နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ဘယ်လောက် ထက်မြက်တယ် ဆိုတာ သက်သေပြလိုက်တဲ့ ခရိုအေးရှား | ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပွဲပြီးသုံးသပ်ချက်)

မော်လ်တာ ၁ – ၇ ခရိုအေးရှား

မနေ့ညက မော်လ်တာနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ် မှာတော့ ခရိုအေးရှားတို့ လိုအပ်နေတဲ့ နိုင်ပွဲကို ရအောင် ယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ မော်လ်တာရဲ့ ခြေစွမ်း ကတော့ အမှတ်ခွဲယူနိုင်တဲ့ အခြေအနေမှာ ရှိမနေတဲ့ အတိုင်း ဘာမှကို လုပ်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။ တစ်ပွဲလုံး ခရိုအေးရှားကပဲ ပွဲကို ဦးဆောင်ခဲ့တာပါ။ မော်လ်တာ ရခဲ့တဲ့ ဂိုးတစ်ဂိုး ကတောင် ခရိုအေးရှားတို့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိလို့ ရခဲ့တာပါ။ ဒီပွဲ အနိုင်ရလဒ်ကြောင့် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မယ့် အခြေအနေကောင်း တစ်ရပ်ကို ခရိုအေးရှားတို့ ရရှိသွားခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ခရိုအေးရှားရဲ့ စုဖွဲ့မှုကို မော်လ်တာတို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ပါရီဆစ်၊ ကာမာရစ်၊ မိုဒရစ်၊ မာဂျာ၊ ပါဆာလစ်တို့ရဲ့ စုဖွဲ့မှုကို မော်လ်တာ နောက်တန်း ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာပါ။ ၃-၄-၃ အခြေခံခဲ့တဲ့ မော်လ်တာရဲ့ နောက်တန်း အနေနဲ့ ခံစစ်ဇုန်ထဲ ၇ ယောက် အထိ ရှိခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ပါရီဆစ်၊ မာဂျာတို့ရဲ့ ခရိုအေးရှား တောင်ပံကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတာပါ။ပွဲအစ ၆ မိနစ်မှာတင် ပါရီဆစ်က ခရိုအေးရှားတို့ အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဆက်တိုက် ဆိုသလို ကာလီတာကားက ပွဲချိန် ၂၂ မိနစ်မှာတော့ ဒုတိယမြောက် ဦးဆောင်ဂိုး ရယူ ပေး နိုင်ခဲ့ပြန်ပါတယ်။ ၂ ဂိုး ဆက်တိုက် ပေးလိုက်ရ ပြီးတဲ့နောက် ကစားပုံ အနည်းငယ် ပြင်ဆင်လာတဲ့ မော်လ်တာကြောင့် ခရိုအေးရှားတို့ ထင်သလောက် တိုက်စစ် မဆင်ရဲတော့ပါဘူး။ တန်ပြန် တိုက်စစ် ကနေ ထိုးဖောက်မှု အချို့ ပြုလုပ် နိုင်ခဲ့ခြင်းက မော်လ်တာတို့ အတွက် မျှော်လင့်ချက် ဖြစ်လာခဲ့ ပါတယ်။ တကယ်တမ်းမှာလည်း ဘရိုဇိုဗစ်ရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်း မိခဲ့ခြင်းက မော်လ်တာ အတွက် ချေပဂိုး တစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ၁-၂ ဂိုး ဆိုတဲ့ ရလဒ်က စိတ်မချရတဲ့ အခြေအနေ ဖြစ်လို့ ခရိုအေးရှားတို့ တိုက်စစ်ပိုင်းကို ပိုပြီးဖိအားပေး ကစားလာခဲ့ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာ ပါဆာလစ်၊ ပွဲချိန် ၄၅+၁ မိနစ်မှာ မိုဒရစ်တို့က ဂိုးတွေ ထပ်ယူ ပေးခဲ့တဲ့ အတွက် ခရိုအေးရှားတို့ အနိုင် ပြတ်သတ်မှုအစ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာလည်း မော်လ်တာရဲ့ ကစားပုံက ပြိုင်ဘက်ကောင်း အဖြစ် ရှိမနေခဲ့တဲ့ အတွက် ခရိုအေးရှားကပဲ ဦးဆောင်ဂိုးတွေ ထပ်ပြီး ရယူ သွားနိုင်ခဲ့ပါတယ်။ မိနစ် ၂၀ အတွင်း နောက်ထပ် သွင်းဂိုး ၃ ဂိုး ထပ်ယူ နိုင်ခဲ့တဲ့ ခရိုအေးရှား တိုက်စစ် တော်တော်လေး ထက်မြက်ခဲ့တာပါ။ မော်လ်တာ အတွက် ကတော့ အိမ်ကွင်း ဖြစ်ပေမယ့် ဘာမှ မျှော်လင့်ချက် မရှိတဲ့ အချိန်မှာ အသင်းကြီး တစ်သင်းဆီကို ဘာမှကို မျှော်လင့်လို့ကို မရခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲချိန် ၄၇ မိနစ်နဲ့ ပွဲချိန် ၆၄ မိနစ် တို့မှာ တောင်ပံ ကစားသမား မာဂျာက ၂ ဂိုး ဆက်တိုက် သွင်းယူခဲ့သလို ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတဲ့ ကာမာရစ်က ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူပေးခဲ့လို့ ခရိုးအေးရှားတို့ ဂိုးပြတ် နိုင်ပွဲတစ်ပွဲ ရရှိသွား ခဲ့တာပါ။

 

ပွဲပြီးသုံးသပ်ချက်

မော်လ်တာ အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် မရှိတဲ့ အခြေအနေမှာ ခရိုအေးရှားတို့ ကတော့ ရသင့်ရထိုက်တာ အားလုံး ရယူသွားခဲ့တယ်လို့ ဆိုရမှာပါ။ တိုက်စစ်ပိုင်း ထက်မြတ်မှု၊ ခံစစ်ပိုင်း သေသပ်မှုတွေ နဲ့အတူ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ခရိုအေးရှားတို့ ဖန်တီး နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲမတိုင်ခင် ကတည်းက ခရိုအေးရှားရဲ့ သွင်းဂိုးတွေကို ထိုင်ပြီး ရေတွက်ရမယ်လို့ သုံးသပ်ခဲ့တဲ့ အတိုင်း အမှန်တကယ် ဖြစ်လာတာပါ။ ဒီပွဲ ဂိုးပြတ် အနိုင်ရလဒ်ကြောင့် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိလာတဲ့ ခရိုအေးရှား အတွက် နောက်ဆုံး ပွဲစဉ်က အရေးပါဆုံးပွဲ ဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ရေး ရုရှားနဲ့ ရင်ဆိုင်ရမယ့် အုပ်စု နောက်ဆုံးပွဲ အတွက် ခရိုအေးရှားတို့ ယုံကြည်မှုပိုင်း တည်ဆောက်ခဲ့တဲ့ ပွဲလို့ပဲ သုံးသပ်ရမှာပါ။

 

လာမယ့်ပွဲစဉ်များ

မော်လ်တာ အသင်း အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဆလိုဗက်ကီးယား အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေလို ခရိုအေးရှား အသင်းကလည်း အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် အဆင့် ၁ နေရာက ရုရှားအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရဖို့ရှိနေခဲ့တာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်