နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“မဖြစ်နိုင်တာ မရှိ၊ မဖြစ်သေးတာပဲ ရှိတယ်” ဆိုတာ လက်တွေ့ပြသွားတဲ့ ယူကရိန်း – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဆွီဒင် ၁ – ၂ ယူကရိန်း

(မိနစ် ၉၀ ရလဒ် ၁-၁၊ အချိန်ပိုမှာ ယူကရိန်း အနိုင်ရ)

ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာ ထူးထူးခြားခြား အဝါရောင်နဲ့ အပြာရောင် ပေါင်းစပ်ထားတဲ့ အလံတွေကို ကိုယ်စားပြုတဲ့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အများထင်ထားတဲ့ အတိုင်း ဆွီဒင် အနိုင်ရသွားခြင်း မဟုတ်ပဲ ယူကရိန်း အနိုင်ရသွားလို့ အံ့အားသင့်စရာ ကောင်းခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ရှေ့ပွဲတွေ မှာတုန်းက ချက်နဲ့ ဆွစ်ဇာလန်တို့ မထင်မှတ်ထားတာတွေ လုပ်ပြခဲ့သလို အခုအဆင့်မှာ ရှက်ဗ်ချန်ကိုရဲ့ အသင်းဟာ အားအနည်းဆုံး ဖြစ်ပေမယ့် ခြေစွမ်းထက်နေတဲ့ ဆွီဒင်ကို အချိန်ပိုအထိ ကစားပြီး မိနစ် ၁၂၀+၁ ရောက်မှ ရက်ရက်စက်စက် အသဲခွဲသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဆွီဒင် နည်းပြ ဂျန်နီ အန်ဒါဆင် အနေနဲ့ ပြီးခဲ့တဲ့ ပိုလန်နဲ့ ပွဲကလူစာရင်းကို တစ်နေရာသာ အပြောင်းအလဲ လုပ်ခဲ့ပြီး တိုက်စစ်က ကွိုင်ဆန် အစား ကူလူဆက်ဗ်စကီးကို အသုံးပြုခဲ့ပါတယ်။ ရှက်ဗ်ချန်ကို ကတော့ နောက်ဆုံးပွဲရဲ့ လူစာရင်းကို ၂ နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ မိုင်ကိုလန်ကို ကို အရန်ခုံပို့ခဲ့ပြီး မယ်လင်နော့ဗ်စကီး ကိုတော့ Super Sub အဖြစ် သုံးဖို့ ရည်ရွယ်ခဲ့ပုံ ပေါ်ပါတယ်။ အုပ်စု အဆင့်မှာ ရုန်းကန်ခဲ့ရပြီး ဖျာလိပ်ရပြီ လို့တောင် ထင်ရတဲ့ ယူကရိန်းတို့ဟာ အကောင်းဆုံး တတိယ အသင်း အနေနဲ့ ဒီအဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဆွီဒင် ကတော့ လက်ရှိ ယူရို ၂၀၂၀ အတွက် ကော်ကောင် အသင်းအဖြစ် သတ်မှတ်ခံထားရပေမယ့် ဒီနေ့ပွဲမှာ ယူကရိန်းရဲ့ ကစားကွက် အောက်မှာ စိတ်ပျက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်။ ဖော့စ်ဘတ်၊ လင်ဒီအော့ဖ်၊ အက်ဒဲလ်၊ အိုလ်ဆင် တို့ပဲ ပုံမှန်ခြေစွမ်းမှာ ရှိခဲ့ပြီး ကူလူဆက်ဗ်စကီး ကလည်း တိုက်စစ်အတွက် အလုပ်မဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်က အီဆက်ခ်လည်း ခြေမပေါ်ခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း ၂၇ မိနစ်မှာ ဇင်ချန်ကိုက ယူကရိန်း အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ၄၃ မိနစ်မှာတော့ ဖော့စ်ဘတ်က ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဘယ်သူ့ဘယ်သူမှ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိလို့ အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး ပွဲချိန် မိနစ် ၁၂၀ ပြည့်ချိန် အထိ သရေရလဒ် ထွက်ပေါ်နေခဲ့တာပါ။ အစောပိုင်းမှာ အပြန်အလှန် ရှိခဲ့ပေမယ့် ၉၈ မိနစ်မှာ မားကပ်စ် ဒန်နီရယ်ဆင် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရခြင်းဟာ ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့သလို သာမန် ပွဲကစားချိန် ၆၁ မိနစ်မှာ လူစားဝင်လာတဲ့ မယ်လင်နော့ဗ်စကီး၊ ၁၀၆ မိနစ်မှာ အသင်းခေါင်းဆောင် ယာမိုလန်ကို အစားဝင်လာတဲ့ ဒိုဗစ်ခ်တို့က ယူကရိန်း ရဲ့ နိုင်ပွဲ အတွက် အဓိက ကျခဲ့တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

 

ကြယ်ပွင့်ကစားသမား – အိုလက်ခ်ဆန်းဒါး ဇင်ချန်ကို

(စာရေးသူ စိတ်ကြိုက်ကစားသမား -အီမေးလ် ဖော့စ်ဘတ်)

