နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်စတာဂရမ် မှာပါ ရော်နယ်ဒိုကို အသာရခဲ့တဲ့ မက်ဆီ၊ ဆုပေးပွဲက လုပ်ရပ်ကို ရှင်းပြခဲ့တဲ့ မာတီနက်ဇ် (ကမ္ဘာ့ဖလား နောက်ဆုံးရ သတင်းများ)

အခု ဆိုရင်တော့ ဒီကနေ့ မနက်ပိုင်းအထိ ရရှိထားသမျှ စိတ်ဝင်စားစရာ ကမ္ဘာ့ဖလား သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။


အင်စတာဂရမ်မှာပါ ရော်နယ်ဒိုကို အနိုင်ယူခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီက ကမ္ဘာ့ဖလားနဲ့ အတူ အောင်ပွဲခံနေပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ရာမှာ အခု ဆိုရင် ပရိသတ် သန်း ၅၀ ကျော်အထိ Like ပေးထားပြီး ကွန်မန့်ပေါင်းက ၁.၅ သန်းကျော် သွားခဲ့ပြီ ဖြစ်ပါတယ်။

ကွင်းတွင်း အောင်မြင်မှု မှာလည်း ရော်နယ်ဒိုကို ကမ္ဘာ့ဖလားနဲ့အသာစီးရသွားတဲ့ မက်ဆီက လူမှုကွန်ယက် မှာပါ ထပ်အနိုင်ယူပြီး နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။

LV ကြော်ငြာ အတွက် မက်ဆီနဲ့ ရော်နယ်ဒိုတို့ စစ်တုရင် ကစားနေဟန် ဓာတ်ပုံကို ရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ပရိသတ် ၄၂ သန်းက Like ပေးခဲ့ပါတယ်။ အဲဒီဓာတ်ပုံက အင်စတာဂရမ် သမိုင်းမှာ အားကစားသမား တစ်ယောက် အများဆုံး ရတဲ့ ပုံ အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဒါပေမယ့် အခု မက်ဆီက အဲဒါကို ကျော်ဖြတ်သွားနိုင်ခဲ့ပါပြီ။

မက်ဆီရဲ့ အင်စတာဂရမ် အကောင့် ကလည်း Followers သန်းပေါင်း ၄၀၀ ပြည့်သွားခဲ့ပါတယ်။ အစောပိုင်းမှာ မက်ဆီက ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးရင် လက်ရွေးစင် ကစားသမား ဘ၀ ကနေ အနားယူမယ်လို့ ပြောထားပေမယ့် အခုချိန်မှာတော့ ချန်ပီယံ တစ်ဦး အဖြစ်နဲ့ ရှေ့ဆက်ချင်သေးတယ် ဆိုပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ထားပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 သရေ (Draw) @ 4.20
ဂိုးပေါ် 2.50 @ 1.84
ဂိုးပေါင်း 2-3 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကမ္ဘာ့ဖလား အညံ့ဆုံး အသင်းမှာ ပါဝင်ခဲ့တဲ့ ရော်နယ်ဒို

Sofascore က ရွေးချယ် သတ်မှတ်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အညံ့ဆုံး အသင်းမှာ ရော်နယ်ဒို တစ်ယောက် ပါဝင်နေခဲ့ပါတယ်။ အနည်းဆုံး ၄ ပွဲနဲ့ အထက် ကစားခဲ့တဲ့ သူတွေကို Rating သတ်မှတ်ပြီး အညံ့ဆုံး အသင်း အဖြစ်နဲ့ ရွေးချယ်ခဲ့တာပါ။ ကစားသမား တစ်ဦးကို ၁၀မှတ်နှုန်း ပေးခဲ့ပြီး ရော်နယ်ဒိုက ၆ မှတ်ကျော်သာ ရရှိခဲ့ပြီး အညံ့ဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

