နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (A) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဖွင့် ပွဲစဉ် အဖြစ် အိမ်ရှင် အဖြစ် ပူးတွဲ လက်ခံ ကျင်းပတဲ့ မက္ကဆီကိုက နာမည်ကျော် အက်ဇ်တီကာ ကွင်းကြီးထဲမှာ တောင်အာဖရိကနဲ့ ရင်ဆိုင်ရမှာပါ။ အုပ်စု (A) မှာ အိမ်ရှင် မက္ကဆီကို၊ တောင်အာဖရိက တို့နဲ့ အတူ ချက်သမ္မတနိုင်ငံနဲ့ တောင်ကိုရီးယား အသင်း တို့ ပါဝင်နေပါတယ်။

အိမ်ရှင် မက္ကဆီကို အနေနဲ့ အုပ်စုတက်ဖို့ ယုံကြည်မှုရှိနေပေမယ့်၊ ဒီအုပ်စုထဲမှာ သိသိသာသာကြီး သာလွန်နေတဲ့ အသင်းမျိုး မရှိတာကြောင့် အိမ်ရှင် ဆိုတဲ့ ဖိအားတွေ အောက်မှာ တခြား အသင်းငယ်တွေ အတွက် အခွင့်အရေး ဖြစ်သွားမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Opta စူပါကွန်ပြူတာရဲ့ ပုံတူတွက်ချက်မှုတွေ အရ အုပ်စု (A) ရဲ့ အခြေအနေဟာ အောက်ပါအတိုင်း ဖြစ်လာနိုင်ပါတယ်။

 

အုပ်စု (A) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • မက္ကဆီကို – အုပ်စု တက်ဖို့ အခွင့်အရေး ၈၇.၂% ရှိပြီး၊ အုပ်စု ပထမ ရဖို့ ၄၈.၀% ရှိပါတယ်။
  • တောင်ကိုရီးယား – အုပ်စု တက်ဖို့ အခွင့်အရေး ၇၀.၁% ရှိပြီး၊ အုပ်စု ပထမရဖို့ ၂၂.၄% ရှိပါတယ်။
  • ချက်သမ္မတနိုင်ငံ – အုပ်စု တက်ဖို့ အခွင့်အရေး ၆၄.၂% ရှိပြီး၊ အုပ်စု ပထမရဖို့ ၁၈.၄% ရှိပါတယ်။
  • တောင်အာဖရိက – အုပ်စု တက်ဖို့ အခွင့်အရေး ၄၈.၉% ရှိပါတယ်။
 

အသင်းလိုက် အသေးစိတ်သုံးသပ်ချက်

မက္ကဆီကို

မက္ကဆီကို အသင်း အတွက် ကောင်းမွန်တဲ့ အချက် တစ်ခု ကတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဖြစ်တဲ့ ကွာတားဖိုင်နယ် အဆင့်ကို ၁၉၇၀ နဲ့ ၁၉၈၆ ခုနှစ် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ ရာသီတွေတုန်းက ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ မက္ကဆီကို အသင်း ချန်ပီယံ ဖြစ်နိုင်ခြေဟာ ၀.၉% သာ ရှိပြီး အလွန် နည်းပါးတယ်လို့ ဆိုနိုင်ပေမယ့်၊ ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ရှိသွားနိုင်ခြေ ကတော့ ၂၃.၅% အထိ ရှိနေပါတယ်။ မက္ကဆီကိုဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းမှာ ချန်ပီယံဖလား မရရှိဖူးဘဲ ပွဲအရေအတွက် အများဆုံး ပွဲ ၆၀ ကစားထားတဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်ထားတာကြောင့်၊ အခုအကြိမ်မှာ လက်တွေ့အကျဆုံး ပစ်မှတ် ကတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။

အသင်းကို တတိယအကြိမ်မြောက် ပြန်လည် ကိုင်တွယ်တဲ့ နည်းပြ ဟာဗီယာ အက်ဂီရေး အနေနဲ့လည်း ၂၀၀၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေတုန်းက မက္ကဆီကိုကို အုပ်စုအဆင့် ကျော်ဖြတ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ဖူးပါတယ်။ လက်ရှိ ၂၀၂၆ ပြိုင်ပွဲဝင် နည်းပြတွေထဲမှာ ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ် တစ်ဦးတည်းသာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ မိမိနိုင်ငံ အသင်းကို အက်ဂီရေးထက် ပွဲအရေအတွက် ပိုမို ကိုင်တွယ်ဖူးတာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယား 

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလား အုပ်စု (A) မှာ အုပ်စု တက်ဖို့ ဒုတိယ အခွင့်အရေးအရှိဆုံး အသင်း ဖြစ်ပါတယ်။
နောက်တဆင့် တက်ဖို့ ၇၀ ရာခိုင်နှုန်းကျော် ရှိနေတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား အသင်းဟာ အာရှဇုန်ခြေစစ် ပွဲစဉ်တွေမှာ ရှုံးပွဲ မရှိစံချိန်နဲ့ ဖြတ်ကျော်လာခဲ့တဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၈၆ ခုနှစ် ကတည်းက (၁၁) ကြိမ် ဆက်တိုက် ပါဝင်ခွင့် ရရှိထားတာ ဖြစ်ပြီး၊ သူတို့ထက် ပွဲဆက်တိုက် ပါဝင်မှု ပိုမို များပြားတဲ့ အသင်း ဆိုလို့ ဘရာဇီးလ် (၂၃ ကြိမ်)၊ ဂျာမနီ (၁၉ ကြိမ်)၊ အာဂျင်တီးနား (၁၄ ကြိမ်) နဲ့ စပိန် (၁၃ ကြိမ်) တို့သာ ရှိပါတယ်။

