နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျိုးနက်စ်ဝင်းရဲ့ တောက်ပမှုနဲ့ ဩစတြီးယားကို အနိုင်ရခဲ့တဲ့ ဒိန်းမတ် | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

ဒိန်းမတ် ၀-၁ ဩစတြီးယား

နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာ‌တော့ ဒိန်းမတ်တို့ ရန်းညက်ခ်ရဲ့ ဩစတြီးယားကို ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ခရိုအေးရှားကို အိမ်ကွင်းမှာ မထင်မှတ်ပဲ အရေးနိမ့်ထားခဲ့တဲ့ ဒိန်းမတ်တို့ ဒီနေ့ ပွဲမှာတော့ ဝုဖ်ဘတ် ကြယ်ပွင့် ဂျိုးနက်စ် ဝင်းရဲ့ တောက်ပမှုနဲ့ အတူ နိုင်ပွဲ ပြန်ရခဲ့ပြီး နေးရှင်းလိဂ် A အုပ်စု ၁ ကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒိန်းမတ်တို့ ပြီးခဲ့တဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ခဲ့ပဲ တိုက်စစ်မှာ ကော်နယ်လီးယပ်စ်၊ အိုလ်ဆင်နဲ့ ဂျိုးနက်စ် ဝင်းတို့ တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဟွိုက်ဘယက်ဂျ်နဲ့ ယန်ဆန်၊ တောင်ပံ နှစ်ဖက်မှာ မာအဲလီနဲ့ ခရစ္စတန်ဆန်၊ ခံစစ် မှာတော့ ဘွိုင်လီဆင်၊ အန်ဒရီ ခရစ္စတန်ဆန်၊ အန်ဒါဆန်၊ ရှမိုက်ကယ် တို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ရန်းညက်ခ် ကတော့ အလာဘာကို ချန်လှပ်ခဲ့ပြီး အိုနီဆီဝို၊ လိုင်နာ၊ လိုင်မာ၊ အာနူတိုဗစ် တို့လို အမာခံတွေကိုလည်း အရန်ခုံပို့ခဲ့ပါတယ်။ ၄-၄-၂ အခင်းအကျင်းကို သုံးခဲ့ပြီး တိုက်စစ်မှာ ကာလက်ဇစ်နဲ့ ဝီးမန်း၊ ကွင်းလယ်နဲ့ ခံစစ်မှာတော့ ရှလာဂါ၊ ဆိဒ်ဝဲလ်၊ ဆဘစ်ဇာ၊ ထရောင်နာ၊ လာဇာရို တို့နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ဂျေလိဂ်
ကာဝါစကီ ဖရန့်တေးလ်
ကွန်စာဒိုးလ် စပ်ပိုရို
1X2 သရေ @ 3.85
ဂိုးအောက် 2.75 @ 2.00
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.19
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒိန်းမတ်တို့ ပထမအကျော့တုန်းကထက် ပိုကောင်းတဲ့ ပုံစံ တစ်ခုနဲ့ ကစားနိုင်ခဲ့ပြီး ဧည့်သည် အသင်းကို တစ်ပွဲလုံး အသာရခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာပဲ မာအဲလီရဲ့ ဖန်တီးပေးမှု ကနေ ဂျိုးနက်စ်ဝင်းက ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပြီး ၃၇ မိနစ် မှာလည်း ဂျိုးနက်စ်ဝင်းရဲ့ ဖန်တီးပေးမှု ကနေ အိုလ်ဆင်က ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း မှာတင် ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်တဲ့ ဒိန်းမတ်တို့ လက်ကျန် ပွဲချိန်တွေမှာလည်း ခြေစွမ်း အသာနဲ့ပဲ ကစားသွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရန်းညက်ခ် အနေနဲ့ အဓိက ကစားသမားတွေ အများအပြား လူစားလဲပြီး ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် ဒိန်းမတ်ရဲ့ ကစားကွက် အောက်မှာပဲ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၇၆ မိနစ် အဲရစ်ခ်ဆင် ဝင်ရောက်လာချိန် မှာတော့ ပရိသတ်တွေက ကွင်းလုံးပြည့် လက်ခုပ်တီး အားပေးခဲ့ကြပြီး ဒိန်းမတ် ကွင်းလယ် ဖန်တီးရှင်ဟာ လွန်ခဲ့တဲ့ တစ်နှစ်နဲ့ တစ်ရက်က အခု ကစားတဲ့ ပါကန် ကွင်းထဲမှာ နှလုံးအမောဖောက်ပြီး လဲကျခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ် ကလည်း အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ပထမပိုင်းရလဒ် အတိုင်းပဲ ပွဲပြီးခဲ့ပြီး အိမ်ရှင်တို့ နိုင်ပွဲ ပြန်ရခဲ့ပေမယ့် ဩစတြီးယား ကတော့ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ ဩစတြီးယား ကတော့ ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရှိနေခဲ့ပြီး နေးရှင်းလိဂ် B ကို မဆင်းရဖို့ ပြင်သစ်နဲ့ အဓိက ပြိုင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
အုပ်စု ပွဲစဉ် ၄ ပွဲအပြီး ရမှတ် ၄ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေတဲ့ ဩစတြီးယား

ပထမအကျော့ ဩစတြီးယား ကွင်းမှာ အနိုင်ရခဲ့ပေမယ့် ခြေစွမ်း အသာမရခဲ့တဲ့ ဒိန်းမတ်တို့ အခုပွဲ မှာတော့ အသင်းလိုက် ကစားပုံ ကောင်းကောင်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လူမစုံသလို ခံစစ် အသားပြု ကစားလာခဲ့တဲ့ ဩစတြီးယားတို့ ဒိန်းမတ်ကို အဘက်ဘက်က ယှဉ်နိုင်ခြင်း မရှိခဲ့သလို ဂိုးပေါက် တည့်ကန်ချက်လည်း ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ ရာခိုင်နှုန်း မကွာခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ပြုလုပ်နိုင်မှု အပိုင်းမှာတော့ ဒိန်းမတ်တို့ အပြတ်အသတ် အသာရခဲ့ပါတယ်။
ပွဲအပြီးမှာတော့ နိုင်ပွဲ ပြန်ရခဲ့တဲ့ ဒိန်းမတ်တို့ ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံး၊ ၉ မှတ်နဲ့ နေးရှင်းလိဂ် အုပ်စု ၁ ကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ ဩစတြီးယား ကတော့ ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရှိနေခဲ့ပြီး နေးရှင်းလိဂ် B ကို မဆင်းရဖို့ ပြင်သစ်နဲ့ အဓိက ပြိုင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ဒိန်းမတ်က ခရိုအေးရှား ဩစတြီးယား ကတော့ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်