နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းတက် ကလပ် ကိုမိုကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တဲ့ ဗာရန်း | စီးရီးအေ

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရာဖေးလ် ဗာရန်း ကတော့ ဆက်စ် ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ အီတလီ စီးရီးအေ တန်းတက် ကလပ် ကိုမို အသင်းဆီ ပြောင်းရွှေ့ ကစားတော့မယ့်လို့ သိရပါတယ်။

ထုံးစံအတိုင်း ဒီသတင်း ကိုတော့ နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက တင်ပြလာခဲ့တာ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေ အရ ရာဖေးလ် ဗာရန်းဟာ စီးရီးအေ ကလပ်ငယ်လေး ကိုမိုရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး အပြောင်းအရွှေ့ဟာလည်း မကြာခင် အပြီးသတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဗာရန်းဟာ ကိုမိုရဲ့ ပရောဂျက်တွေကို သဘောကျနေခဲ့တာ ဖြစ်ပြီး စာချုပ် စာတမ်း ကိစ္စတွေ အတွက်သာ အနည်းငယ် အချိန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗာရန်းက ကိုမို အသင်းထံ ပြောင်းရွှေ့ဖို့ ဗာရန်း ဘက်က ခေါင်းညှိတ်လိုက်တာ ဖြစ်ပါတယ်။

ကိုမိုဟာ သူတို့ အသင်းရဲ့ ကစားသမားဟောင်း ဆက်စ် ဖာဘရီဂတ်စ်ကို အသင်း နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီးနောက် စီးရီးအေ ကို တန်းတက်ကစားခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ထိပ်တန်းလိဂ် တစ်ခုမှာ ဝင်ရောက် ကစားဖို့ အတွက် ကစားသမားကောင်း တချို့ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်တာကြောင့် ဗာရန်းလို ထိပ်တန်း နောက်ခံလူ တစ်ဦးကို အသင်းဆီ အရ ခေါ်ယူခဲ့ခြင်းတာ ဖြစ်ပါတယ်။ ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် အဓိကကျခဲ့သူ ကလည်း နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ် အရွယ် ပြင်သစ် ဝါရင့် နောက်ခံလူ ဗာရန်းဟာ ပြီးခဲ့တဲ့ ရာသီအကုန်က မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် သူ့ကို ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ကလပ်တွေက အဓိက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗာရန်းကို ဥရောပထိပ်သီး ကလပ်တွေ ကလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗာရန်းကို ခေါ်ယူနိုင်ဖို့ ကိုမိုက အရှိန်အဟုန်မြှင့် ကြိုးပမ်းခဲ့သလို ဒီအသင်းရဲ့ အနာဂတ် ရည်ရွယ်ချက်တွေ ကလည်း ကောင်းမွန်နေတာကြောင့် ကစားသမား ကိုယ်တိုင်က ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှ စီးရီးအေ ကို တန်းတက်လာတဲ့ ကိုမို အနေနဲ့ ဗာရန်းလို အတွေ့အကြုံရင့် world-class player တစ်ဦးကို ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးချနိုင်မလဲ ဆိုတာတော့ ရာသီသစ်မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုမို အသင်းဟာ ရာဖေးလ် ဗာရန်း မတိုင်ခင် တိုရီနို၊ ရိုးမားနဲ့ ဖီအိုရင်တီးနား တို့မှာ ကစားခဲ့ဖူးတဲ့ ထိပ်တန်း တိုက်စစ်မှူးဟောင်း ဘယ်လော့တီ ကိုပါ ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် ဗီလာရီးရဲလ် ကစားသမားဟောင်းကြီးတွေ ဖြစ်တဲ့ ဂိုးသမား ရေနာနဲ့ နောက်ခံလူ မော်ရီနို တို့ကိုလည်း ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

၁၉၀၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ ကိုမို အသင်းဟာ ၂၀၀၂/၂၀၀၃ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် စီးရီးအေကို တန်းပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုမိုဟာ ပြီးခဲ့တဲ့ရာသီက စီးရီးဘီ မှာ အဆင့် ၂ နေရာ ရရှိခဲ့ပြီးတော့ သမိုင်း တစ်လျှောက် ၄ ကြိမ်မြောက် စီးရီးအေကို တက်လှမ်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိုမိုဟာ လက်ရှိ အချိန်ထိ ကစားသမား ၅ ဦး ခေါ်ယူထားပြီး ဗာရန်းနဲ့ ဆိုရင်တော့ ၆ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ကိုမိုဟာ တိုရီနိုက ကိုနေး၊ ဩစတြီးယား ဝီယင်က မားသီးယပ်စ် ဘရွန်နိုဒါ၊ ရိုးမားက အန်ဒရီရာ ဘယ်လော့တီ၊ ကက်ဂလီယာရီက ဒေါ့ဆီနာ၊ လက်ချီက စထရက်ဖက်ဇာ တို့ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်