နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုကြီး ခြေရာနင်းဖို့ တာဆူနေတဲ့ အန်းဒရစ် | ကမ္ဘာ့ဖလား

အန်းဒရစ် ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမယ့် ဘရာဇီးလ် လက်ရွေးစင် အသင်းကြီးနဲ့ ပူးပေါင်းဖို့ အခြေစိုက်ရာ နေရာကို ရောက်နေခဲ့ပါပြီ။ အသက် ၁၇ နှစ်ပဲ ရှိသေးပြီး ရော်နယ်ဒိုကြီး နောက်ပိုင်း ဘရာဇီးလ်မှာ အသက်အငယ်ဆုံး ရွေးချယ်ခံရသူ အဖြစ်နဲ့ ရောက်ရှိလာတဲ့ အန်းဒရစ်ကို အားလုံးက စောင့်ကြည့်နေပါပြီ။

ကိုလံဘီယာ၊ အာဂျင်တီးနား တို့နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် သူ့ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး ပါးမီးယက်စ် ကြယ်ပွင့်က ဘာလုပ်ပြနိုင်မလဲ စိတ်ဝင်စားစရာပါ။ ဒီရာသီမှာ သူက ပါးမီးယက်စ် အတွက် ၄၉ ပွဲအထိ ကစားပေးထားပြီး ၁၂ ဂိုးသွင်း၊ ၁ ကြိမ် ဖန်တီးပေးထားပါတယ်။ လူငယ် တစ်ဦး အနေနဲ့ သူ့ရဲ့ ခြေစွမ်းက အထင်ကြီးစရာပါ။ ပြီးခဲ့တဲ့ ဘရာဇီးလ်လိဂ် ပွဲတုန်းကလည်း အသင်းက ဂိုးပြတ် အရေးနိမ့်ချိန်မှာ သူက ၂ ဂိုး သွင်း၊ ၁ ကြိမ် ဖန်တီးကာ ခြေစွမ်းပြလို့ သူ့အသင်း ပြန်လည် အနိုင်ရခဲ့ပါသေးတယ်။ အဲဒီမှာ သူ့နာမည်က ပိုပြီးတော့ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။ 

လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သူ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ၊ ဘာတွေ ထူးထူးခြားခြား ဖန်တီးပြီး သူက ဘရာဇီးလ်ရဲ့ အကျော်ကြားဆုံး လူငယ်ကစားသမား ဖြစ်ရတာလဲ ဆိုတာကို ပြသမလဲ စောင့်ကြည့်ရပါမယ်။
ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရထားတဲ့ အန်းဒရစ်

ဘရာဇီးလ်က အစဉ်အလာ အတိုင်း လူငယ်မျိုးဆက်သစ်တွေ ထွက်ပေါ်နေဆဲပါ။ ဒီထဲမှာ အန်းဒရစ်က နာမည် အကျော်ဆုံးပဲ။ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်လို့ လာမယ့်နှစ်မှာ စပိန် လာလီဂါကို သူ ရောက်လာပါတော့မယ်။ အဲဒီမတိုင်ခင်ကို လက်ရွေးစင် အသင်းကြီး အတွက် ရွေးချယ်ခံလိုက်ရတာ ဖြစ်ပြီး သူ့ခြေစွမ်းက ဘယ်လောက်ထိ မျှော်လင့်ချင်စရာကောင်းလဲ ဆိုတာ သိသာပါတယ်။ 

ဘယ်ခြေထောက်ပိုင်ရှင် ကစားသမားက ဂိုးကန်သွင်းချက်တွေ ကောင်းတယ်၊ ဘရာဇီးလ်ရဲ့ အကောင်းဆုံး ကစားသမားတောင် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။ အမြဲတမ်း တိုက်ပွဲဝင်လိုစိတ် ပြင်းပြပြီးတော့ နောက်ဆုံး မိနစ်အထိ သူက ကြိုးစား အားထုတ်တတ်သူ လို့လည်း သူ့ကိုယ့်သူ ညွှန်းဆိုထားပါတယ်။ တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်ပြီး ဘရာဇီးလ်သားပီပီ ဘောလုံးပညာပိုင်း ပြည့်၀ပုံက မေးခွန်းထုတ်စရာ မရှိပါဘူး။ 

ယူအီးအက်ဖ်အေ ယူရို 2024
ဒိန်းမတ်
စလိုဗေးနီးယား
1X2 ဆလိုဗေးနီးယား @ 5.20
ဒိန်းမတ် အာရှ ဟန်းဒီးကပ် -1.00 @ 1.94
ဂိုးပေါ် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အတွေ့အကြုံ ပိုရလာမယ်၊ ပိုကောင်းတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ၊ အသင်းဖော်တွေရဲ့ ကူညီမှုတွေနဲ့ ဆိုရင် အချိန်ခဏလေး အတွင်းမှာပဲ သူက ကျော်ကြားလာဦးမှာပါ။ ဗင်နီစီးယက်စ် ဂျူနီယာ၊ ရိုဒရီဂို တို့လို ဖြစ်လာမယ့် ကစားသမား လို့လည်း သေချာပေါက်ပြောနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒိုကြီး နောက်ပိုင်း အသက်အငယ်ဆုံး ရွေးချယ်ခံရသူဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် သူ့ကို စောင့်ကြည့်သူတွေ များပြားနေပြီး ဒါက ဖိအား တစ်ခု အနေနဲ့ ရှိတာကို သတိထားပြီး တွန်းလှန်ဖို့တော့ လိုပါတယ်။ 

လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သူ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ၊ ဘာတွေ ထူးထူးခြားခြား ဖန်တီးပြီး သူက ဘရာဇီးလ်ရဲ့ အကျော်ကြားဆုံး လူငယ်ကစားသမား ဖြစ်ရတာလဲ ဆိုတာကို ပြသမလဲ စောင့်ကြည့်ရပါမယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်