နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူအီးအက်ဖ်အေစူပါဖလား အရယူပြီး တစ်ရာသီတည်း ဖလား ၄ လုံးချန်ပီယံဖြစ်ရေးအားစိုက်လာဦးမယ့် ဘေယန်မြူးနစ်

ဘေယန်မြူးနစ် Vs ဆီဗီလာ

လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁နာရီခွဲ အချိန်မှာ ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ် အဖြစ် ဘေယန်မြူးနစ်နဲ့ ဆီဗီလာတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ၂၀၂၀ ခုနှစ် ချန်ပီယံလိဂ်ချန်ပီယံ ဂျာမန်ဘီလူးတွေနဲ့ ယူရိုပါလိဂ် ကျွမ်းကျင်သူများလို့ တင်စားခံထားရတဲ့ ဆီဗီလာ တို့ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့က ပွတ်ရှ်ကတ်စ် အရီးနားမှာ ကစားရမှာ ဖြစ်ပြီး SBOTOP ပရိသတ်တွေအတွက် ကြိုတင်ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ်။

ဥရောပအမြင့်ဆုံး ပြိုင်ပွဲနှစ်ခုရဲ့ ချန်ပီယံတွေ ဗိုလ်လုရတဲ့ ပွဲဖြစ်လို့ ဘောလုံးပရိသတ်တွေအနေနဲ့  နှစ်တိုင်း စိတ်ဝင်တစားစောင့်ကြည့်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပူပူနွေးနွေး ဥရောပချန်ပီယံလိဂ် ချန်ပီယံ ဘေယန်မြူးနစ်အသင်းရဲ့ လက်ရှိအနေအထားကို ကြည့်မယ်ဆိုရင် ရာသီအသစ်ပြန်လည်စတင်နေချိန်မှာလည်း ကျန်ခဲ့တဲ့ရာသီက ကြောက်စရာကောင်းတဲ့ ခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်တာတွေ့ရပါတယ်။ ၂၀၂၀-၂၁ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲမှာ ရှော်ကီလိုအသင်းကို အိမ်ကွင်းမှာ ဂါနာဘရီရဲ့ဟက်ထရစ်အပါအဝင် ၈ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ ထူးခြားချက်ကတော့ ကွင်းလယ်နဲ့ တိုက်စစ်က ကစားသမားစုစုပေါင်း ၆ဦး ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာကို ၂-၈ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာလည်း နေရာစုံက ကစားသမား ၆ ဦးကဂိုးသွင်းယူပေးထားနိုင်တာကိုတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘေယန်မြူးနစ်တစ်သင်းလုံး ဂိုးသွင်းယူနိုင်တယ်ဆိုတာကို ပြသထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ၈နှစ်ဆက်ချန်ပီယံ ဘေယန်မြူးနစ်တို့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရရှိခဲ့သလို ဂျာမန်ပိုကယ်ဖလားကိုလည်း အကြိမ်၂၀ မြောက်ရရှိခဲ့ပါတယ်။ တစ်ရာသီတည်း ဖလား၃ လုံးရရှိထားတဲ့ ဘေယန်မြူးနစ်တို့ နောင်ထက်ဆုဖလားတစ်လုံး သိမ်းပိုက်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဘေယန်မြူးနစ်အသင်းနေနဲ့ယူအီးအက်ဖ်အေစူပါဖလား ပွဲစဉ်ကို ၁၉၇၆၊ ၁၉၇၇၊ ၂၀၀၂ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကစားခဲ့ဖူးပြီး တစ်ကြိမ်ပဲ ချန်ပီယံဖြစ်ထားခဲ့ပါတယ်။

 

 