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလား အုပ်စု (A) မှာ အုပ်စု တက်ဖို့ ဒုတိယ အခွင့်အရေးအရှိဆုံး အသင်း ဖြစ်ပါတယ်။ သူတို့ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည် ကတော့ ၂၀၀၂ ခုနှစ် ပူးတွဲ အိမ်ရှင် အဖြစ် ကျင်းပစဉ်က ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိမိတို့အိမ်ကွင်း မဟုတ်တဲ့ ပြည်ပမြေတွေမှာ ကစားရချိန်မှာတော့ ၁၆ သင်း အဆင့်ထက် ပိုမို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ တကယ်တော့ တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလားမှာ ပွဲပေါင်း ၃၀ ကျော် ကစားဖူးတဲ့ အသင်းတွေထဲမှာ နိုင်ပွဲ ရရှိမှုနှုန်း အနည်းဆုံး အသင်း (၁၈.၄%) ဖြစ်ပြီး၊ ၃၈ ပွဲ ကစားရာမှာ ၇ ပွဲသာ အနိုင်ရရှိခဲ့ဖူးပါတယ်။

 

ချက်သမ္မတနိုင်ငံ

ချက် အသင်းဟာ ခြေစစ်ပွဲ အုပ်စု အတွင်း ခရိုအေးရှားရဲ့ နောက် ဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့ရလို့ ပလေးအော့ဖ်အဆင့်မှာ အိုင်ယာလန်၊ ဒိန်းမတ် တို့နဲ့ ကစားခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ ရုန်းကန်ကာ ကမ္ဘာ့ဖလား ဝင်ခွင့်ကို ခက်ခက်ခဲခဲ ရယူခဲ့ရတာပါ။

ဒါဟာ အသက် ၇၄ နှစ် အရွယ်ရှိ နည်းပြကြီး မီရိုစလပ် ကူဘက်ခ် အသင်းကို စတင်ကိုင်တွယ်ချိန်လည်း ဖြစ်ပြီး၊ သူဟာ ဒီနွေရာသီပြိုင်ပွဲရဲ့ အသက်အကြီးဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်လာမှာပါ။ ချက် အသင်းဟာ ၁၉၉၀ ပြည့်နှစ် (ချက်ကိုစလိုဗက်ကီးယား နိုင်ငံ အဖြစ် ကွာတားဖိုင်နယ် တက်ခဲ့စဉ်) ကတည်းက ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ကို မရောက်ဖူးတာကြောင့်၊ နည်းပြ ကူဘက်ခ်ရဲ့ အဓိက တာဝန် ကတော့ အုပ်စုအဆင့် ကျော်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။

ချက် အသင်းရဲ့ အဓိကမျှော်လင့်ချက် ကတော့ လေဗာကူဆင် အသင်းနဲ့ အတူ ဂျာမန် ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ် (၈) ပွဲမှာ (၉) ဂိုး အထိ သွင်းယူကာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ (၂) ကြိမ် အတွင်း (၆) ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဟယ်ရီကိန်း (၇ ဂိုး) ပြီးရင် ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ အဓိက ပြိုင်ပွဲ အတွေ့အကြုံရှိ ကစားသမားပါ။ ဒါ့အပြင် ချက် အသင်းဟာ ခြေစစ်ပွဲစဉ်တွေ အတွင်း ထောင့်ကန်ဘောကနေ တစ်ဆင့် သွင်းဂိုး (၇) ဂိုး အထိ ရရှိထားတာကြောင့် သူတို့ရဲ့ တည်ကန်ဘော (Set-play) အန္တရာယ် ကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။

 

တောင်အာဖရိက 

ကမ္ဘာ့ဖလား ပြိုင်ပွဲကို (၄) ကြိမ်မြောက်သာ လာရောက် ယှဉ်ပြိုင်ရတဲ့ တောင်အာဖရိက ကတော့ ဒီအုပ်စုထဲမှာ ကမ္ဘာ့အဆင့် အနိမ့်ဆုံးအသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စူပါကွန်ပြူတာ ကတော့ သူတို့ရဲ့ အုပ်စု တက်နိုင်ခြေကို ၄၈.၉% အထိ တွက်ချက်ပေးထားပါတယ်။

သူတို့ဟာ ကမ္ဘာ့ဖလား သမိုင်းမှာ နောက်ကောက်ဆင့်ကို တစ်ခါမှ မတက်ဖူးသေးပေမယ့်၊ ဒီအုပ်စု (A) ထဲမှာ ဥရောပ ဒါမှမဟုတ် တောင်အမေရိကရဲ့ ထိပ်သီး အင်အားကြီး အသင်းမျိုး ပါဝင်မနေတာကြောင့် သူတို့ အုပ်စုတက်သွားခဲ့ရင်လည်း အံ့အားသင့်စရာ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီနှစ်ပြိုင်ပွဲမှာ အကောင်းဆုံး တတိယရတဲ့ အသင်း (၈) သင်းလုံး ၃၂ သင်း အဆင့်ကို တက်ရောက်ခွင့်ရမှာ ဖြစ်တာကြောင့် သူတို့ အတွက် အခွင့်အရေး ပိုရှိနေပါတယ်။

တောင်အာဖရိက အသင်းမှာ စောင့်ကြည့်ရမယ့်သူ ကတော့ အော့စ်ဝင် အက်ပိုလစ် ဖြစ်ပြီး၊ သူဟာ ခြေစစ်ပွဲစဉ်တွေ အတွင်း (၂ ဂိုးသွင်း၊ ၄ ဂိုးဖန်တီး) ပေးထားကာ တခြားသော ကစားသမားတွေထက် ဂိုးပါဝင်ပတ်သက်မှု (၂) ဆ အထိ ပိုမိုများပြားခဲ့တဲ့ အဓိက ကစားသမား ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်