နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို ပြည်တွင်းပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲရခဲ့တဲ့ ဆီမြွန်နီ – လာလီဂါ ပွဲပြီးသုံးသပ်ချက်

အက်သလက်တီကို မက်ဒရစ် ၁ – ၀ ဘာစီလိုနာ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ရဲ့ လာလီဂါ ပွဲစဉ်မှာတော့ အက်သလက်တီကို မက်ဒရစ်က တိုက်စစ်မှူး ကာရက်စ်ကို ရဲ့ သွင်းဂိုး ၁ ဂိုးတည်း နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အက်သလက်တီကို မက်ဒရစ်အတွက် သာမက နည်းပြ ဒီယေဂို ဆီမြွန်နီ အတွက်လည်း အဓိပ္ပာယ် ရှိခဲ့ပြီး သူစတင်ကိုယ်တိုင်ချိန်ကစပြီး လာလီဂါမှာ ဘာစီလိုနာကို ပထမဦးဆုံးအကြိမ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

 

ပွဲစဉ် အကျဉ်းချုပ်

ဒီရာသီမှာ လာလီဂါ မှာ ခြေစွမ်းမတည်မငြိမ်ဖြစ်နေတဲ့ ဘာစီလိုနာ အနေနဲ့ အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားရမှာ ဖြစ်လို့ ဂရစ်ဇ်မန်း၊ ပက်ဒရီ၊ မက်ဆီ၊ ဒမ်ဘီလီ၊ ဖရန်ကီ ဒီယောင်၊ ပီယာနစ်၊ လန်းဂ်လတ်၊ ပီကေး၊ အဲလ်ဘာ၊ ရော်ဘတ်တို၊ တာစတီဂန်တို့နဲ့ လူစုံတက်စုံ ပွဲထွက်လာခဲ့ပြီး အက်သလက်တီကိုကတော့ ဂျာအိုဖီးလစ်၊ ကော်ရီးယာ၊ ကိုကီ၊ လော်ရန်တေး၊ ကာရက်စ်ကို၊ ဆာအူးလ်နီဂွက်ဇ်၊ ဆာဗစ်၊ ဆာဗစ်၊ ထရစ်ပီယာ၊ ဂျင်မီနက်ဇ်၊ ဟာမိုဆို၊ အိုဘလက်ခ်တို့နဲ့ ဘာစီလိုနာကို ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို ကာရက်စကို က ပထမပိုင်း ပြီးခါနီး အချိန်ပို ၃ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာ အနေနဲ့ အဝေးကွင်းမှာ လာရောက် ကစားခဲ့ရပေမယ့် အိမ်ရှင်အသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ဂိုးပေါက် ခြိမ်းခြောက်မှု အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် အက်သလက်တီကို က ပြန်လည် တိုက်စစ်ဆင်ဖို့ ကြိုးစားလာတဲ့ အချိန်မှာ ပီကေး က ရှေ့တက်ပြီး ဖျက်ထုတ်ခဲ့ပေမယ့် မသေမသပ် ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ကော်ရီရာ ရဲ့ ဖန်တီးပေးပို့မှု ကတစ်ဆင့် ကာရက်စ်ကိုက ဘောလုံးကို ဆွဲပြေးပြီး ရှေ့တက်လာတဲ့ တာစတီဂန် ကိုပါ ကျော်ဖြတ်ကာ သေသေသပ်သပ် သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ က ချေပဂိုး ပြန်လည် ရရှိဖို့ ကြိုးစားရင်း ဂရစ်ဇ်မန်း ၊ လန်ဂလက် တို့ရဲ့ ခေါင်းတိုက်ချက်တွေ ကောင်းမွန်ခဲ့ပေမယ့် အိုဘလက်ခ် ကာကွယ်သွားလို့ အဝေးကွင်းမှာ ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲ အရှုံးရလာဒ်ကြောင့် ဘာစီလိုနာ ဟာ ဒီရာသီမှာ လာလီဂါ ရှုံးပွဲ ၃ ပွဲ အထိ ရှိလာပြီ ဖြစ်ပြီး ၊ အဆင့် ၁၀ နေရာ ကို ရောက်ရှိ သွားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်း လာလီဂါမှာ ပထမဦးဆုံးအကြိမ် ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာ

ဒီပွဲ အရှုံးရလာဒ်ကြောင့် ဘာစီလိုနာ ဟာ ဒီရာသီမှာ လာလီဂါ ရှုံးပွဲ ၃ ပွဲ အထိ ရှိလာပြီ ဖြစ်ပြီး ၊ အဆင့် ၁၀ နေရာ ကို ရောက်ရှိ သွားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ အရင် ထိပ်တိုက်တွေ့ဆုံမှု ၁၇ ပွဲမှာ ၆ ပွဲ သရေ ၊ ၁၁ပွဲ ရှုံးနိမ့်တဲ့ ရလာဒ် ထွက်ပေါ်ခဲ့ပြီး  မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းကို လာလီဂါ မှာ ပထမဆုံး အကြိမ် နိုင်ပွဲ ရယူသွား နိုင်ခဲ့တာဖြစ် ပါတယ်။ တစ်ဘက်မှာလဲ ရော်နယ် ကိုးမန်း အနေနဲ့ ဘာစီလိုနာ နည်းပြတွေ ထဲမှာ ဆီမြွန်နီ ကို လာလီဂါ ပွဲစဉ် ရှုံးနိမ့်တဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ နည်းပြ ရော်နယ် ကိုးမန်း အတွက် နောက်ထပ် သတင်းဆိုး တစ်ခုက မိနစ် ၆၀ ကျော်မှာ လူစားလဲလိုက်ရတဲ့ ပီကေး ရဲ့ ဒူး ဒဏ်ရာဟာ တော်တော်လေး ပြင်းထန်တယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင်ဟောင်း ပူးယိုး အပါအဝင် ပရိသတ် တစ်ချို့ က အမြန်ဆုံး ပြန်လည် ကောင်းမွန်လာပါစေကြောင်း ဆုတောင်းမှု တွေ ပြုလုပ်ပေးသွားခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ဘာစီလိုနာတို့ ကစားသမားတွေ ကို လုပ်ခလစာ ပေးချေရေးကိစ္စ အပါအဝင် ကလပ်အတွင်း ပြဿနာပေါင်းများစွာ ရင်ဆိုင်နေရပြီး ဥက္ကဌသစ် တင်မြှောက်နိုင်ဖို့ အတွက်လည်း စီစဉ်နေရချိန် ဖြစ်လို့ လာမယ့် ပွဲစဉ်တွေ တောက်လျောက်လည်း ရလဒ်ကောင်းဖို့ ရုန်းကန်ရဦးမှာ သေချာပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘာစီလိုနာ အနေနဲ့ ကြားရက်မှာတော့ ဒိုင်နမိုကိဗ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကစားဖို့ ရှိနေပြီးတော့ လာမယ့်တစ်ပတ် တနဂ်နွေနေ့မှာတော့ အိုဆာဆူနာနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ အက်သလက်တီကို မက်ဒရစ်ကတော့ လိုကိုမိုးတစ်ဗ် မော်စကို အသင်းနဲ့ ချန်ပီယံလိဂ် ကစားဖို့ရှိနေပြီး လာမယ့်တစ်ပတ် စနေနေ့မှာတော့ ဗလင်စီယာ အသင်းနဲ့ လာလီဂါ ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်