နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – ဘယ်လ်ဂျီယံ

သရဲနီတွေလို့ အမည်ပြောင် ခေါ်တဲ့ ဘယ်လ်ဂျီယံ အသင်းဟာ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားတုန်းက ကျရှုံးမှုကို ပြန်ပြီး အဖတ်ဆယ်ဖို့ ရည်မှန်းထားပါတယ်။ နောက်ဆုံး မှာတော့ “ရွှေရောင်မျိုးဆက်” ဆိုတဲ့ တံဆိပ်ကပ်ခံရမှု ကနေ လွတ်မြောက်သွားခဲ့ပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ အသင်းဟာ ရည်မှန်းချက် အသစ် တစ်ခုနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်လှမ်းလာခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၄ နှစ် ကာတာမြေတုန်းက ဘယ်လ်ဂျီယံ တို့ဟာ အသက်အရွယ်ရလာတဲ့ ဝါရင့် ကြယ်ပွင့်တွေကို အချိန်အတော်ကြာ ဖက်တွယ်ထားမိခဲ့တာကြောင့် အုပ်စုအဆင့် ကနေတင် စောစောစီးစီး လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းကတော့ ဒိုမင်နီကို တီဒက်စ်ကိုရဲ့ လမ်းညွှန်မှုအောက်မှာ တောက်ပတဲ့ ခေတ်သစ်တစ်ခုဆီ ကူးပြောင်းနိုင်မယ့် အရိပ်အယောင်မျိုး သိပ်မတွေ့ခဲ့ရပါဘူး။ အခုတော့ ရူဒီ ဂါစီယာ ရောက်ရှိလာခဲ့ပါပြီ။

သူတို့ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး မျိုးဆက်ဟောင်းရဲ့ အကြွင်းအကျန်တချို့ ရှိနေသေးသော်လည်း၊ လက်ရှိ ဘယ်လ်ဂျီယံ ပါရမီရှင် မျိုးဆက်သစ်တွေ ကတော့ ရှေ့တန်းဆီ ရောက်ရှိလာခဲ့ကြပြီး၊ အသင်းအပေါ် ကြီးကြီးမားမား မျှော်လင့်ချက်တွေ မရှိခြင်းက ယခုနွေရာသီမှာ သူတို့ အတွက် သေချာပေါက် ပိုမိုအဆင်ပြေစေပါလိမ့်မယ်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

  • ခြေစစ်ပွဲ မှတ်တမ်း – ၅ ပွဲနိုင်၊ ၀ ပွဲရှုံး၊ ၃ ပွဲသရေ
  • သွင်းဂိုး ၂၉ ဂိုး၊ ပေးဂိုး – ၇ ဂိုး
  • ဂိုးသွင်း အများဆုံး – ကီဗင် ဒီဘရွန်းနား (၆ ဂိုး)
  • ဂိုးဖန်တီးမှု အများဆုံး – အလက်ဆစ် ဆယ်လီမေကာစ် (၄ ဂိုး)

ဘယ်လ်ဂျီယံ အသင်းဟာ ခြေစစ်ပွဲ အုပ်စု (J) ရဲ့ ပထမနေရာကို နောက်ဆုံး ပွဲစဉ်ကျမှသာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပေမယ့်၊ ရှုံးပွဲမရှိ ခြေစစ်ပွဲ မှတ်တမ်း တစ်ခု ကိုတော့ ထပ်မံရယူနိုင်ခဲ့ပြန်ပါတယ်။ မြောက်မက်ဆီဒိုနီးယား၊ ဝေးလ်စ် တို့နဲ့ ပွဲစဉ်တွေမှာ စိန်ခေါ်မှု တချို့ ရှိခဲ့ပေမယ့် ဥရောပရဲ့ အသင်းအသေးလေးတွေကို ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ခြင်းက ဒီနွေရာသီ ပြိုင်ပွဲကြီးဆီ တက်လှမ်းနိုင်ဖို့ ခရီးလမ်းကို တည်ငြိမ်စေခဲ့ပါတယ်။

ကာဒစ်ဖ်မြေမှာ ဝေးလ်စ်အသင်းကို ၄-၂ နဲ့ အထင်ကြီးစရာ အနိုင်ရရှိခဲ့တဲ့ပွဲဟာ လက်ရှိ ဘယ်လ်ဂျီယံ အသင်းရဲ့ ကစားဟန်ကို အပြည့်အဝ ပုံဖော်ပြသခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ဝင်ခွင့် ကိုလည်း အပြတ်အသတ် သေချာစေခဲ့ပါတယ်။

 

