ ဖလားရခဲ့မယ်၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်၊ ဒါမှမဟုတ် ဗိုလ်လုပွဲကို ရောက်ခဲ့မယ် ဆိုရင် ဒီဆုက သူ့အတွက် ဖြစ်လာနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


ဂျူဗီ မှာတုန်းက လစာကိစ္စကြောင့် ၁ လ ပွဲပယ်ခံရဖွယ် ရှိနေတဲ့ ဒီဘားလား

စီးရီးအေ ကလပ် ရိုးမား အသင်းရဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားဟာ ဂျူဗင်တပ်မှာ ကစားစဉ်တုန်းက လစာ ကိစ္စ အရှုပ်အရှင်းတွေကြောင့် ၁ လကြာ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။
ဂျူဗီ ဆီကနေ လျော်ကြေး ပေါင် ၃ သန်း လက်ခံခဲ့တယ်လို့လည်း စွပ်စွဲခံနေရတဲ့ ဒီဘားလား

စီးရီးအေ ကလပ် ရိုးမား အသင်းရဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားဟာ ဂျူဗင်တပ်မှာ ကစားစဉ်တုန်းက လစာ ကိစ္စ အရှုပ်အရှင်းတွေကြောင့် ၁ လကြာ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကာလမှာ ဒီဘားလား အပါအဝင် အခြား ဂျူဗီ ကစားသမားတွေက အသင်း ဆီကနေ လုပ်အားခ ၄ လစာ မယူခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ဟာ လုပ်အားခ ၃ လစာစီ လက်ခံ ရရှိခဲ့တယ်လို့ သိရပြီး ဂျူဗီဘက် ကကတော့ အဆိုပါ ပေးချေမှုကို စာရင်းသွင်းခြင်း မရှိဘဲ လျှို့ဝှက် ပေးချေခဲ့တာလို့ တွေ့ရှိခဲ့တာပါ။ ဒါကြောင့် နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဆောင်ကာ ဒါက ဟုတ်မှန်ခဲ့တယ် ဆိုရင် ဒီဘားလား တစ်ယောက် ပွဲပယ်ခံရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒီဘားလားဟာ ဂျူဗီနဲ့ စာချုပ် သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ပြီးနောက်မှာလည်း လျော်ကြေး ယူရို ၃ သန်း ရရှိခဲ့တယ်လို့ စုံစမ်းရေးမှူးတွေက ယုံကြည်နေပါတယ်။ ဂျူဗီ ကတော့ အဆိုပါ ပမာဏကို သူတို့ရဲ့ လက်ကျန် ရှင်းတမ်းမှာ ထည့်သွင်း ဖော်ပြခဲ့ရာမှာ Provision of Risk အဖြစ်နဲ့သာ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်