နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တစ်ဆင့်တက်ရေး အားစိုက်မယ့် ယူနိုက်တက် ဘက်မှာပဲ ရပ်တည်သင့်တယ် | မန်ချက်စတာယူနိုက်တက် – အက်စတွန်ဗီလာ (အက်ဖ်အေဖလား ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – အက်စတွန်ဗီလာ

မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ရဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ကတော့ အစဉ်အလာ ရှိတဲ့ နှစ်သင်းဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမှာ သေချာပါတယ်။ နည်းပြသစ် လက်ထက်မှာ အကောင်းဆုံး ပုံစံကို မမြင်ရသေးပေမယ့် ရလဒ်ပိုင်း မဆိုးလှတဲ့ ယူနိုက်တက်တို့ ဘယ်လောက် အထိ စွမ်းဆောင်နိုင်မလဲ စောင့်ကြည့်ရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။ ကော့တင်ဟို ရောက်လာတဲ့ ဗီလာ အသင်းကလည်း အဝေးကွင်း ဖြစ်နေပေမယ့် ဘယ်လို လုပ်ဆောင်ပြနိုင်မလဲ ဆိုတာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

စီးရီးအေ
ကာဂလီယာရီ
ဘိုလော့နာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် မှာ ဝုလ်ဗာဟမ်တန်ကို အရေးနိမ့်ခဲ့လို့ ဝေဖန်သံတွေ ဆူညံခဲ့တဲ့ အသင်းပါ။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ ဝက်ဖို့ဒ်ကို အရေးနိမ့်ခဲ့ပြီးတဲ့နောက် ရှုံးပွဲ မရှိခဲ့တာဟာ အခုဆိုရင် ၉ ပွဲမြောက်မှာ ရပ်တံ့သွားခဲ့ရတာလည်း ဖြစ်ပါတယ်။ အကောင်းဆုံးပွဲထွက်၊ အကောင်းဆုံးကစားသမားတွေ ရှိနေပေမယ့် ရလဒ်ပိုင်းအရ လိုအပ်ချက် ရှိနေဆဲလို့ သုံးသပ်ခံနေရဆဲလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထက် အက်ဖ်အေဖလား လို ရှုံးထွက်ပြိုင်ပွဲမှာ အားစိုက်တာက ဆုဖလား မျှော်လင့်ချက်ကို ပိုပြီး အကောင်အထည် ဖော်နိုင်စွမ်း ရှိနေတာကို ရန်းနစ်ခ် အနေနဲ့ ကောင်းကောင်း သဘောက်ပေါက်နေပါလိမ့်မယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကတော့ လက်သင့်ခံနိုင်လောက်တဲ့ အခြေအနေပါ။ ဒါပေမဲ့ အကောင်းဆုံး ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ အသင်း တစ်သင်း အတွက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ မာရှယ်၊ မက်ဂွိုင်းယား၊ ပေါ့ဘာ၊ ဘိုင်လီတို့ ဒဏ်ရာပြဿနာ ရှိနေလို့ ဒီပွဲကို လွဲချော်ဖို့ရှိနေပါတယ်။ တိုက်စစ်မှာ စီရော်နယ်ဒို၊ ကာဗာနီတို့ ဦးဆောင်လာနိုင်ပြီး  ဆန်ချို၊ ဂရင်းဝုဒ်၊ မာတစ်၊ ဗာရိန်း၊ လုခ်ရှောတို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