နည်းပြချုပ် ရူဒီ ဂါစီယာ

ပြင်သစ် လူမျိုးနည်းပြ ဂါစီယာဟာ ပြီးခဲ့တဲ့ နာပိုလီအသင်း နည်းပြဘဝတုန်းက ၁၆ ပွဲသာ တာဝန်ယူခဲ့ရပြီး အကြီးအကျယ် ကျဆုံးခဲ့ဖူးတာကြောင့်၊ အခုအချိန်မှာတော့ သူ့ရဲ့ သက်တမ်း တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ စင်မြင့်ထက် အတွေ့အကြုံကို ခံစားနေရတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက စတင်တာဝန်ယူခဲ့တဲ့ ဂါစီယာဟာ လူကြိုက်သိပ်မများခဲ့တဲ့ နည်းပြ တီဒက်စ်ကို ထွက်ခွာသွားပြီးနောက် သရဲနီတို့ထံ သွေးသစ်လောင်း ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားဆီ ချဉ်းကပ်လာချိန်မှာ ဘယ်လ်ဂျီယံ အသင်းဟာ နည်းပြ ဂါစီယာရဲ့ လက်အောက်မှာ တစ်ခုခုကို အောင်မြင်အောင် တည်ဆောက်နေတယ် ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့ပြီး ပရိသတ်တွေ သဘောကျအားပေးမယ့် ကစားဟန် တစ်ခုကိုလည်း ထင်ထင်ရှားရှား မြင်တွေ့လာရပါတယ်။

 

ဘယ်လ်ဂျီယံ အသင်းရဲ့ ကစားကွက်နဲ့ စတိုင်

  • နှစ်သက်တဲ့ ကစားကွက် – ၄-၂-၃-၁
  • ကစားဟန် – ဘောလုံးပိုင်ဆိုင်မှုအခြေခံ (Possession)
  • အဓိက အားသာချက်: မျှတတဲ့ ကွင်းလယ်၊ ကွင်းလယ်လူအင်အား တောင့်တင်းမှု၊ တိုက်စစ်ပိုင်းတွင် စူပါစတားများ ရှိနေမှု၊ တက်ကြွထက်မြက်တဲ့ တောင်ပံကစားသမားများ
  • အဓိက အားနည်းချက်: ကမ္ဘာ့ထိပ်သီးအသင်းများနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ပိုင်းဆိုင်ရာ အားနည်းတတ်မှု၊ ပွဲအစပိုင်းတွင် အရှိန်ရရန် နှေးကွေးမှု
အကယ်၍ အုပ်စု (G) မှာ ပထမ ရရှိခဲ့မယ်ဆိုရင် ပွဲစဉ် ဇယား ရေးဆွဲမှုအရ ဘယ်လ်ဂျီယံဟာ အနည်းဆုံး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့် အထိတော့ ရောက်ရှိသွားသင့်ပါတယ်။
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ဖွယ် ရှိနေတဲ့ ဘယ်လ်ဂျီယံ

ကီဗင် ဒီဘရွန်းနား ဟာ ဘယ်လ်ဂျီယံရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့သူ ဖြစ်နိုင်ပေမယ့်၊ ဒီအသင်းရဲ့ အဓိက သတ်မှတ်ချက် ကတော့ တောင်ပံကစားသမားတွေပဲ ဖြစ်ပါတယ်။ ဂျေရမီ ဒိုကုဟာ ဘယ်လိုနောက်ခံလူကိုမဆို တစ်ဦးချင်းရင်ဆိုင်မှုမှာ မျက်စိလည်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိသလို၊ ဒိုဒီ လူကီဘာကီယို ဟာလည်း ညာခြမ်းကနေ အတွင်းထဲကို ဖြတ်ဝင်လာချိန်မှာ ကောင်းမွန်တဲ့ ဘယ်ခြေကန်ချက်တွေကို ပိုင်ဆိုင်ထားပါတယ်။

ခြုံငုံ ပြောရရင် နည်းပြ ဂါစီယာဟာ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံပြီး အောင်မြင်မယ့် ကစားကွက်ပုံစံ အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေကို ကောင်းကောင်း ချမှတ်ပေးထားနိုင်ခဲ့ပြီး၊ ဘယ်လ်ဂျီယံဟာ ပြိုင်ဘက်တွေကို ဂိုးမိုးရွာ သွေးပျက်အောင် ကစားပြနိုင်စွမ်း ရှိပါတယ်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – ဂျရယ်မီ ဒိုကု

