နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ့ဘာနဲ့ ဂျူဗင်တပ်စ် ဘာတွေ မှားခဲ့သလဲ? (စီးရီးအေ)

လက်ရှိ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကစားသမား ပေါလ် ပေါ့ဘာဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်ခဲ့တယ် ဆိုတာ အားလုံး လက်ခံကြမယ် ထင်ပါတယ်။

ပေါ့ဘာနဲ့ ပတ်သက်လာရင် အများစုက စိတ်ဓာတ် မကောင်းတဲ့ ကစားသမား အဖြစ် တံဆိပ် ကပ်နှိပ်ထားကြပါတယ်။ တချို့ဆိုရင် ကင်ဆာကောင်လို့တောင် သမုတ်ကြသည်ပေါ့။ ဒါကိုတော့ ခံငြင်းလိုခြင်း မရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝ နိမ့်ဆင်းသွားပုံက အတော်လေး သနားဖို့ ကောင်းပါတယ်။ ယူနိုက်တက် ပရိသတ်တွေ ကတော့ ဒါကို သနားမှာ မဟုတ်ပါဘူး။ ဘေးလူ တစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်မှသာ ပေါ့ဘာ ဘာတွေများ ဒီလောက်တောင် မှားသွားခဲ့လို့လဲ ဆိုပြီး တွေးမိမှာ သေချာပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ သူ့ရဲ့ အိမ်လို ဖြစ်ခဲ့တဲ့ တူရင်ကို ပြန်ရောက်လာတော့ ပေါ့ဘာ ပြန်လည် တောက်ပတော့မယ် ဆိုတဲ့ အတွေးတွေ ရှိခဲ့ကြမှာပါ။ ဒါပေမယ့် နွေရာသီမှာတင် ဒူးအရွတ် ဒဏ်ရာရသွားပြီး တစ်ရာသီလုံးနီးပါး တိုင်ပတ်သွားပါတယ်။ ရာသီကုန်ခါနီးမှ ပွဲအနည်းငယ် ပြန်ကစားပေးနိုင်ခဲ့ပြီး ပုံမှန် ခြေစွမ်းလည်း မရှိတော့ပါဘူး။

အခု ဒီရာသီ အစမှာလည်း ပေါ့ဘာက တားမြစ်ဆေးကျပြီး ဒုက္ခရောက်နေပါပြီ။ ပြောရရင် စီးရီးအေ ကလပ် ဘက်က ပြီးခဲ့တဲ့ရာသီ မှာကတည်းက ပေါ့ဘာကို စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်နေပါပြီ။ သူတို့ အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဆိုပေမယ့် မြင့်မားတဲ့ လစာငွေ တစ်ရပ်ကို ပေးချေထားရပါတယ်။ အခု တားမြစ်ဆေး ကိစ္စ ပေါ်လာချိန်မှာတော့ ပေါ့ဘာရဲ့ ဂျူဗင်တပ်စ် ကစားသမား ဘဝက ချောက်ကမ်းပါး အစွန်းကို ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံံးပါ အန္တရာယ်ရှိတဲ့ အနေအထားမျိုးပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဂျူဗင်တပ်စ် ထိပ်သီးပိုင်း ဘက်ကနေ သတင်းဆန်တဲ့ စကားတွေ လွှင့်လာခဲ့ပါတယ်၊၊

စီးရီးအေ
ဂျူဗင်တပ်စ်
လီချီ
1X2 ဂျူဗင်တပ်စ် @ 1.45
ဂိုးပေါ် 2.50 @ 1.99
ဂျူဗင်တပ်စ် အာရှ ဟန်းဒီးကပ် -1.25 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ပေါ့ဘာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ဒုတိယအကြိမ် တားမြစ်ဆေး စစ်ဆေးမှုကို စောင့်ကြည့်မယ်၊ ပြီးမှ အေးဂျင့်နဲ့ ဆွေးနွေးမယ်” ဆိုတာမျိုးပေါ့။ အကျဉ်းချုပ် ကတော့ အဲ့ဒါပါပဲ။ အခု ပေါ့ဘာက အယူခံဝင်မယ့် အနေအထားမျိုး၊ ဒုတိယအကြိမ် ဆေးစစ်ပြီး သူ့မှာ အပြစ်မရှိကြောင်း ပြသဖို့ အခြေအနေမျိုးကို ဦးတည်ထားပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်က ပေါ့ဘာ ပြီးဆုံးသွားပြီလို့ ယူဆထားပုံပါပဲ။ စာချုပ်ဖျက်သိမ်းဖို့ အတွက်ကို စိုင်းပြင်းနေပုံရပြီး ဒီလိုမျိုးပုံစံတွေနဲ့ လေသံတွေ ပစ်နေတာ ကလည်း ဆက်တိုက်ပါပဲ။

ဒါဆို နောက်ထပ် မေးခွန်း တစ်ခုတော့ ရှိပါဦးမယ်။ ပေါ့ဘာက ဒုတိယအကြိမ် ဆေးစစ်မှုမှာ အောင်မြင်သွားပြီး Plot Twist ဆန်သွားမယ် ဆိုရင်ရော? ဒါတောင်မှ ဂျူဗင်တပ်စ် ဘက်က ဒီကစားသမားရဲ့ ခြေစွမ်း၊ ကြံ့ခိုင်မှု အပေါ် ယုံကြည်မှု မရှိတော့ပါဘူး။ အမှန်ဆိုရင် ပြီးခဲ့တဲ့ နွေရာသီကတည်းက ပေါ့ဘာက မေဂျာလိဂ်ကို လစ်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်နဲ့ တစ်ကျော့ပြန် စီးရီးအေ ပထမဆုံး ရာသီမှာတင် ပုပ်သွားတော့ ဒီရာသီအတွက် အားခဲခဲ့ရတာပါ။ ကံကဆိုးချင်တော့ တားမြစ်ဆေး ပြဿနာပါ ထပ်ဖြစ်ပြီး ကိစ္စတွေ အကုန်လုံး ရှုပ်ကုန်ပါတယ်။ ပေါ့ဘာ အတွက်တော့ ယူနိုက်တက် ကစားသမားဘဝ နှောင်းပိုင်းကတည်းက စိတ်ရှုပ်စရာတွေချည်းပါပဲ။ ယူနိုက်တက်နဲ့ လမ်းခွဲလာပြီးနောက် မေတ္တာအပို့ခံရတယ်။ အကိုဖြစ်သူက ငွေညှစ်ခဲ့တဲ့ ကိစ္စတွေနဲ့ စိတ်ရှုပ်ခဲ့ရတယ်၊ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရတယ်၊ အခုလည်း ဆေးကျတယ်။

ဒါကြောင့် ကုန်ကုန်ပြောရရင် ပေါ့ဘာရဲ့ ကစားသမားဘဝက ရှေ့ဆက်နိုင်တယ် ဆိုရင်ပဲ ကံကောင်းနေပြီလို့ပဲ သတ်မှတ်ရတော့မှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်