နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

“ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပါ” – ခရစ္စတီယာနို ရော်နယ်ဒို

ပေါ်တူဂီ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုက အခု ယှဉ်ပြိုင်နေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် လက်ရွေးစင် အသင်း ကနေ အနားယူဦးမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက အခုကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံး ပြိုင်ပွဲ ဖြစ်လာတော့မယ်လို့ အတည်ပြုခဲ့တာပါ။ ဒါပေမယ့် ဒါဟာ လက်ရွေးစင် အသင်း ကနေ လုံးဝ အနားယူသွားတာ မျိုးတော့ မဟုတ်ဘူးလို့ သူက အခိုင်အမာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ် အထိ စံချိန်တင် ပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပြီး အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီ တစ်ယောက်ပဲ ဒီစံချိန်ကို အရင်ဆုံး လိုက်မှီထားတာပါ။ ပြီးခဲ့တဲ့ ပွဲက ခရိုအေးရှားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရင်သပ် ရှုမောဖွယ် ပွဲစဉ်မှာ ရော်နယ်ဒိုဟာ အသက် ၄၁ နှစ်ကျော် အရွယ်နဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်လှမ်း ကစားနိုင်တဲ့ သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အဲဒီပွဲမှာ သူဟာ ပင်နယ်တီ ကနေ တစ်ဆင့် ပေါ်တူဂီ အတွက် ချေပဂိုး သွင်းပေးခဲ့ပြီး ဒါဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ၃ ဂိုးမြောက် သွင်းဂိုးဖြစ်သလို၊ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ကန်သွင်းခွင့် ၃၁ ကြိမ်မြောက်မှာမှ ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရော်နယ်ဒိုဟာ စံချိန် အသစ်တွေကို တရစပ် စိုက်ထူနေတာ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ သီးခြား ၆ ကြိမ်စလုံးမှာ ဂိုးသွင်းနိုင်တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သလို၊ ကမ္ဘာ့ဖလား သွင်းဂိုး စုစုပေါင်း ၁၀ ဂိုး အထိ ရှိလာခဲ့တာကြောင့် ပေါ်တူဂီ ဂန္ထဝင် ယူဆေဘီယို (၉ ဂိုး) ကို ကျော်ဖြတ်ပြီး အသင်းရဲ့ ကမ္ဘာ့ဖလား ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

ဒါးလက်စ်မြို့မှာ တနင်္လာနေ့ ယှဉ်ပြိုင်ရမယ့် စပိန် အသင်းနဲ့ ၁၆ သင်းအဆင့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ရော်နယ်ဒိုက “ဟုတ်ပါတယ်၊ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပါပဲ။ အကောင်းဆုံး ဖြတ်သန်းပြီး ပျော်ပျော်ရွှင်ရွှင် ကစားသွားကြတာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ လက်ရွေးစင် အသင်း ကနေပါ အနားယူတာလားလို့ မီဒီယာတွေက မေးမြန်းတဲ့အခါ မှာတော့ ရော်နယ်ဒိုက ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော် အနားယူချင်တဲ့ အချိန်ကျမှ အနားယူမှာပါ၊ ခင်ဗျားတို့ အနားယူစေချင်တဲ့ အချိန်မှာ မဟုတ်ဘူး” လို့ ရော်နယ်ဒိုက ဆိုပါတယ်။

“ကျွန်တော် ပွဲထွက်ကစားရသည် ဖြစ်စေ၊ အရန်ခုံမှာ ထိုင်နေရသည် ဖြစ်စေ အသင်း အပေါ် ကျွန်တော့်ရဲ့ လွှမ်းမိုးမှု ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် အရင်လို ကစားသမားမျိုး မဟုတ်တော့တာ မှန်ပေမယ့် အခြေအနေက သိပ်တော့ မဆိုးလှပါဘူး။ ဂိုးတွေ ဆက်သွင်းနေတုန်းပါ။ တကယ်လို့ ကျွန်တော် ဂိုးမသွင်းနိုင်ရင်တောင် အသင်းဖော် တစ်ယောက်ယောက်က သွင်းပါလိမ့်မယ်။ အဓိက ရည်မှန်းချက်က အသင်း နောက်တစ်ဆင့် တက်ဖို့ပဲ၊ ကျွန်တော် ဂိုးသွင်းဖို့တင် မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်း အတွက် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးထားသူ ဖြစ်ပြီး စုစုပေါင်း ၁၄၆ ဂိုး သွင်းထားပါတယ်။ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် ကလပ်နဲ့ လက်ရွေးစင် အသင်း အတွက် သွင်းဂိုး စုစုပေါင်း ကတော့ အခုဆိုရင် ၉၇၆ ဂိုး အထိ ရှိလာပြီ ဖြစ်လို့ ဂိုး ၁,၀၀၀ စံချိန်ပြည့်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

