နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီတစ်ကြိမ် လိဂ်ဖလား ဟာလည်း မန်စီးတီး အတွက်ပါပဲ – ခရာဘောင်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး

အခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ အားလုံးစောင့်မျှော်နေခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကစားမယ့် လိဂ်ဖလား(ခရာဘောင်ဖလား) ဗိုလ်လုပွဲစဉ်ကို ကြည့်ရှု အားပေးရတော့မှာ ဖြစ်ပါတယ်။ ဖလားမက်နေတဲ့ အသင်းနဲ့ ဖလားငတ်နေတဲ့ အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ပြိုင်ပွဲကြီးတစ်ခု မဟုတ်ပေမယ့် အကြိတ်အနယ် ကစားလာဖို့ရှိပြီး ရင်ခုန်ရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

လိဂ်ဖလားကို ၂၀၀၇ ခုနှစ်က နောက်ဆုံးအကြိမ် ကိုင်မြှောက်ပြီး ကတည်းက ဖလားလက်မဲ့ ရာသီပေါင်းများစွာ ဖြတ်သန်းထားခဲ့ရတဲ့ စပါးတို့ အတွက်ကတော့ ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံနေတာ ကံဆိုးတယ်လို့ ပြောရပါမယ်။
ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာတော့တဲ့ တော့တင်ဟမ်ဟော့စပါး

မန်ချက်စတာစီးတီးတို့ ဒီရာသီမှာ ဖလား ၄ လုံး ကိုင်မြှောက်နိုင်ဖို့ ကြုံးဝါးထားခဲ့ပေမယ့် အက်ဖ်အေဖလားကို စွန့်လွှတ်ခဲ့ရလို့ မဖြစ်မနေ လိဂ်ဖလား(ခရာဘောင်ဖလား) ကိုတော့ အရယူဖို့ ကြိုးစားလာပါလိမ့်မယ်။ နောက်ဆုံး ၇ နှစ်မှာ ချန်ပီယံ ၅ ကြိမ်အထိ ဖြစ်ထားတဲ့ မန်ချက်စတာစီးတီးတို့ လိဂ်ဖလားပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးအသင်း အဖြစ် ဖလား ၈ ကြိမ် ရထားတဲ့ လစ်ဗာပူးလ်ရဲ့ စံချိန်နဲ့ တူညီသွားဖို့ မျှော်လင့်နေပါလိမ့်မယ်။ မန်ချက်စတာစီးတီး ဟာ လိဂ်ဖလား ပြိုင်ပွဲမှာ နောက်ဆုံး ၃ နှစ်ဆက် ဗိုလ်စွဲထားပြီး အခုနှစ်ပြိုင်ပွဲမှာသာ ထပ်ပြီး ဗိုလ်စွဲခဲ့မယ်ဆိုရင် လစ်ဗာပူးလ်ရဲ့ အရေအတွက် အများဆုံး ဆက်တိုက် ဗိုလ်စွဲထားတဲ့ စံချိန်ကိုလည်း လိုက်မှီနိုင်မှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင်တော့ မန်ချက်စတာစီးတီးတို့ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၂ ပွဲရှိခဲ့ပြီး ခြေစွမ်းနည်းနည်းလေး ပြန်ကျနေတာ တွေ့ရပါတယ်။ လိဒ်စ်ယူနိုင်တက်ကို တစ်ယောက်အသာနဲ့ ကစားရတာတောင် ရှုံးခဲ့သလို အက်ဖ်အေဖလား မှာလည်း တန်ပြန်တိုက်စစ်ပဲ ကစားသွားတဲ့ ချဲလ်ဆီးကိုလည်း ရှုံးနိမ့်ထားပါတယ်။ တစ်ချက်ရှိတာက တခြားအသင်းတွေထက် ပွဲတွေ ပိုကစားနေရတဲ့အတွက် ကစားသမားတွေ ပွဲပန်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ စပါးနဲ့ ယှဉ်ရင်တော့ အစစအရာရာ သာနေပြီး ကီဗင် ဒီဘရိုင်းနား ဒဏ်ရာကြောင့် မကစားနိုင်ခဲ့ရင်တောင် အကောင်းဆုံး ကစားနိုင်မယ့် ခြေစွမ်းမျိုးရှိနေပါတယ်။