ကမ္ဘာ့အဆင့် ဒီနွေရာသီ မြောက်အမေရိကမြေမှာ ဘယ်လ်ဂျီယံကို ဦးဆောင်မယ့် အဓိက ကစားသမား ကတော့ ဒိုကု ပါပဲ။ ကစားကွက်ကို အလှည့်အပြောင်းလုပ်နိုင်တဲ့ ဒီမန်ချက်စတာစီးတီး တောင်ပံကစားသမားဟာ သူ့ရဲ့ လျင်မြန်လှတဲ့ ခြေထောက်တွေဆီ ဘောလုံးရောက်လာတိုင်း ပရိသတ်တွေကို ပွဲထိုင်ခုံကနေ ထရပ်ရလောက်အောင် ဆွဲဆောင်နိုင်သူ ဖြစ်ပြီး၊ ပြိုင်ဘက် နောက်ခံလူတွေကို ပင်ပန်းနွမ်းလျသွားအောင် လိုက်လံ မွှေနှောက်ရတာကို တကယ်ပဲ အနှစ်သက်ဆုံးသူ ဖြစ်ပါတယ်။

 

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – ဂျိုအာကင် ဆေးစ်

ဘယ်လ်ဂျီယံရဲ့ လူစာရင်းမှာ အတွေ့အကြုံရင့် ဝါရင့်ကစားသမားကြီးတွေ အများကြီး ရှိနေသလို၊ ပွဲကစားချိန် များပြားထားတဲ့ အသက်ကြီး ကစားသမား တချို့လည်း ပါဝင်နေပါတယ်။ အဲဒီအခြေအနေမှာ အသက် ၂၁ နှစ် အရွယ် ဂျိုအာကင် ဆေးစ် ပေါ်ထွက်လာခဲ့ပါပြီ။ သူဟာ မမောမပန်း ပြေးလွှားနိုင်ပြီး ဘောလုံးဖြတ်တင်မှုတွေ အလွန်ကောင်းမွန်တဲ့သူ ဖြစ်ပါတယ်။ သူဟာ အရန်ခုံတန်းကနေ စတင်ရဖို့ များပေမယ့်လည်း၊ ပွဲထဲဝင်လာချိန်မှာ သူ့ရဲ့ အတွေ့အကြုံရင့် စီနီယာ ကစားသမားတွေကို ကူညီရင်း အကျိုးသက်ရောက်မှု တချို့ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

ဘယ်လ်ဂျီယံရဲ့ ခန့်မှန်းလူစာရင်း 

ဂိုးသမား သီဘောက် ကော့တွာစ်ဟာ ယခင် နည်းပြလက်ထက်တုန်းက မကစားချင်ဘူးလို့ ငြင်းဆန်ခဲ့ရာ ကနေ အခုဆိုရင် အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သလို၊ ဒီဘရွန်းနား ကလည်း နံပါတ် ၁၀ နေရာ ကနေ ဘယ်လ်ဂျီယံ အသင်းရဲ့ ဩဇာအရှိဆုံး တွန်းအားအဖြစ် ဆက်ရှိနေဦးမှာပါ။

ဒါပေမယ့် တခြား ဝါရင့်ကစားသမား တစ်ဦး ဖြစ်တဲ့ ရိုမယ်လူ လူကာကူ အတွက် ကတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ သူဟာ ဒီဘရွန်းနား လိုပဲ ၂၀၂၅-၂၆ ရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် သူ့ရဲ့နေရာမှာ ပိုမိုလှုပ်ရှားမှု ပျော့ပျောင်း ညက်ညောတဲ့ တိုက်စစ်မှူး ချားလ်စ် ဒီ ကက်တယ်လာရီက အစားထိုး ဝင်ရောက်လာနိုင်ပါတယ်။

တောင်ပံ ကစားသမားနေရာတွေ ကတော့ အထူးသဖြင့် ပြီးခဲ့တဲ့ မတ်လတုန်းက အမေရိကန် နဲ့ ပွဲမှာ လူကီဘာကီယို ခြေစွမ်းပြခဲ့ပြီး နောက်ပိုင်း အလိုအလျောက် ပွဲထွက်ခွင့်ရဖို့ သေချာနေပါတယ်။ ရှေ့တန်း တစ်ကြောလုံးမှာ ကစားနိုင်တဲ့ အာဆင်နယ်က လီအန်ဒရို ထရော့ဆက်ဒ်နဲ့ ဆယ်လီမေကာစ် တို့ ရှိနေတာ ကိုလည်း မေ့ထားလို့ မရပါဘူး။ အက်စတွန်ဗီလာ အသင်းဖော်တွေ ဖြစ်ကြတဲ့ အာမာဒူ အိုနာနာ နဲ့ ယူရီ တီလမန်းစ်တို့ ကတော့ ဂါစီယာရဲ့ ကွင်းလယ် အထိုင် အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။

