နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံရှစ် ကလပ်ကို ရှုံးပြီး စတုတ္ထအဆင့် ကနေပဲ ထွက်ခဲ့ရတဲ့ ယူနိုက်တက် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၁-၁ မစ်ဒယ်ဘရော့

(ပင်နယ်တီ အဆုံးအဖြတ်မှာ ၇-၈ ရလဒ်နဲ့ မစ်ဒယ်ဘရော့ နောက်တစ်ဆင့်တက်)

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့် ကနေပဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်တို့ ဆန်ချိုရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ ပေါ့ပျက်တဲ့ ကစားပုံကြောင့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ မှာတော့ အီလန်ဂါ လွဲချော်ခဲ့လို့ ၈-၉ ရလဒ်နဲ့ အရေးနိမ့်ခဲ့သွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ဖို့ ရုန်းကန်နေရသလို အက်ဖ်အေဖလား ကနေလည်း ထပ်မံ ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့် ဆုဖလား မျှော်လင့်ချက် ဆိုလို့ ချန်ပီယံလိဂ် တစ်ခုပဲ ကျန်တော့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ရက်ဖ်ရန်းနစ်ခ်ရဲ့ အသင်းက ချန်ပီယံရှစ် ကလပ်နဲ့ ကစားရပေမယ့် ဂိုးမှာ ဒါးဗစ် ဒက်ဟဲယား အစား ဒင်းန် ဟန်ဒါဆင်ကို သုံးခဲ့တာက လွဲရင် ခရစ္စတီယာနို ရော်နယ်ဒို၊ ဆန်ချို၊ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဗာရန်း တို့ ပါဝင်တဲ့ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကို လာရောက် ရင်ဆိုင်ခဲ့တဲ့ မစ်ဒယ်ဘရော့ ဘက်မှာလည်း အမာခံ ကစားသမားတွေ ပါဝင်ခဲ့ပြီး ခံစစ် အသားပေး ၃-၅-၂ ကစားကွက်ကို အသုံးပြုသွားခဲ့ပါတယ်။ ကစားကွက် အသာ၊ လူအင်အား အသာနဲ့ ကစားနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ ပွဲအစ မိနစ် ၂၀ မှာထဲက ဦးဆောင်ဂိုး ရဖို့ အကြောင်းဖန်ခဲ့ပေမယ့် ရော်နယ်ဒို ပင်နယ်တီ လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ၅ မိနစ် အကြာ မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှု ကနေ ဂျေဒန် ဆန်ချိုက ဦးဆောင်ဂိုး သွင်းခဲ့ပြီး ပထမပိုင်း အပြီး ၁-၀ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကို ရောက်မှ သူကိုယ်တိုင်ပါ လိုက်ပြီး လွဲနေပြီလား ဆိုတဲ့ ဝေဖန်မှုတွေ ခံနေရသလို ဘောလုံး သုံးသပ်သူ ကာရေဂါရဲ့ “အက်ဖ်အေဖလား ယူမယ်ဆို။ လုပ်ပါဦး ဆရာကြီး”ဆိုတဲ့ ခနဲ့တဲ့တဲ့ လှောင်ပြောင်မှု ကိုလည်း ခံခဲ့ရပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ မစ်ဒယ်ဘရော့

ဒုတိယပိုင်း မှာတော့ ယူနိုက်တက် ကစားသမားတွေ ပေါ့ပေါ့တန်တန် ကစားနေခဲ့တာကြောင့် ဧည့်သည် မစ်ဒယ်ဘရော့တို့ ပွဲချိန် ၆၄ မိနစ်မှာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဒန်ကန် ဝက်တ်မောရဲ့ ပေးပို့မှုကနေ မတ်ခရွတ်ခ်က သွင်းယူခဲ့တာ ဖြစ်ပြီး လက်ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ခွင့်ပြုပေးခဲ့လို့ အငြင်းပွားဖွယ် သွင်းဂိုးတော့ ဖြစ်ခဲ့ပါတယ်။ အဲ့နောက် မစ်ဒယ်ဘရော့ ဂိုးသမားရဲ့ လူပေးမှားမှုကနေ ဘရူနိုဖာနန်ဒက်စ် ကြားဖြတ် ဝင်လုပြီး ရှင်းရှင်းလင်းလင်း ကန်သွင်းခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်သွားခဲ့လို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ယူနိုက်တက်ရဲ့ စိတ်ပျက်စရာ ခြေစွမ်းကို ဆက်လက် မြင်တွေ့ခဲ့ရပြီး အချိန်ပို ပြီးဆုံးချိန် အထိ နှစ်သင်းလုံး ဂိုးထပ်မရခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ မစ်ဒယ်ဘရော့တို့ ၈ လုံး ဝင်အောင် ကန်နိုင်ခဲ့ပြီး ယူနိုက်တက် ကတော့ အီလန်ဂါရဲ့ လွဲချော်မှုကြောင့် ၇ လုံးသာ ဝင်ခဲ့လို့ ပွဲအပြီးမှာ ၈-၉ ရလဒ်နဲ့ အိမ်ရှင်တို့ ရှုံးနိမ့်သွားခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၃၇ နှစ်ပြည့် မွေးနေ့ ဖြစ်ပြီး ပေါ်တူဂီ တိုက်စစ်မှူးကြီး ရခဲ့တဲ့ မွေးနေ့ လက်ဆောင် ကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါလိမ့်မယ်။ ယူနိုက်တက်ကို ရောက်မှ သူကိုယ်တိုင်ပါ လိုက်ပြီး လွဲနေပြီလား ဆိုတဲ့ ဝေဖန်မှုတွေ ခံနေရသလို ဘောလုံး သုံးသပ်သူ ကာရေဂါရဲ့ “အက်ဖ်အေဖလား ယူမယ်ဆို။ လုပ်ပါဦး ဆရာကြီး” ဆိုတဲ့ ခနဲ့တဲ့တဲ့ လှောင်ပြောင်မှု ကိုလည်း ခံခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး သုံးသပ် ဝေဖန်စရာကို မရှိတော့တာပါ။ ပွဲမစခင် ကွင်းကို ရောက်လာချိန်ထဲက တစ်သင်းလုံး တက်တက်ကြွကြွ ရှိမနေခဲ့သလို တကယ်တမ်း ပွဲကစားချိန် အတွင်း မှာလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ပေါ့ပေါ့ပျက်ပျက် ကစားခဲ့ပြီး အကြိမ်ကြိမ် လွဲချော်နေခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ခြေစွမ်းထက် အာရုံစူးစိုက်မှု အားနည်းခဲ့ပုံ ရပြီး နိုင်ပွဲ ဆာလောင်စိတ်လည်း ရှိမနေခဲ့ပါဘူး။ ဒီပုံ အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ချန်ပီယံလိဂ် မှာလည်း အခြေအနေ ကောင်းဖို့ မရှိသလို ရာသီ အကုန် မှာလည်း အဆင့် ၄ နေရာ ဝင်ဖို့လည်း တော်တော်လေး ရုန်းကန်ရမယ့် သဘော ရှိနေပါတယ်။


လာမယ့်ပွဲစဉ်များ

ယူနိုက်တက် အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တန်းဆင်းဇုန်ထဲက ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး မစ်ဒယ်ဘရော့ ကတော့ ကျူပီအာနဲ့ ချန်ပီယံရှစ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်