နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၃/၈/၂၀၂၂)

ဩဂုတ်လ ၃ ရက်နေ့ရဲ့ နောက်ဆုံးရ စီးရီးအေ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


“ဒီဘားလား အတွက် မော်ရင်ဟိုက သင့်တော်တဲ့ နည်းပြ တစ်ယောက် ဖြစ်ပါတယ်” – ရော်နယ်ဒို

ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးဟောင်း၊ လက်ရှိ လာလီဂါ ကလပ် ရီးရဲယ် ဗယ်လာဒိုးလစ် ဥက္ကဌ ရော်နယ်ဒို နာဇာရီုယိုက ပေါ်လို ဒီဘားလား အတွက် မော်ရင်ဟိုဟာ သင့်တော် မှန်ကန်တဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

ဒီဘားလားဟာ လက်ရှိ နွေရာသီမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် မော်ရင်ဟိုရဲ့ စည်းရုံးမှုနဲ့ အတူ နောက်ထပ် စီးရီးအေ အသင်းကြီး တစ်သင်း ဖြစ်တဲ့ ရိုးမားကို ၃ နှစ် စာချုပ်နဲ့ ရောက်ရှိသွားခဲ့သူ ဖြစ်ပါတယ်။

ဒီအပေါ်မှာ ရော်နယ်ဒိုက “မော်ရင်ဟိုက သူဖြစ်ချင်တဲ့ အတိုင်း မင်းကို လုပ်စေချင်ပါလိမ့်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် ကလည်း မင်းကို ရွေးချယ်ခွင့် ပေးဦးမှာပါ။ ဒီဘားလား အတွက် မော်ရင်ဟိုက သင့်တော်တဲ့ နည်းပြ တစ်ယောက် ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ဒီဘားလားက ရောမမြို့မှာ ပရိသတ် အားလုံးရဲ့ စံပြ ပုဂ္ဂိုလ် ဖြစ်လာနိုင်ပါတယ်။ ရိုးမား ကလည်း လာမယ့် ရာသီ အသင်းတိုင်း အတွက် အကြီးမားဆုံး အန္တရာယ် တစ်ခု ဖြစ်လာပါပြီ” ရော်နယ်ဒိုက သူ့ရဲ့ အမြင်ကို သုံးသပ် သွားခဲ့ပါသေးတယ်။

ဘန်ဒက် လီဂါ
SC ဖရိုင်းဘတ်
ဒေါ့မွန်
1X2 ဒေါ့မွန် @ 2.38
ဂိုးပေါ် 3.00 @ 1.87
ဒေါ့မွန် အာရှ ဟန်းဒီးကပ် -0.25 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကွင်းလယ်လူတွေချည်းပဲ ဒဏ်ရာရနေတဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ နောက်ထပ် ကွင်းလယ်လူ ဝက်စ်တန်း မက်ကင်နီဟာ ပခုံး ဒဏ်ရာကြောင့် ၃ ပတ်ခန့် အနားယူရတော့မယ်လို့ သိရပါတယ်။ မက်ကင်နီဟာ အမေရိကန် ခြေစမ်းပွဲ ခရီးစဥ် အတွင်း ဒဏ်ရာရခဲ့တာ ဖြစ်ပြီး လက်တလော ကွင်းလယ်ပိုင်း အားနည်းနေတဲ့ ဂျူဗင်တပ်စ်တို့ တစ်ပူပေါ် နှစ်ပူ ဆင့်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မက်ကင်နီ အနေနဲ့ ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းတွေကို ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကလည်း ခြေဖဝါးရိုးကျိုး ဒဏ်ရာ ရရှိခဲ့ဖူးပြီး ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် တစ်ရာသီလုံးနီးပါး ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန် ခြေစမ်းပွဲ ခရီးစဥ်မှာပဲ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ပေါ့ဘာ ကတော့ ရက်ပိုင်း အတွင်း ခွဲစိတ်ကုသမှု ခံယူဖို့ ရှိနေတာကြောင့် အခုက စပြီး နောက်ထပ် ၅ ပတ်လောက် အနားယူရဖို့ သေချာသွားခဲ့ပါတယ်။ အဓိက, ကတော့ ပြင်သစ် ကွင်းလယ်လူ အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို ပါဝင်ဆင်နွှဲချင်တာကြောင့် အခုလို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပေါ့ဘာရဲ့ ဆုံးဖြတ်ချက်ဟာ သူနဲ့ ပြင်သစ် လက်ရွေးစင် အသင်း အတွက် အဆင်ပြေခဲ့ပေမယ် ဂျူဗင်တပ်စ် အတွက်တော့ နစ်နာစရာ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီကြားထဲ အာရွန် ရမ်ဆေး ကိုပါ စာချုပ် ဖျက်သိမ်းပေးခဲ့တဲ့ ဂျူဗီတို့ ရာသီသစ် မစတင်ခင် နောက်ထပ် ကွင်းလယ်လူ တစ်ဦး မဖြစ်မနေ ခေါ်ယူရေး အားစိုက်ရတော့မှာလည်း ဖြစ်ပါတယ်။


