နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်အနိုင် ၃မှတ်အတွက် စိန့်မေရီကွင်းမှာရေကုန်ရေခမ်းကစားမယ့် စပါး

‌ဆောက်သမ်တန် – တော့တင်ဟမ်စပါး

တနင်္ဂနွေနေ့ရဲ့ အစောဆုံးပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲမှာတော့ ဆောက်သမ်တန်တို့ စိန့်မေရီကွင်းကြီးမှာ စပါးကို ဧည့်ခံကစားရဖို့ရှိနေပါတယ်။ နှစ်သင်းစလုံးပထမပွဲစဉ်မှာ ရှုံးနိမ့်ထားလို့ ဒီပွဲစဉ်မှာ အနိုင် ၃မှတ်ရရှိရေး အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။

မော်ရင်ဟိုရဲ့ စပါးတို့ ပထမပွဲစဉ်မှာ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ၁ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ထားခဲ့ပါသလို ဆောက်သမ်တန်အသင်းကလည်း ခရစ္စတယ်ပဲလေ့စ် အသင်းကို ၁ဂိုးဂိုးမရှိနဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။ စပါးတို့ ကြားရက်ပွဲစဉ်မှာတော့ လိုကိုမိုးတစ်ဗ်ပလော့ဗ်ဒစ်ဗ်အသင်းကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့အနိုင်ရရှိထားခဲ့ပြီး ဆောက်သမ်တန်အသင်းကတော့ ခရာဘောင်ဖလားဒုတိယအဆင့်ပွဲစဉ်မှာ ဘရန့်ဖိုဒ့်အသင်းကို ဝ-၂ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်တလောမှာတော့ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ကစားသမားကောင်းတွေဖြစ်တဲ့ ရက်ဂီလွန်နဲ့ ဂါရက်ဘေးလ်တို့ကို အသင်းမှာ ခေါ်ယူအားဖြည့်ထားပြီးတော့ ပရီးမီးယားလိဂ် အတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားခဲ့ပါပြီ။ ပွဲဦးထွက် အဲဗာတန်နဲ့ ပွဲစဉ်မှာ ရှံုံးနိမ့်ထားခဲ့တယ်ဆိုပေမယ့် ကြားရက် ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တာကိုကြည့်ခြင်းအားဖြင့် စပါးတို့ ခြေပြန်တက်နေတယ်ဆိုတာကို မြင်နိုင်ပါတယ်။

ဆောက်သမ်တန်အသင်းကတော့ ပြီးခဲ့တဲ့ ရာသီက အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့တယ်ဆိုပေမယ့် အခုနှစ်ဘောလုံးရာသီမှာတော့ တော်တော်လေးလေး ခြေစွမ်းကျဆင်းနေတာကိုတွေ့ရပါတယ်။ တစ်သင်းလုံးကစားပုံလျော့ရဲနေပြီး တိုက်စစ်က ဒန်နီအင်ဂ့်ကလည်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေလို့ စိန့်တို့ တစ်ပွဲချင်းစီအလိုက် နိုင်ပွဲပြန်ရှာဖို့ ခက်ခဲနေဦးမှာပါ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ ၂၀၁၂ ခုနှစ်နောက်ပိုင်း စပါးတို့ ၁၂ ပွဲအနိုင်ရထားပြီး ဆောက်သမန်တန်ကတော့ ၃ပွဲအနိုင်ရထားပါတယ်။ သရေ ၃ပွဲဖြစ်ထားပြီး ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှုအရ ဆောက်သမ်တန်အသင်းက အိမ်ကွင်းမှာ စိန့်တို့ ၁-၀ နဲ့ အနိုင်ရရှိထားပြီး စပါးကွင်းမှာတော့ စိန့်တို့ ၂-၁ နဲ့ရှူံးနိမ့်ထားပါတယ်။ အက်ဖ်အေဖလား နှစ်ကြိမ်တွေ့ဆုံမှုမှာတော့ စိန့်မေရီကွင်းမှာ တစ်ဖက်တစ်ဂိုးစီသရေကျထားပြီး စပါးကွင်းမှာ ၃-၂ နဲ့ စပါးက အနိုင်ရထားပါတယ်။ လူစာရင်းမှာတော့ ဆောက်သမ်တန်တို့ တိုက်စစ်မှာ အဒမ်၊ ဒန်နီအင့်ဂ့်၊ နောက်မှာ ဒီဂျန်ပို၊ ဝက်ပရောက်စ်၊ ရိုမီယူ၊ စမောဘုန်း၊ နောက်တန်းမှာတော့ ဝေါ်ကာပီတာ၊ ဘဒ်နာရက်ခ်၊ ဂျက်စတီဗင်၊ ဘာထရန်တို့နဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။ စပါးကတော့ ဟယ်ရီကိန်းကို အထောင်ထားပြီး ဆွန်ဟောင်မင်၊ ဘဂျ်ဝင်း၊ လူးကပ်စ်မော်ရာ၊ ကွင်းလယ်မှာ ဝင့်ခ်၊ ဟော့ဂျ်ဘာ့ဂ်၊ နောက်တန်းမှာ ဘင်ဒေးဗီးစ်၊ ဒိုင်ယာ၊ အန်ဒါဝီရယ်၊ ဒိုဟာတီတို့နဲ့ ပွဲထွက်လာဖို့ရှိပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆောက်သမ်တန် – တော့တင်ဟမ်စပါး အချိန်ပြည့် 1×2 ဧည့်သည် ၂.၂၅ဆ
စက်တင်ဘာ ၂၀ ရက်, ည ၅:၃၀ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရဆိုရင်တော့ အိမ်ရှင်အနိုင်ဆိုရင် ၃.၃၅ဆ နဲ့ ဧည့်သည် အနိုင်ဆိုရင်တော့ ၂.၂၅ဆရရှိမှာ ဖြစ်ပါတယ်။ သရေဆိုရင်တော့ ၃.၃၅ ဆဖြစ်ပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ နှစ်သင်းစလုံး နိုင်ပွဲရဖို့ရုံးကန်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီပွဲမှာ လူအင်အားဖြည့်တင်းထားတဲ့ စပါးတို့ အနည်းငယ် ပိုသာနိုင်ပြီး အဝေးကွင်းစိန့်မေရီမှာ အနိုင် ၃မှတ်ကို မရမက ယူသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်