ပူးတွဲ အိမ်ရှင် ကနေဒါ ကတော့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာ တောင်အာဖရိက အသင်းကို ၁-၀ ရလဒ်နဲ့ သမိုင်းဝင် အနိုင်ရရှိထားခဲ့ပါတယ်။ ဒီလို အနိုင်ရပြီးနောက် ကနေဒါ နည်းပြ ဂျက်ဆီ မာ့ရှ်ဟာ နောက်တစ်ဆင့်မှာ “ ကမ္ဘာ့ဘောလုံးလောကရဲ့ ဘယ်လို အသင်းကြီးတွေနဲ့ တွေ့တွေ့ အလဲထိုးပစ်ဖို့ ဆာလောင်နေပါတယ်။
လော့စ်အိန်ဂျလိစ်မြို့မှာ ကစားခဲ့တဲ့ ပွဲမှာ အသင်းခေါင်းဆောင် စတီဖန် အက်စတာကွီယို ရဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပို သွင်းဂိုးနဲ့အတူ ကနေဒါဟာ တောင်အာဖရိကကို ၁-၀ နဲ့ အနိုင်ရခဲ့တာပါ။ အခုနှစ် ပြိုင်ပွဲမတိုင်ခင် အထိ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲမှ မနိုင်ဖူးခဲ့တဲ့ ကနေဒါ အသင်းဟာ အုပ်စုအဆင့်မှာ ကာတာကို နိုင်ပြီး ပထမဆုံး နိုင်ပွဲရခ့်ပါတယ်။ အခုလည်း သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ် မှာတင် ထပ်မံ အနိုင်ရရှိပြီး သမိုင်းသစ်တွေ ဆက်တိုက် ရေးထိုးနေတာ ဖြစ်ပါတယ်။
သမိုင်းဝင် နောက်ဆုံးမိနစ် သွင်းဂိုး
ပွဲချိန် ၉၁ မိနစ် ၃ စက္ကန့်မှာ သွင်းယူခဲ့တဲ့ အက်စတာကွီယို ရဲ့ ဂိုးဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် သမိုင်းမှာ ၂၀၁၈ ခုနှစ်တုန်းက ဂျပန်နဲ့ ပွဲမှာ ဘယ်လ်ဂျီယံ ကစားသမား နာဆာ ချက်ဒ်လီရဲ့ ၃-၂ ဖြစ်စေခဲ့တဲ့ သွင်းဂိုး ပြီးရင် မိနစ် ၉၀ အတွင်း ပေါ်ထွက်လာခဲ့တဲ့ ပထမဆုံးသော အနိုင်ဂိုး ဖြစ်လာခဲ့ပါတယ်။
ပွဲအပြီး ကွင်းထဲမှာ ကစားသမားတွေကို စုဝေးပြီး စကားပြောချိန်မှာ နည်းပြ မာ့ရှ်က အခုလို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ “မင်းတို့အားလုံး ကိုယ့်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြသနိုင်ခဲ့ကြပြီ။ ခင်ဗျား တို့ဟာ အခုအချိန်မှာ ကနေဒါနိုင်ငံရဲ့ သူရဲကောင်းတွေ ဖြစ်သွားကြပါပြီ။ ဒီနိုင်ငံရဲ့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေ အတွက် ခင်ဗျား တို့ဟာ စံပြသူရဲကောင်းတွေပဲ။ ဒီနိုင်ငံမှာ ဘောလုံးအားကစား ရေရှည်ဖွံ့ဖြိုးဖို့က ခင်ဗျားတို့ အပေါ်မှာပဲ မူတည်တယ်။ ဒီပွဲကြောင့် မင်းတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ကြစမ်းပါ။” လို့ မာ့ရှ်က ဆိုပါတယ်။
ထိပ်သီးတွေကို စိန်ခေါ်မယ့် ကနေဒါရဲ့ ရှေ့ဆက်ခရီး

ကနေဒါ အသင်းဟာ လာမယ့် စနေနေ့၊ ဟူစတန်မြို့မှာ ကစားမယ့် ၁၆ သင်းအဆင့် နေရာ အတွက် ကမ္ဘာ့အဆင့် ၇ နဲ့ ၈ နေရာမှာ အသီးသီး ရှိနေကြတဲ့ မော်ရိုကို ဒါမှမဟုတ် နယ်သာလန် အသင်း တို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နည်းပြ မာ့ရှ်ကတော့ သူတို့ နှစ်သင်း တနင်္လာနေ့မှာ ကစားမယ့် ပွဲကို သွားရောက် ကြည့်ရှုဖို့ အားခဲထားပါတယ်။