အက်စတွန်ဗီလာ ကလည်း အက်ဖ်အေဖလား ပြိုင်ပွဲကို ယူနိုက်တက်လို တတိယအဆင့် ကနေ စတင် ယှဉ်ပြိုင်ရတဲ့ အသင်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်ပြီး ၃ ပွဲရှုံးနိမ့်ထားခဲ့တဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာ ကလည်း အက်ဖ်အေဖလား ပြိုင်ပွဲကို ယူနိုက်တက်လို တတိယအဆင့် ကနေ စတင် ယှဉ်ပြိုင်ရတဲ့ အသင်း ဖြစ်ပါတယ်။ ဂျရတ်ရဲ့ အသင်းဟာ လက်ရှိ မှာတော့ ခြေစွမ်းပိုင်း လိုအပ်ချက် အနည်းငယ် ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကစားသမားအင်အား မတောင့်တင်းမှု၊ ဒဏ်ရာပြဿနာတွေကြောင့် နည်းပြ ဂျရတ် ကိုယ်တိုင်အခက်တွေ့နေတာပါ။ နောက်ဆုံး ၅ ပွဲမှာ ပွဲရွှေ့ ၂ ပွဲရှိထားလို့ ကြံ့ခိုင်မှုပိုင်း ပြည့်တယ်ဆိုပေမယ့် ရလဒ်ပိုင်းက လိုအပ်ချက်ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲအတွက် ၂ ပွဲနိုင် ၃ ပွဲရှုံးဆိုတဲ့ ရလဒ်က အဓိကသက်သေပါ။ အထူးသဖြင့် ဗီလာ အနေနဲ့ ခြေစွမ်း မတည်ငြိမ်မှုက ရလဒ်ပိုင်းကို ထိခိုက်စေတာလည်း ဖြစ်ပါတယ်။ အိမ်ကွင်းခြေစွမ်း မာကျောသလောက် အဝေးကွင်းဆိုရင် သိပ်ပြီး အားကိုးလို့မရပါဘူး။ တတိယအဆင့် ရောက်မှစပြီး ပါဝင်ခွင့်ရတဲ့ အသင်းပီပီ နောက်တစ်ဆင့် တက်ရောက်ခွင့် ရဖို့ကိုတော့ အားစိုက်လာမှာ သေချာပါတယ်။ တစ်ခု အားသာချက်ရှိတာက ယူနိုက်တက် နည်းပြထက်စာရင် ဗီလာနည်းပြ ဂျရတ်က ပြည်တွင်းပွဲ အတွေ့အကြုံ ပိုများတာပါ။ ဘိုင်လီ၊ အက်ရှ်လေယန်းက ဒဏ်ရာပြဿနာ၊ ထရေဇီဂေးနဲ့ ထရာအိုရေးက လက်ရွေးစင်ပွဲစဉ်၊ ကစားသမား သစ်ကော့တင်ဟိုက ကိုဗစ် ကူးစက်နေလို့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၁၆၇ ကြိမ်မှာ မန်ချက်စတာယူနိုက်တက်က ၈၈ ကြိမ်နိုင် ၃၉ ကြိမ်သရေကျထားပြီး အက်စတွန်ဗီလာက အကြိမ် ၄၀ ပြန်ပြီး အနိုင်ရထားပါတယ်။ အစဉ်အလာအရ မန်ချက်စတာယူနိုက်တက်တို့ အပြတ်အသတ် အသာရထားခဲ့ပြီး ပရီးမီးယားလိဂ် ပထမအကျော့မှာတော့ အက်စတွန်ဗီလာက ဝ-၁ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
မန်ချက်စတာယူနိုက်တက် – အက်စတွန်ဗီလာအချိန်ပြည့် 1X2 အိမ်ရှင် @ 1.71
ဇန်နဝါရီလ ၁၁ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၆၉ ဆ၊ သရေအတွက် ၃.၄၀ ဆ၊ ဧည်သည့်အသင်း အတွက် ၄.၃၀ ဆ ကြေးဖွင့်ထားပါတယ်။ ရှုံးထွက် ပွဲစဉ်ဖြစ်လို့ နှစ်သင်းလုံးအတွက် အရေးပါဆုံး ပွဲစဉ်တစ်ပွဲ အဖြစ် သေချာပေါက် ပြိုင်ဆိုင်မှုပြင်းထန်မှာ သေချာပါတယ်။ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရပေမယ့် အက်ဖ်အေဖလား ပွဲ အတွက် ကိုတော့ အားစိုက်လာကြမှာပါ။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားတာခြင်း အတူတူဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ခြေ များပါတယ်။ ဂိုးအများဘက်ကို သေချာပေါက် ဖြစ်လာနိုင်ပါတယ်။ ရွေးချယ်မှု တစ်ခုအနေနဲ့ကတော့ ဗီလာထက်စာရင် အိမ်ရှင် မန်ယူနိုက်တက်ကို အားပေးစေချင်ပါတယ်။ အကျိုးအမြတ် အတွက် မန်ယူကို ဂိုးအများနဲ့ အားပေးတာ အသင့်တော်ဆုံးပါပဲ။


ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်