ဆီဗီလာ ကတော့ ယူရိုပါလိဂ်ကျွမ်းကျင်သူများလို့ တင်စားရလောက်အောင် ၁၅နှစ်အတွင်း ၆ ကြိမ်အထိ ချန်ပီယံဖြစ်ထားခဲ့ပါတယ်။ ယူအီးအက်ဖ်အေစူပါဖလား ကိုလည်း အခုတစ်ကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ကစားရမှာလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၅ ကြိမ်မှာတော့ ၂၀၀၇ ခုနှစ်က ချန်ပီယံတစ်ကြိမ်သာ ဖြစ်ထားလို့ ဘေယန်မြူးနစ်နဲ့ တူညီတဲ့ မှတ်တမ်းရှိထားပါတယ်။ ဆီဗီလာတို့ ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာ ရိုးမား၊ ဝုဗ်၊ မန်ချက်စတာယူနိုက်တက် တို့လိုအသင်းကောင်းတွေ အပြင် ဗိုလ်လုပွဲမှာ အီတလီထိပ်သီးအင်တာမီလန်ကို ၃-၂ နဲ့ အနိုင်ကစားပြီး ဆုဖလားရရှိခဲ့တာဖြစ်လို့ ခြေစွမ်းပိုင်း ဘယ်လောက်ထိကောင်းနိုင်မလဲဆိုတာ ကြိုတင်သိနိုင်ပါတယ်။ ဒါပေမယ့် လက်တလောမှာတော့ ခြေစွမ်းပြခဲ့တဲ့ ရက်ဂီလွန် မရှိတော့သလို ဘာနေဂါလည်း အသင်းပြောင်းသွားခဲ့ပြီဖြစ်ပေမယ့် ကစားသမားဟောင်းရာကီတစ်ကို ဘာစီလိုနာကနေ ပြန်ခေါ်ထားသလို အိုကမ်ပိုစ့်၊ ဆူဆို၊လုခ်ဒီယောင်တို့လို့ကစားသမားကောင်းတွေ ကျန်ရှိနေပါသေးတယ်။ ဘေယန်မြူးနစ်ရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင်တော့ လစ်ဗာပူးလ်ကိုပြောင်းရွှေ့သွားတဲ့ ကော်တင်ဟို၊ ပယ်ရီဆစ်နဲ့ သီယာဂို အဲလ်ကန်တာရာကလွဲရင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ က လူစာရင်းအတိုင်းတောင်ပွဲထွက်လာဖို့ရှိနေပါတယ်။ ဒါ့အပြင် မန်ချက်စတာစီးတီးက ခေါ်ယူထားထားတဲ့ လီရွိုင်းဆာနေးလည်း ပါဝင်လာဖို့ရှိနေပြီး တစ်ရာသီလုံး ၄၆ ပွဲကစားပြီး ၅၅ ဂိုးသွင်းထားတဲ့ လီဝန်ဒေါစကီး အတွက်လည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦး ဟုတ်မဟုတ်ဆိုတာ သက်သေပြရမယ့် အချိန်လည်း ဖြစ်နေတာပါတယ်။ ဒါ့ကြောင့် ဂျာမန်ကလပ်ရဲ့ ဖိအားပေးကစားပေးပုံကို နည်းပြ လိုပက်တက်ဂီ ရဲ့ ဆီဗီလာတို့ ပွဲချိန်အတွင်းဘယ်လိုပုံစံနဲ့ တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ယူအီးအက်ဖ်အေစူပါဖလားကိုလည်း အခုတစ်ကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ကစားရမှာလည်းဖြစ်
တစ်ဦးချင်းယှဉ်လို့မရပေမယ့် အသင်းလိုက်ကစားပုံကောင်းကောင်းနဲ့ဘေယန်မြူးနစ်ကို တုန့်ပြန်မယ့် ဆီဗီလာ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာတွေ့ဆုံခဲ့ပြီး အဲ့တုန်းက ဆီဗီလာကွင်းမှာ ဘေယန်မြူးနစ်တို့ ၁-၂ နဲ့ အနိုင်ရပြီး အိမ်ကွင်းမှာ ဂိုးမရှိသရေ ကျခဲ့လို့ အဝေးဂိုးစည်းမျဉ်းအရ ဘေယန်မြူးနစ်တို့ နောင်တစ်ဆင့် တက်သွားခဲ့ပါတယ်။ လက်ရှိခြေစွမ်းအရကြည့်မယ်ဆိုရင်တော့ ဆီဗီလာတို့ ဘေယန်မြူးနစ်လို့ နာမည်ကြီး ကစားသမားတွေ မပါဝင်ပေမယ့် အသင်းလိုက်ကစားပုံပြန်ကောင်းနေတာ တော်တော်လေးကြာခဲ့ပါပြီ။ မနှစ်က လာလီဂါမှာ အဆင့်၃ နေရာက အက်သလက်တီကိုမက်ဒရစ်နဲ့ ရမှတ်တူ အဆင့် ၄နေရာရရှိပြီး ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရထားတဲ့ အသင်းဖြစ်ပါတယ်။ ဘေယန်နည်းပြ ဟန်ဆီဖလစ်ခ် ကတော့ ရှော်ကီကိုအနိုင်ရခဲ့တဲ့ ပွဲကလူစာရင်းကို အနည်းငယ်အပြောင်းအလဲ လုပ်ပြီး စပိန်ကလပ်ကိုရင်ဆိုင်လာဖွယ်ရှိနေသလို ဆီဗီလာတို့က လည်း ရက်ဂီလွန်နေရာမှာ အက်စ်ကူဒီရို ဘာနေဂါနေရာမှာ ရာကီတစ်ကို အသုံးပြုလာမှာကလွဲရင် အပြောင်းအလဲကြီးကြီးမားမား လုပ်လာဖို့မရှိပါဘူး။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘေယန်မြူးနစ် Vs ဆီဗီလာ အချိန်ပြည့် အိမ်ရှင် @ ၁.၃၁ဆ
စက်တင်ဘာလ ၂၅ ရက်, ည ၁:၃၀ (GMT + ၆:၃၀)

1×2 မှာတော့ ဘေယန်မြူးနစ်ဘက်ကနေမယ်ဆိုရင်  ၁.၃၁ ဆ၊ ဆီဗီလာလာဘက်ကဆိုရင်တော့ ၇.၂၀ ဆဖြစ်ပြီး မိနစ် ၉၀ သရေရလဒ်အတွက်ကိုတော့ ၅.၆၀ ဆအထိ ကြေးဖွင့်ထားပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်တို့ ဆီဗီလာထက် အဘက်ဘက်ကအသာရနေတယ်ဆိုတာ ငြင်းလို့ကိုမရပါဘူး။ အဲလ်ကန်တာရာ၊ ကော်တင်ဟိုတို့မရှိတော့ပေမယ့် ဆာနေးတစ်ဦးတည်း နဲ့တင် မနှစ်ကခြေစွမ်းကို ဆက်ထိန်းထားနိုင်တယ်ဆိုတာ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်က သက်သေပြနေပါတယ်။ ဘေယန်မြူးနစ်မှာ တစ်သင်းလုံးနေရာစုံက ဂိုးဖန်တီးပေးနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ကြသူတွေ ရှိနေလို့ ဒီပွဲမှာလည်း ဂျာမန်ဘီလူးကြီးကိုပဲ မျက်စိမှိတ် ယုံကြည်လိုက်ပါတယ်။ ဘေယန်မြူးနစ်တို့ ၂-၀ ဒါမှမဟုတ် ၃-၁ လောက်နဲ့ အနိုင်ရသွားမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်