ဒီနေ့ပွဲမှာ ဆွီဒင် တောင်ပံက ဖော့စ်ဘတ်ရဲ့ တောက်ပမှုတွေကို မြင်တွေ့ရတာ တော်တော်လေး အားရစရာ ကောင်းသလို ယူကရိန်းက အိုလက်ခ်ဆန်းဒါး ဇင်ချန်ကိုဟာလည်း တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အသင်းကို အကောင်းဆုံး အကျိုးပြု ကစားသွားခဲ့တာ တွေ့ရပါတယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ဘယ်သူ ရနိုင်မယ်ဆိုတာ ပွဲမပြီးခင် ကတည်းက ကြိုတင်တွက်ဆလို့ ရခဲ့ပါတယ်။ ဆွီဒင် နိုင်ရင် ဖော့စ်ဘတ်၊ ယူကရိန်း နိုင်ရင် ဇင်ချန်ကို ရဖို့ သေချာနေတဲ့ အထိ ခြေစွမ်းပြခဲ့သူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အုပ်စု နောက်ဆုံးပွဲမှာ ပိုလန်ဘက်ကို အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးသွင်းပေးခဲ့တဲ့ ဖော့စ်ဘတ် အနေနဲ့ ဒီနေ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ အပိုင်ကန်ချက် ၃ လုံးမှာ ၂လုံးက တိုင်ထိခဲ့လို့ ယူကရိန်းတို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက ချီးမြင့်တဲ့ ကြယ်ပွင့် ကစားသမား ဖြစ်ခဲ့တဲ့ ဇင်ချန်ကို ကတော့ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး အချိန်ပို နောက်ဆုံး မိနစ် သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

ဆွီဒင်ကတော့လက်ရှိယူရို၂၀၂၀အတွက်ကော်ကောင်အသင်းအဖြစ်သတ်မှတ်ခံထားရပေမယ့်ဒီနေ့ပွဲမှာယူကရိန်းရဲ့ကစားကွက်အောက်မှာစိတ်ပျက်စရာကောင်းလောက်အောင်တိတ်ဆိတ်နေခဲ့ပါတယ်။
ယူရို ၂၀၂၀ မှာ ၄ ပွဲကစားပြီး ၄ ဂိုးသွင်းခဲ့တဲ့ ဖော့စ်ဘတ်

 

ပွဲစဉ်ရဲ့အဓိကအချက်အလက်များ

•         ယူကရိန်းတို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ကွာတားဖိုင်နယ် အဆင့်ကို ယူရို ၂၀၂၀ မှ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း အနေနဲ့ အဓိက ပြိုင်ပွဲကြီးတွေ မှာတော့ ဒုတိယအကြိမ်မြောက် ကွာတားဖိုင်နယ် တက်ခဲ့ခြင်း ဖြစ်ပြီး  ၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ကစားခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

•         အဖိုးတန် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ အသက် ၂၄ နှစ် အရွယ် အာတမ် ဒိုဗစ်ခ် ကတော့ ယူကရိန်း အတွက် ၃ ပွဲကစားပြီးချိန်မှာ ပထမဦးဆုံး သွင်းဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

•         ဇင်ချန်ကိုနဲ့ ဒိုဗစ်ခ် တို့ဟာ လက်ရွေးစင်ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ နည်းပြ ရှက်ဗ်ချန်ကိုနဲ့ ယာမိုလန်ကို၊ ယာရမ်ချက်ခ် တို့ပြီးရင် ယူကရိန်း အတွက် ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။

•         ဇင်ချန်ကို ဂိုးသွင်းချိန်တိုင်း ယူကရိန်း အသင်း ရှုံးပွဲမတွေ့ခဲ့တာ ၇ ပွဲအထိ ရှိလာခဲ့ပြီး ၆ ပွဲနိုင်၊ ၁ ပွဲသရေ ဆိုတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

•         ယူကရိန်းတို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၁၀ ပွဲကစားထားရာမှာ ဂိုးမပေးရတဲ့ ပွဲတော့လုံးဝမရှိသေးတာ တွေ့ရပါတယ်။ ယူကရိန်း အနေနဲ့ တစ်ပွဲကို အနည်းဆုံး ၁ ဂိုးတော့ ပြန်ပေးနေရဆဲ ဖြစ်ပါတယ်။

•         ၂၀၂၁ ခုနှစ် အတွင်း ဆွီဒင်တို့ ကစားခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲစုံ ၉ ပွဲမှာ ပထမဦးဆုံး အကြိမ် ပြိုင်ဘက် အသင်းကို ပထမပိုင်းမှာ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

•         ဖော့စ်ဘတ်ဟာ ယူရိုပြိုင်ပွဲကြီး တစ်ပွဲ အတွင်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ဆွီဒင် ကစားသမား ဖြစ်လာခဲ့ပါတယ်။

•         ဖော့စ်ဘတ် အနေနဲ့ ယူရို ပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ၃ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် သောမတ်စ် ဘရိုလင် တင်ထားခဲ့တဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူရို ၂၀၂၀ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့တဲ့ ယူကရိန်းတို့ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ အင်္ဂလန်နဲ့ ရောမမြို့၊ အိုလံပီကို ကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်