ခံစစ်ပိုင်းမှာတော့ အတွေ့အကြုံနည်းပါးမှုအချို့ ရှိနေပြီး နည်းပြ ဂါစီယာအနေနဲ့ ယခုနွေရာသီမှာ လူငယ်ကစားသမား ဘယ်နှစ်ယောက်အထိ ယုံကြည်မှုပေးမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဂျိုအာကင် ဆေးစ် ကတော့ လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့ပေမယ့်၊ အဆင့်မြင့် သတ်မှတ်ခံထားရတဲ့ နေသန် ဒီ ကတ်၊ မိကာ ဂေါ့ဒ်စ်နဲ့ လူကပ်စ် စတက်စင်တို့ ကတော့ ပြီးခဲ့တဲ့ မတ်လတုန်းက ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပေမယ့်လည်း နောက်ဆုံး လူစာရင်း မှာတော့ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ အသင်းဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး နိုင်ငံတကာ သီတင်းပတ်အတွင်းမှာ မြောက်အမေရိကမြေဆီ သွားရောက်ခဲ့ပြီး ပူးတွဲ အိမ်ရှင် ၃ နိုင်ငံထဲက ၂ နိုင်ငံနဲ့ ရင်ဆိုင်ခဲ့ပါတယ်။

အမေရိကန်အသင်းကို ၅-၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီးနောက်၊ ဂါစီယာရဲ့ အသင်းဟာ မက္ကဆီကို အသင်းနဲ့ ပွဲမှာတော့ ၁-၁ ဂိုးနဲ့ သရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း သရဲနီ တို့ဟာ ယုံကြည်မှု အပြည့်နဲ့ ဥရောပမြေဆီ ပြန်လာနိုင်ခဲ့တာပါ။ ဘယ်လ်ဂျီယံရဲ့ အတောင့်တင်းဆုံး ခံစစ် အတွဲအစပ်က ဘယ်လိုဖြစ်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ရှိနေသေးပေမယ့်လည်း၊ တိုက်စစ်ပိုင်း ကတော့ အလွန် အန္တရာယ်ရှိတဲ့ အင်အားစု တစ်ခု ဖြစ်နေပုံရပါတယ်။

 

အသင်း အပေါ် ခန့်မှန်းချက်များ

ဘယ်လ်ဂျီယံ ပြည်သူအများစုဟာ ၂၀၁၈ ခုနှစ်တုန်းက ဆီမီးဖိုင်နယ်မှာ စိတ်ပျက်စရာ ရှုံးနိမ့်ခဲ့မှုနဲ့ ကာတာမြေက ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် စိတ်ဒဏ်ရာ ရရှိထားခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိ ဂါစီယာရဲ့ သရဲနီတို့ အနေနဲ့ ယခုနွေရာသီမှာ ပြိုင်ဘက်တွေကို အကောင်းဆုံး တုံ့ပြန်ကစားပြနိုင်လိမ့်မယ် ဆိုတဲ့ အတွေးအခေါ်မျိုး ကတော့ နိုင်ငံအတွင်းမှာ စတင် အမြစ်တွယ်လာနေပါပြီ။

ဒါပေမယ့်လည်း “ရွှေရောင်မျိုးဆက်” ခေတ်တုန်းက တစ်ကမ္ဘာလုံးကို စိုးမိုးလိမ့်မယ်လို့ မျှော်လင့်ခံခဲ့ရတဲ့ ဖိအားမျိုးနဲ့ ယှဉ်ရင်တော့ အခုအခြေအနေက ဘာမှမဟုတ်ပါဘူး။ အခုတစ်ကြိမ်မှာ အဲဒီလို မြင့်မားတဲ့ မျှော်လင့်ချက်မျိုး မရှိတော့တဲ့အပြင်၊ အုပ်စုတွင်း ပြိုင်ဘက်တွေ ကလည်း သိပ်မပြင်းထန်တာကြောင့် ပြိုင်ပွဲမှာ အဝေးကြီးအထိ သွားနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ပိုမိုတောက်ပလာစေပါတယ်။ အကယ်၍ အုပ်စု (G) မှာ ပထမ ရရှိခဲ့မယ်ဆိုရင် ပွဲစဉ် ဇယား ရေးဆွဲမှုအရ ဘယ်လ်ဂျီယံဟာ အနည်းဆုံး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့် အထိတော့ ရောက်ရှိသွားသင့်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်