နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘီလာရုစ်ကို ဂိုးပြတ်သွင်းပြီး ကမ္ဘာ့အဆင့် ၁ ဂုဏ်ပုဒ်ကို ဆက်ထိန်းတဲ့ ဘယ်ဂျီယံ – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

ဘယ်ဂျီယံ ၈ – ၀ ဘီလာရုစ်

ဖီဖာ အဆင့်သတ်မှတ်ချက် နံပါတ် ၁ ဘယ်ဂျီယံတို့ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်မှာတော့ ဘီလာရုစ်ကို ၈ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရွှေရောင်မျိုးဆက်နဲ့ အတူ ပြိုင်ဘက်တွေကို အလဲသိပ်နေတဲ့ ဘယ်ဂျီယံတို့ ဒီနေ့ပွဲမှာလည်း အရန်လူစာရင်းနဲ့ ပွဲထွက်လာပေမယ့် ဘီလာရုစ်ကို တစ်ဖက်သတ်ကစားပြီး ဂိုးပြတ် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ရောဘတ်တို မာတီနက်ဇ်ရဲ့ အသင်းက အခုပွဲမှာ ၃-၄-၃ ကစားပုံနဲ့ ပွဲထွက်လာပြီး လူကာကူ၊ မာတန်စ်၊ ကတ်စတန်နီ၊ ဒီဘရိုင်းနား၊ ဆယ်လီမေကာစ် တို့လို ကစားသမားတွေကို အနားပေးခဲ့ပါတယ်။ တိုက်စစ်မှာ ဒိုခု၊ ဘတ်ရှူဝါရီ၊ ထရိုဆက်ဒ်၊ ကွင်းလယ်မှာ သောမက်စ်မူနီယာ၊ ပရက်တ်၊ ဗက်နာကန်၊ သော်ဂန်ဟာဇက်၊ နောက်တန်းမှာ တိုဘီအန်ဒါဝီရယ်၊ ဒီနေယာ၊ ဗာတွန်ဂန်၊ ဂိုးမှာ မစ်ဂနိုလတ် တို့နဲ့ ပွဲထွက်လာပါတယ်။ ဘီလာရုစ် ဘက်မှာတော့ ကစားသမားကောင်းတွေ မရှိတော့လို့ ခြေစွမ်းကတော့ အလယ်အလတ်တောင် မရှိခဲပါဘူး။ ဘယ်ဂျီယံတို့ အခုပွဲမှာ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အချိတ်အဆက် မိမိနဲ့ ကစားခဲ့ပြီး တိုက်စစ်ဆင်လိုက်တိုင်းမှာ ဂိုးရဖို့ မခက်ခဲခဲ့တာတွေ့ရပါတယ်။ ဘယ်ဂျီယံအတွက် ပထမပိုင်း သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၁၄ မိနစ်မှာ ဘတ်ရှူဝါရီ၊ ၁၇ မိနစ်မှာ ဟန်းစ်ဗန်နာကန်၊ ၃၈ မိနစ်မှာ ထရိုဆက်ဒ်၊ ၄၂ မိနစ်မှာ ဒိုခုတို့က သွင်းယူပေးခဲ့လို့ ၄ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘိုယာတာ၊ ဘန်တီကီ၊ ယာနူဇက် တို့ဝင်လာခဲ့ပြီး ဘယ်ဂျီယံ တိုက်စစ်က ခြေမကျသွားလို့ ပွဲချိန် ၄၉ မိနစ်မှာ ပရက်တ်၊ မိနစ် ၇၀ မှာ ခရစ္စတီယန် ဘန်တီကီ၊ ၇၆ မိနစ်မှာ ထရိုဆက်ဒ်၊ ၈၉ မိနစ်မှာ ဟန်းစ်ဗက်နာကန် တို့က ဂိုးတွေ ထပ်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ ၈-၀ ရလဒ်နဲ့ အိမ်ကွင်းနိုင်ပွဲကြီး တစ်ပွဲရခဲ့ပါတယ်။

ဘီလာရုစ်ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီး ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ရေး မျှော်လင့်နေတဲ့ ဘယ်ဂျီယံ

 

ပွဲပြီးသုံးသပ်ချက်

လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံးမှာ ရှိနေတဲ့ ဘယ်ဂျီယံတို့ ပြီးခဲ့တဲ့ပွဲမှာ မထင်မှတ်ပဲ ချက်နဲ့ သရေကျခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ဒုတိယလူစာရင်းနဲ့ အတူ ကြီးမားတဲ့ နိုင်ပွဲ တစ်ပွဲကို ပြန်လည်ရရှိခဲ့ပါတယ်။ ရွှေရောင်မျိုးဆက်နဲ့အတူ အသင်းကြီး တော်တော်များများကို စိန်ခေါ်နိုင်စွမ်း ရှိနေတဲ့ ဘယ်ဂျီယံတို့ အတွက် လူငယ်တွေရဲ့ တောက်ပမှုကတော့ အားရစရာပါပဲ။ ဘယ်ဂျီယံတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၃ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်၊ ရဂိုး ၁၂ ဂိုး ပေးဂိုး ၂ ဂိုးနဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဘီလာရုစ်ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီး ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘယ်ဂျီယံတို့ ခြေစစ်ပွဲ ၃ ပွဲ ကစားပြီးပြီ ဖြစ်လို့ လာမယ့် ဇွန်လမှ ခရိုအေးရှားနဲ့ ခြေစမ်းပွဲ ပြန်ကစားရဖို့ ရှိပြီး ဘီလာရုစ်ကလည်း ဇွန်လ ၃ ရက်နေ့မှ အဇာဘိုင်ဂျန်နဲ့ ခြေစမ်းပွဲ ပြန်လည် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်