နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ပါ မျှော်လင့်နေကြောင်း ဖွင့်ဟခဲ့တဲ့ ယာအို ဖီးလစ် | ကမ္ဘာ့ဖလား

အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင် ဆင်နွှဲချင်နေတယ် ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ တကယ်တော့ ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို ဝင်ရောက် ဆင်နွှဲချင်ရုံသာ မဟုတ်ပဲ ချန်ပီယံ ဖြစ်ဖို့ဟာ ရော်နယ်ဒိုရဲ့ အိမ်မက် ဖြစ်ကြောင်း အသင်းဖော် ယာအို ဖီးလစ်က ဖွင့်ဟလာခဲ့ပါတယ်။

TNT Sport နဲ့ အင်တာဗျူးမှာ ယာအို ဖီးလစ်က ပေါ်တူဂီ အသင်းဖော် ရော်နယ်ဒိုရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုက ကမ္ဘာ့ဖလား ရယူဖို့ အိပ်မက်မက်နေတာပါ။ ကျွန်တော်တို့ အနေနဲ့ သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ အတွက် အရာအားလုံးကို လုပ်ဆောင်သွားကြမှာပါ။ ရော်နယ်ဒို အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင် ယှဉ်ပြိုင်ကစားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသက် ၄၀ ပြည့်မှာ ဖြစ်ပြီးတော့ အကယ်၍ ၂၀၂၆ ကမ္ဘာ့ဖလား ပါဝင် ကစားမယ် ဆိုရင်တော့ အဲဒီ အချိန်မှာ သူ့ရဲ့ အသက်က ၄၁ နှစ်ကျော်နေမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက ပေါ်တူဂီ လက်ရွေးစင် အသင်း ကနေ အနားယူဖို့ အစီအစဉ် မရှိသေးပဲ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားပြီး ချန်ပီယံ ဖြစ်ဖို့ပါ မျှော်လင့်နေတာ ဖြစ်ကြောင်း သိရပါတယ်။

အကယ်၍ ရော်နယ်ဒိုသာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အထိ ကစားဦးမယ် ဆိုရင်တော့ သွင်းဂိုး ၁၀၀၀ ပြည့်နိုင်ချေလည်း ရှိနေပါတယ်။
ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ မျှော်လင့်နေတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၂၁၇ ပွဲ ကစားထားပြီးတော့ ၁၃၅ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ပေါ်တူဂီ အတွက် ပွဲအများဆုံး ကစားထားကာ ဂိုးအများဆုံး သွင်းယူထားသူ အဖြစ် ရပ်တည်နေသလို၊ ဘောလုံး သမိုင်းမှာလည်း လက်ရွေးစင် အသင်း အတွက် သွင်းဂိုး အများဆုံး ရယူထားနိုင်တဲ့ ကစားသမား အဖြစ် ရပ်တည်နေခဲ့ပါတယ်။

ဒါ့အပြင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၅ ကြိမ် ကစားထားပြီး ပွဲပေါင်း ၂၂ ပွဲမှာ ၈ ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဲလ်နာဆာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ကမ္ဘာ့လုပ်ခ လစာ အများဆုံး အားကစားသမား အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပြီး တစ်ပတ် လုပ်ခ ဒေါ်လာ ၄ သန်းကျော်နဲ့ တစ်နှစ် လုပ်ခ ဒေါ်လာ သန်း ၂၁၀ ကျော် ရရှိနေသူ ဖြစ်ပါတယ်။

ရော်နယ်ဒိုက အဲလ်နာဆာ အတွက် ၈၉ ပွဲ ကစားကာ ဂိုး ၈၀ သွင်းယူထားပါတယ်။ ဒီရာသီမှာလည်း ရော်နယ်ဒိုက ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားကာ ၁၆ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ကစားသမားဘဝ သွင်းဂိုး ၉၁၆ ဂိုး အထိ ရရှိထားပြီးတော့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ မျှော်လင့်ထားပါတယ်။ အကယ်၍ ရော်နယ်ဒိုသာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အထိ ကစားဦးမယ် ဆိုရင်တော့ သွင်းဂိုး ၁၀၀၀ ပြည့်နိုင်ချေလည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်