စပိန်နဲ့ ပေါ်တူဂီ အသင်း တို့ဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုလို အဓိက ပြိုင်ပွဲကြီးတွေမှာ ၅ ကြိမ် ဆုံတွေ့ဖူးပြီး ၃ ကြိမ် သရေကျကာ တစ်ဖက် တစ်ကြိမ်စီ အနိုင်ရထားဖူးပါတယ်။
စပိန်နဲ့ တွေ့ဆုံချိန်တိုင်း ခက်ခက်ခဲခဲ ကစားရလေ့ ရှိတဲ့ ပေါ်တူဂီ

သူ့ရဲ့ ရေရှည်တည်တံ့တဲ့ ကစားသမားဘဝ အပေါ် ဂုဏ်ယူကြောင်း ပြောကြားခဲ့သလို၊ သူ့ရဲ့ အနာဂတ် အပေါ် မေးခွန်းထုတ်နေကြတာဟာ အထူးအဆန်း မဟုတ်ဘူး လို့လည်း ရော်နယ်ဒိုက ထောက်ပြခဲ့ပါတယ်။ “ကျွန်တော် အသက် ၁၈ နှစ်သား ကတည်းက ဒီလို မေးခွန်းတွေနဲ့ ရင်ဆိုင်လာရတာ၊ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပွဲထွက်ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ အသင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျွန်တော့်ရဲ့ ကိုယ်ရောစိတ်ပါ အမြဲနှစ်မြှုပ်ထားပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေမှာပါ။ အရင်က ပြောခဲ့သလိုပဲ၊ ခင်ဗျားတို့ ရွေးချယ်တဲ့ အချိန်မှာ မဟုတ်ဘဲ ကျွန်တော် ကိုယ်တိုင် ရွေးချယ်တဲ့ အချိန်ကျမှပဲ ရပ်တန့်မှာပါ။ ခင်ဗျားတို့က ဒီမေးခွန်းဟောင်းကိုပဲ အမြဲမေးနေကြတာ။ ဒါက သိပ် အရေးမကြီးတဲ့ ကိစ္စမို့လို့ အာရုံအစိုက်မခံချင်ပါဘူး။”

“ကျွန်တော် အသက် ၄၁ နှစ်မှာ ပွဲထွက်ကစားတာကို လူတွေက ဝေဖန်နေကြတာလား။ ပြီးခဲ့တဲ့ ၂၃ နှစ်လုံးလုံး ခင်ဗျားတို့ ကျွန်တော့်ကို ဝေဖန် တိုက်ခိုက်ပြီး သတ်ဖို့ ကြိုးစားခဲ့ကြတာပဲ။ ဒါပေမယ့် ဒါက အချိန်ကုန် လူပင်ပန်းရုံက လွဲလို့ ဘာမှမထူးဘူး ဆိုတာ ခင်ဗျားတို့ တွေ့ပြီးလောက်ပြီ ထင်ပါတယ်။ ဒါပေမယ့်လည်း ခင်ဗျားတို့ ကတော့ ထပ်ခါတလဲလဲ ကြိုးစားနေကြတုန်းပဲလေ။ ကျွန်တော် ကတော့ ဒါတွေကို တော်တော်လေး ယဉ်ပါးနေပါပြီ။ အသက် ၄၀ ကျော်ပြီး နောက်ပိုင်း ကြုံရတဲ့ တိုက်ခိုက်မှုတွေ ကိုတောင် ကျေးဇူးတင်ပါသေးတယ်။ ဝေဖန်မှုတွေက လူကို ပိုရင့်ကျက်စေတာမို့လို့ ဝေဖန်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလား ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ခရစ္စတီယာနို ရော်နယ်ဒို ဆိုတာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အသက်အရွယ်က အရာရာကို အမြင်ကျယ်ကျယ်နဲ့ ကြည့်နိုင်ဖို့ ရင့်ကျက်မှုနဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။” လို့ ရော်နယ်ဒိုက ဖွင့်ဟသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူရို ၂၀၀၄ ပြိုင်ပွဲမှာ စပိန် အသင်းနဲ့ ပထမဆုံး အကြိမ် စတင် ရင်ဆိုင်ချိန် ကတည်းက အခုထက်ထိ စပိန် အသင်း ဘက်ကို ပြိုင်ပွဲစုံ ၄ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး အဲဒီအထဲမှာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးလည်း ပါဝင်ပါတယ်။

စပိန်နဲ့ ပေါ်တူဂီ အသင်း တို့ဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုလို အဓိက ပြိုင်ပွဲကြီးတွေမှာ ၅ ကြိမ် ဆုံတွေ့ဖူးပြီး ၃ ကြိမ် သရေကျကာ တစ်ဖက် တစ်ကြိမ်စီ အနိုင်ရထားဖူးပါတယ်။ သူတို့ရဲ့ နောက်ဆုံး ရှုံးထွက်အဆင့် ထိပ်တိုက်တွေ့ဆုံမှု ကတော့ ယူရို ၂၀၁၂ ဆီမီးဖိုင်နယ်မှာ ဖြစ်ပြီး အဲဒီတုန်းကတော့ စပိန် အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်