“ကျွန်တော် ဒီနေ့ပဲ မွန်တာရေးမြို့ကို ပျံသန်းပြီး မော်ရိုကိုနဲ့ နယ်သာလန်တို့ ပွဲကို ကွင်းထဲ အထိ သွားကြည့်မှာပါ။ မနက်ဖြန်ကျရင် ကွင်းထဲမှာ ကျွန်တော် ရှိနေပါလိမ့်မယ်။
အခြေအနေတွေကို သွားရောက် လေ့လာပြီး ကျွန်တော့် ကစားသမားတွေ အဆင့်သင့်ဖြစ်နေအောင် ပြင်ဆင်သွားမှာပါ။ သူတို့တွေဟာ ဘယ်လို ဘီလူးကြီးမျိုးနဲ့ပဲ တွေ့တွေ့ အရာအားလုံးကို ပုံအောပြီး ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ နယ်သာလန်ပဲ ဖြစ်ဖြစ်၊ မော်ရိုကိုပဲ ဖြစ်ဖြစ် ဒါဟာ ကျွန်တော် လိုချင်တဲ့ အခြေအနေပါပဲ။ ကျွန်တော့် အသင်းဟာ ဒီလို အသင်းကြီးတွေကို စိန်ခေါ်ပိုင်ခွင့် ရှိတယ် ဆိုတာ သက်သေပြချင်ခဲ့တာ ဖြစ်ပြီး၊ အခုတော့ အဲဒါကို လက်တွေ့ လုပ်ဆောင်ပြတော့မှာပါ။” လို့ မာ့ရှ်က ကြွေးကြော်သွားခဲ့ပါတယ်။
ကနေဒါတို့ရဲ့ စံချိန်တင် မှတ်တမ်းများ
တောင်အာဖရိကနဲ့ ပွဲက ဂိုးတည့်ကန်ချက် ၇ ကြိမ် အပါအဝင် ကနေဒါ အသင်းဟာ အခုနှစ် ၂၀၂၆ ကမ္ဘာ့ဖလားမှာ စုစုပေါင်း ဂိုးတည့်ကန်ချက် ၂၈ ကြိမ် အထိ ရှိထားပြီး ဒါဟာ ပြိုင်ပွဲတစ်လျှောက်လုံးမှာ အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုတည်းမှာ CONCACAFဇုန် အသင်း တစ်သင်းရဲ့ အများဆုံး ဂိုးပေါက်တည့် ကန်ချက် အဖြစ် ၁၉၈၆ က မက္ကဆီကို အသင်းရဲ့ စံချိန်ကိုပါ လိုက်မှီသွားခဲ့တာ ဖြစ်ပါတယ်။ ကနေဒါဟာ တောင်အာဖရိကထက် ကန်ချက် နှစ်ဆ (၁၂ ကြိမ် – ၆ ကြိမ်) အထိ ပိုမို များပြားခဲ့သလို မျှော်မှန်းဂိုး (xG) အချိုးမှာလည်း ၁.၃၂ ရှိခဲ့ပြီး တောင်အာဖရိကကို ၀.၁၃ သာ ပေးခဲ့ရတာကြောင့် ထိုက်ထိုက်တန်တန် နိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက် မှာတော့ အသက် ၇၄ နှစ်အရွယ်နဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို ဦးဆောင်တဲ့ သက်ကြီးရွယ်အို အဖြစ် စံချိန်တင်ခဲ့တဲ့ တောင်အာဖရိက နည်းပြ ဟူဂို ဘရို့စ် ကလည်း ကနေဒါဟာ ပိုကောင်းတဲ့ အသင်း ဖြစ်လို့ နိုင်သွားတာကို အခုလိုပဲ ဝန်ခံခဲ့ပါတယ်။
“ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကလိုပဲ အသင်း အတွက် ဂုဏ်ယူနေဆဲပါ။ ကျွန်တော်တို့ အကောင်းဆုံး ကမ္ဘာ့ဖလား ခရီးစဉ် တစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ကနေဒါလိုမျိုး ခွန်အားရော အရှိန်အဟုန်ပါ ကောင်းတဲ့ အသင်းနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့ နောက်ကောက်ကျခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ သင်ခန်းစာယူရမယ့် အချက်ပါ။ ဒီလိုပြိုင်ပွဲကြီးကို ရောက်လာရတာ အသင်း အတွက် တကယ်ကို အရေးကြီးပါတယ်။ လာမယ့်လတွေမှာ ဒီထက်ပိုပြီး တောင့်တင်းတဲ့ အသင်း ဖြစ်လာအောင် ကြိုးစားသွားမှာပါ။” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