ဘယ်လော့တီကို ၃ နှစ် စာချုပ်နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ရိုးမား

တိုရီနို တိုက်စစ်မှူးဟောင်း အန်ဒရီယာ ဘယ်လော့တီ ကတော့ ရိုးမားကို ပြောင်းရွှေ့ဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။ စီးရီးအေ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဘယ်လော့တီဟာ တိုရီနိုနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး နောက်ဆုံး မှာတော့ ရောမ ကလပ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က ဘယ်လော့တီကို လာကာဇက် နေရာမှာ အစားထိုးဖို့ စဉ်းစားခဲ့ဖူးသလို လက်ရှိ မှာလည်း အင်္ဂလန် ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်း၊ နယူးကာဆယ်နဲ့ အဲဗာတန် တို့က စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ စီးရီးအေ အသင်းကြီး ဖြစ်တဲ့ ဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စားခဲ့သေးပေမယ့် တခြား ပစ်မှတ်တွေကို ဦးစားပေး ကြိုးပမ်းနေရလို့ ဘယ်လော့တီကို ကမ်းလှမ်းဖို့ မပြင်ဆင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

သတင်းတွေအရ ရိုးမားတို့ အသက် ၂၈ နှစ် အရွယ် အီတလီ လက်ရွေးစင် အတွက် ပြောင်းရွှေ့ကြေး ပေးချေဖို့ မလိုပေမယ့် လုပ်ခ လစာ အနေနဲ့ ကတော့ အပိုဆုကြေး အပါအဝင် တစ်နှစ်လုပ်ခ ပေါင် ၃ သန်းနီးပါး ပေးချေရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ဘယ်လော့တီ ရောက်ရှိလာတာကြောင့် ရိုးမားတို့ ဥဇဘက်ကစ္စတန် တိုက်စစ်မှူး အဲလ်ဒေါ ရှိုမာရိုဒေါ့ဗ်နဲ့ စပိန် တိုက်စစ်မှူး ကားလ်စ် ပီရက်ဇ် တို့ကို ရောင်းထုတ်ဖို့ ဆက်ပြီး စီစဉ် ဆောင်ရွက်ရဦးမယ်လို့ သိရပါတယ်။ တမ်မီ အေဘရာဟမ်၊ ဒီဘားလား၊ ဒန်နီယိုလို၊ ဖီးလစ် အဖီနာဂျန်တို့ ရှိပြီးသားကိုမှ ဘယ်လော့တီ ပါ ထပ်ပြီး ရောက်လာရင်တော့ ပြိုင်ဘက် အသင်းတွေ အနေနဲ့ ရိုးမား တိုက်စစ်ကို မဖြစ်မနေ သတိထား ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် သတင်းတွေ အရဆိုရင် မော်ရင်ဟို အနေနဲ့ အေဘရာဟမ် နေရာမှာ အရန်သင့် သုံးနိုင်ဖို့ အတွက် ဘယ်လော့တီကို ခေါ်ယူခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်