Sofascore ရွေးချယ်ခဲ့တဲ့ စာရင်း မှာတော့ ဂိုးသမား အဖြစ် မန်ဒီ (ဆီနီဂေါ)၊ နောက်ခံလူတွေ အဖြစ် ဆာဂျီနို ဒက်စ် (အမေရိကန်)၊ ဂျီလစ်ခ် (ပိုလန်)၊ ဘာရီဆက်စကီ (ပိုလန်)၊ အက်ဘ်ဒူဒီယာလို (ဆီနီဂေါ)၊ ကွင်းလယ်လူတွေ အဖြစ် ဂျက်ဆန်အိုင်ဗိုင် (ဩစတြေးလျ)၊ မက်သရူး လက်ကီး (ဩစတြေးလျ)၊ ဟောင်အင်ဘွမ် (တောင်ကိုရီးယား)၊ ရူဘင် ဗားဂတ်စ် (ဆွစ်ဇာလန်)နဲ့ တိုက်စစ်မှူးတွေ အဖြစ် ရော်နယ်ဒို (ပေါ်တူဂီ)နဲ့ မာတီနက်ဇ် (အာဂျင်တီးနား) တို့က ရွေးချယ်ခံခဲ့ရပါတယ်။

လော်တာရို မာတီနက်ဇ် ကတော့ အာဂျင်တီးနားနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးမှ မသွင်းယူနိုင်ခဲ့ပါဘူး။ အပိုင်အခွင့်အရေးတွေ ကိုလည်း အလွဲကြီး လွဲခဲ့တဲ့ မာတီနက်ဇ်ဟာ ဗိုလ်လုပွဲ မှာလည်း အရန် ကစားသမား အဖြစ်နဲ့သာ ပါဝင်ခဲ့ရပါတယ်။


ဘာကြောင့် မဖွယ်မရာ ပုံစံ လုပ်ခဲ့သလဲ ဆိုတာ ရှင်းပြခဲ့တဲ့ မာတီနက်ဇ်

အာဂျင်တီးနား ဂိုးသမား အမ်မီ မာတီနက်ဇ်က ကမ္ဘာ့ဖလား ရွှေလက်အိတ်ဆုကို ရယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ဖွားဖက်တော်နားကို ကပ်ကာ ခါးကော့ပြခဲ့တာက ဘာလို့လဲ ဆိုတာ ရှင်းပြခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆု (ရွှေလက်အိတ်ဆု) ရရှိခဲ့တဲ့ မာတီနက်ဇ်

အာဂျင်တီးနား ဂိုးသမား အမ်မီ မာတီနက်ဇ်က ကမ္ဘာ့ဖလား ရွှေလက်အိတ်ဆုကို ရယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ဖွားဖက်တော်နားကို ကပ်ကာ ခါးကော့ပြခဲ့တာက ဘာလို့လဲ ဆိုတာ ရှင်းပြခဲ့ပါတယ်။ မာတီနက်ဇ်ရဲ့ အပြုအမူဟာ ဆုပေးပွဲ တစ်ခုမှာ ရိုင်းစိုင်းခဲ့တာလို့ ပရိသတ်တချို့က မှတ်ချက်ပြုခဲ့ပေမယ့် မာတီနက်ဇ် ကတော့ အကြောင်းရင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ပြင်သစ် ပရိသတ်တွေက ကျနော့်ကို တပွဲလုံးမှာ boo လုပ်ခဲ့လို့ ကျနော် ဒီလို လုပ်ခဲ့တာပါ၊ ဂုဏ်သိက္ခာတွေက ကျနော့် အတွက်တော့ အလုပ်မဖြစ်ဘူး” လို့ မာတီနက်ဇ်က ပြောခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ပင်နယ်တီ ကာကွယ်နိုင်ချိန်တွေမှာ ဆိုရင်လည်း ပွဲကြည့်စင်ဘက် လှည့်ကာ ကပြလေ့ ရှိပြီး ပြိုင်ဘက်အသင်းနဲ့ ပရိသတ်တွေကို လေးစားမှု မရှိပဲ အောင်ပွဲခံလေ့ရှိသူလို့ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။အက်စတွန်ဗီလာ ဂိုးသမားဟာ အာဂျင်တီးနား အတွက် ပြိုင်ပွဲ တစ်ခုလုံးမှာ လက်စွမ်းပြခဲ့ပြီး အရေးပါတဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူချိန်တွေ မှာလည်း ကာကွယ်ပေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲ မှာလည်း ကိုးမန်းရဲ့ ကန်ချက်ကို ပုတ်ထုတ်နိုင်ခဲ့ပြီး အာဂျင်တီးနား အသင်းကို ဆုဖလား ရရှိစေဖို့ ကူညီပေးခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်