ဗိုလ်လုပွဲ အတွေ့အကြုံရင်တဲ့ မော်ရင်ဟို ဒီပွဲမတိုင်ခင် ထုတ်ပယ်လိုက်တာဟာ တော့တင်ဟမ်ဟော့စပါး အတွက် မဟာအမှားပါပဲ။ ဖလားငတ်နေတဲ့ တော့တင်ဟမ်ဟော့စပါး အတွက် ၂၀၁၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ ပြန်တက်ထားနိုင်တာဖြစ်လို့ ဗိုလ်လုပွဲတွေ ဆိုရင် ရလဒ်ကောင်းတတ်တဲ့ နည်းပြကိုပဲ ကျိန်းသေပေါက် ကိုင်တွယ်ခိုင်း သင့်ပါတယ်။ အခုတော့ နည်းပြ သက်တမ်း ၁၄ နှစ်တာ ကာလအတွင်း အောင်မြင်မှုများစွာ ရထားခဲ့တဲ့ ပပ်ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ အသင်းကိုမှ အကယ်ဒမီအသင်းမှာ ၂ နှစ်လောက်ပဲ နည်းပြ တာဝန်ယူထားခဲ့ဖူးတဲ့ ရွိုင်ယန်မေဆန် အနေနဲ့ အံ့အားသင့်စရာတွေ လုပ်ပြဖို့ဆိုတာ ဖြစ်နိုင်ချေ နည်းလွန်းပါတယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ နိုင်ပွဲပြန်ရခဲ့တယ် ဆိုတာလည်း စပါးတို့ ခြေစွမ်းကောင်းခဲ့လို့ မဟုတ်ပါဘူး။ ပိုဆိုးတာက အခုပွဲမှာ တိုက်စစ်က အားထားရတဲ့ ဟယ်ရီကိန်း ဒဏ်ရာပြသနာကြောင့် ပါဝင်ကစားဖို့ မသေချာသေးတဲ့အပြင် ဘန်ဒေးဗီးစ်၊ ဒိုဟာတီတို့လည်း လွဲချော်ဖို့ရှိလို့ စပါးတို့ အားနည်းနေဦးမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် ၂ ပွဲစီ အနိုင်ရထားပြီး ၁ ပွဲကတော့ သရေကျထားပါတယ်။ ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ၂ ကြိမ် တွေ့ဆုံ ကစားထားပြီး စပါးတို့ အိမ်ကွင်းမှာ ၂-၀နဲ့ အနိုင်ရထားသလို မန်စီးတီးလည်း အီတီဟတ်မှာ ၃-၀ နဲ့ အနိုင်ရထားပါတယ်။
 

မန်ချက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး

??
မန်ချက်စတာစီးတီး vs တော့တင်ဟမ်ဟော့စပါး အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၅၀ ဆ
ဧပြီလ ၂၅ ရက်, ည ၁၀:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်  ၁.၅၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၅၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လိဂ်ဖလားကို ၂၀၀၇ ခုနှစ်က နောက်ဆုံးအကြိမ် ကိုင်မြှောက်ပြီး ကတည်းက ဖလားလက်မဲ့ ရာသီပေါင်းများစွာ ဖြတ်သန်းထားခဲ့ရတဲ့ စပါးတို့ အတွက်ကတော့ ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံနေတာ ကံဆိုးတယ်လို့ ပြောရပါမယ်။ ဘယ်လို ရှထောင့်ကနေ စဉ်းစားစဉ်းစား မန်ချက်စတာစီးတီးကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အခုပွဲမှာလည်း မန်ချက်စတာစီးတီး ကိုပဲ အပြည့်အဝ ယုံကြည်ထားချင်ပါတယ်။ မိနစ် ၉၀ အတွင်း ပွဲအဖြေပေါ်ဖို့များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်