နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၉/၈/၂၀၂၂)

ဩဂုတ်လ ၉ ရက်နေ့ရဲ့ နောက်ဆုံးရ စီးရီးအေ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မာဆေးလ်ကို ပြောင်းရွှေ့တော့မယ့် ဆန်းချက်ဇ်

အင်တာမီလန် အသင်းရဲ့ ချီလီ လက်ရွေးစင် တိုက်စစ်ကစားသမား အလက်ဆစ် ဆန်းချက်ဇ်ဟာ အသင်းနဲ့ နှစ်ဖက် သဘောတူ လမ်းခွဲခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒီနောက် ဒီကစားသမားဟာ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ်ကို ပြောင်းရွှေ့တော့မှာလည်း ဖြစ်ပါတယ်။ ဆန်းချက်ဇ်ကို ခေါ်ယူဖို့ မာဆေးလ်က စိတ်ဝင်စားခဲ့ပြီး အခုချိန်မှာတော့ ၂၀၂၄ ဇွန်လ အထိ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။

ဆန်းချက်ဇ်ဟာ အခု တစ်ပတ် အတွင်းမှာပဲ မာဆေးလ်မြို့ကို သွားရောက်မှာ ဖြစ်ပြီး ဆေးစစ်မှု ခံယူကာ တရားဝင် စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ စီးရီးအေ ကလပ် အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဖြစ်တာကြောင့် မာဆေးလ်က ဒီကစားသမားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
အင်တာမီလန်ဟာ တိုက်စစ်က ဒီဂျက်ကို၊ ဆန်းချက်ဇ်နဲ့ ညာနောက်ခံလူ နေရာက ဒမ်းဖရိုင်းစ် တို့ကို အရောင်းစာရင်း တင်ထားခဲ့ပြီး အခုချိန်မှာတော့ ဆန်းချက်ဇ်ကို လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန် တိုက်စစ်မှာ လူကာကူနဲ့ လော်တာရိုမာတီနက်ဇ်တို့ ရှိနေပြီး ဘဏ္ဍာရေး ပြဿနာတွေ ရှိနေတာကြောင့်လည်း အခုလိုပဲ ကစားသမားတွေကို ရှင်းထုတ်နေတာဖြစ်ပါတယ်။


ဒီပိုင်းနဲ့ မူရီယယ် အတွက် ကုန်ကျစရိတ်ကို နှိုင်းယှဥ် တွက်ချက်နေတဲ့ ဂျူဗင်တပ်စ်

ဒီပိုင်း အတွက် ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင် သတ်မှတ်ထားပြီး စီးရီးအေ အတွေ့အကြုံရှိပြီးသား မူရီယယ် အတွက်လည်း ပြောင်းရွှေ့ကြေးက မတိမ်းမယိမ်း ကုန်ကျနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
စီးရီးအေ အတွေ့အကြုံ ပိုများပြီး ပိုပြီး ဈေးသက်သာမယ့် မူရီရယ်ကို ခေါ်ယူဖို့ များနေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူးသစ် တစ်ဦး ထပ်မံ ခေါ်ယူဖို့ အတွက် ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းနဲ့ အတ္တလန္တာ တိုက်စစ်မှူး လူးဝစ် မူရီယယ်တို့ နှစ်ဦး အနက် ဘယ်ကစားသမားကို ခေါ်ယူရမလဲ ဆိုတာကို နှိုင်းယှဥ် ချိန်ဆနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်ဟာ မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ပြောင်းရွှေ့ကြေး အဆင်မပြေတဲ့နောက် အခြားသောပစ်မှတ်တွေကိုသာ ရွေးချယ်စဥ်းစားနေတာဖြစ်ပါတယ်။ ဒီပိုင်း အတွက် ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင် သတ်မှတ်ထားပြီး စီးရီးအေ အတွေ့အကြုံရှိပြီးသား မူရီယယ် အတွက်လည်း ပြောင်းရွှေ့ကြေးက မတိမ်းမယိမ်း ကုန်ကျနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒီအနေအထားမှာ မူရီယယ်က ဒီပိုင်းထက် လစာငွေ တောင်းဆိုမှု ပိုမို နည်းပါးနိုင်သလို စီးရီးအေ အကြောင်းကိုလည်း ကောင်းကောင်း သိထားတာကြောင့် ဂျူဗင်တပ်စ်တို့ မူရီယယ် ကိုသာ ဦးစားပေး ခေါ်ယူဖွယ် ရှိနေပါတယ်။ ဂျူဗင်တပ်စ်ဟာ ကွင်းလယ်လူ အာသာမယ်လိုနဲ့ ဗလင်စီယာ ကွင်းလယ်လူ ကားလို့စ် ဆိုလာ တို့ကိုလည်း အလဲအထပ် လုပ်ဖို့ သတင်းတွေ ထွက်နေပါတယ်။


ဒေါ့မန် နောက်ခံလူကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အင်တာမီလန်

ပရီးမီးယား လိဂ်
ဘရိုက်တန်
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ @ 3.15
ဂိုးအောက် 2.00 @ 2.33
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စီးရီးအေ ထိပ်သီး အင်တာမီလန် ကတော့ ဒေါ့မန် နောက်ခံလူ မန်ဝဲလ် အကန်ဂျီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီ ဂျာနယ်လစ် မာကို ဘာဇာဂီက ပြောပါတယ်။ ဒေါ့မန် ကလည်း အကန်ဂျီကို အသင်း လူစာရင်းထဲတောင် မထည့်သွင်းတော့ဘဲ ရောင်းထုတ်ဖို့ ပြင်ဆင်ထားပါတယ်။

ဒေါ့မန်တို့ ဒီကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ အလိုရှိနေပြီး အင်တာမီလန် ဘက်ကတော့ ယူရို ၁၀ သန်းသာ ပေးချေလိုနေပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ စာချုပ် သက်တမ်း ကလည်း နောက်ဆုံးနှစ် အတွင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း အင်တာမီလန်က ယူရို (၁၀) သန်းနဲ့ မခေါ်ယူနိုင်ခဲ့ရင်တောင် လာမယ့် နွေရာသီ မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အသင်းရဲ့ နောက်ခံလူ ရှခရီနီယာရဲ့ အနာဂတ်ကိုလည်း အင်တာမီလန် နည်းပြ အင်ဇာဂီက စောစောစီးစီး ဆုံးဖြတ်စေချင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်