နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်ကြောင်း ထုတ်ပြောလာတဲ့ နာပိုလီ ကြယ်ပွင့်၊ ဖေမီနိုကို စီးရီးအေ ထိပ်တန်း အသင်း ၃ သင်းက စိတ်ဝင်စားနေ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်ကြောင်း ထုတ်ပြောလာပြီ ဖြစ်တဲ့ နာပိုလီ ကြယ်ပွင့်၊ ဖေမီနိုကို စီးရီးအေ ထိပ်တန်း အသင်း ၃ သင်းက စိတ်ဝင်စားနေ စတဲ့ သတင်းတွေ အပါအဝင် မတ် ၅ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်ကြောင်း သွယ်ဝိုက် ဖွင့်ဟခဲ့တဲ့ နာပိုလီ ကြယ်ပွင့်

နာပိုလီရဲ့ အဓိကတိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်က နာမည်ကျော် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ အတွက် သွယ်ဝိုက် ဝန်ခံ ပြောကြားမှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး တို့က စိတ်ဝင်စားနေပြီး နာပိုလီ ကတော့ သူတို့ရဲ့ အဓိက ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၂၀) အထိ တောင်းဆိုသွားဖွယ် ရှိပါတယ်။

အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အဆိုပါ စီးရီးအေ ကလပ်ရဲ့ တိုက်စစ်မှူး အိုဆင်ဟန် ကတော့ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရရှိဖို့က ကစားသမား အားလုံးရဲ့ အိပ်မက် တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

အိုဆင်ဟန်ဟာ ဒီရာသီမှာ နာပိုလီ အတွက် (၂၆) ပွဲ ကစား၊ သွင်းဂိုး (၂၁) ဂိုး သွင်းယူထားကာ စီးရီးအေရဲ့ ဂိုးသွင်း ဘုရင်ဆုကို ဆွတ်ခူးနိုင်ဖို့ အတွက် ထိပ်ဆုံးက‌ ရေပန်းစားလျက် ရှိပါတယ်။


ဖေမီနိုကို စီးရီးအေ ထိပ်တန်း အသင်း ၃ သင်းက စိတ်ဝင်စားနေ

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဘရာဇီးလ် တိုက်စစ်မှူး ရော်ဘတ်တို ဖေမီနိုကို ခေါ်ယူဖို့ စီးရီးအေ ထိပ်တန်း အသင်းကြီး ၃ သင်းက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
လာမယ့် နွေရာသီမှာ လစ်ဗာပူးလ် ကနေ အလွတ်နဲ့ ထွက်ခွာတော့မယ့် ဖေမီနို

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဘရာဇီးလ် တိုက်စစ်မှူး ရော်ဘတ်တို ဖေမီနိုကို ခေါ်ယူဖို့ စီးရီးအေ ထိပ်တန်း အသင်းကြီး ၃ သင်းက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဒီ ၃ သင်း ကတော့ မီလန် မြို့ခံ နှစ်သင်း ဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်၊ နာမည်ကြီး ဂျူဗင်တပ်စ်တို့ ဖြစ်ပြီး လက်ရှိအချိန် ကတည်းက ဖေမီနို အတွက် လှုပ်ရှားသွားဖို့ ပြင်ဆင်နေပါတယ်။

ဖေမီနိုဟာ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်က ထွက်ခွာတော့မယ့်အကြောင်း နည်းပြ ယာဂင် ကလော့ပ်ထံ အသိပေးထားပြီး အသင်း ဘက်ကလည်း ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်း သတင်းတွေက အခိုင်အမာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအနေအထားအရတော့ ဖေမီနိုကို ခေါ်ယူဖို့ အင်တာမီလန်က ဖြစ်နိုင်ချေ အရှိဆုံး ဖြစ်ပြီး ဂျူဗင်တပ်စ် ကတော့ အသင်းရဲ့ လက်ရှိ အခြေအနေတွေကြောင့် ဖေမီနိုလို ကစားသမားမျိုးကို ဆွဲဆောင်နိုင်ဖို့ ခက်ခဲဖွယ် ရှိပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ချဲလ်ဆီး
ဒေါ့မွန်
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -0.50 @ 1.94
ဂိုးပေါ် 2.75 @ 2.14
ဂိုးပေါင်း 0-1 @ 3.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နာပိုလီကို ဖိအားနိုင်သင့်ကြောင်း အင်တာမီလန် ဒုဥက္ကဌ ဇနက်တီ မချင့်မရဲ ပြောကြား

အင်တာမီလန်ရဲ့ ဒုတိယ ဥက္ကဌ ဟာဗီယာ ဇနက်တီက အသင်း အနေနဲ့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ နာပိုလီကို ဖိအားပေးနိုင်သင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီမှာ နာပိုလီက စီးရီးအေ မှာရော၊ ဥရောပ မှာပါ ခြေစွာနေတဲ့ အသင်း တစ်သင်း ဖြစ်ပြီး နည်းပြ လူစီယာနို စပယ်လက်တီ အောက်မှာ တော်တော်လေး ကောင်းမွန်တဲ့ အနေအထား တစ်ရပ်ကို ရောက်ရှိနေပါတယ်။

ဇနက်တီ ကတော့ နာပိုလီ အနေနဲ့ စပယ်လက်တီ လက်ထက်မှာ ထိပ်တန်း ရာသီ တစ်ခုကို ပိုင်ဆိုင်ထားကြောင်း၊ ဒါပေမယ့် အင်တာမီလန် အနေနဲ့လည်း အမှတ်မလျော့သင့်တဲ့ ပွဲတွေမှာ အမှတ်လျော့ခဲ့ကြောင်း၊ အားလုံး အတူတကွ ပိုမို ပေးဆပ်ရမှာ ဖြစ်ကြောင်းနဲ့ ဒီလိုမှ မဟုတ်ရင်တော့ စိတ်ပျက်စရာ ရာသီ တစ်ခု ဖြစ်လာဖို့ ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန်ဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး တစ်ပွဲလျော့ (၁၈) မှတ်ကွာ အနေအထား အထိ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်