၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စု (C) ဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အုပ်စုလို့ အခိုင်အမာ ပြောနိုင်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ အအောင်မြင်ဆုံး ဖြစ်တဲ့ ဘရာဇီးလ် အသင်းနဲ့ အတူ လက်ရှိ အာဖရိကဖလား ချန်ပီယံ မော်ရိုကို အသင်းလည်း ပါဝင်နေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် (၂၈) နှစ်ကြာ ဝေးကွာနေခဲ့ပြီးမှ ကမ္ဘာ့ဖလား စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာတဲ့ စကော့တလန်နဲ့ ၁၉၇၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆယ်စုနှစ်များစွာကြာမှ ပြန်လည် ပါဝင်ခွင့်ရတဲ့ အားနည်းတဲ့ ဟေတီ အသင်းတို့ စုံစုံလင်လင် ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။
နည်းပြ ကာလို အန်ဆလော့တီရဲ့ လက်အောက်မှာ ဘရာဇီးအသင်းဟာ မျှော်လင့်ထားသလိုပဲ အုပ်စုအဆင့်ကို အေးအေးလူလူ ကျော်ဖြတ်သွားနိုင်မလား။ မော်ရိုကိုအသင်း ကရော ဘရာဇီး အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမလား။ ဒါမှမဟုတ် စကော့တလန်ကပဲ မထင်မှတ်တာတွေ လုပ်ပြသွားမလား ဆိုတာ စိတ်ဝင်စားစွာပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အုပ်စု (C) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ် ခန့်မှန်းချက်များ
- ဘရာဇီးလ် – ပြိုင်ပွဲမတိုင်ခင် စမ်းသပ်မှုတွေအရ ဘရာဇီးအသင်း အုပ်စုအဆင့် ကျော်ဖြတ်နိုင်ခြေ ၉၆.၉% အထိ ရှိပြီး အုပ်စုပထမ ရရှိနိုင်ခြေ ၆၀.၂% ရှိပါတယ်။
- မော်ရိုကို – ဘရာဇီးလ်နဲ့ အတူ ရှုံးထွက်အဆင့် (၃၂ သင်းအဆင့်) ကို တိုက်ရိုက် တက်ရောက်ဖို့ အလားအလာ အကောင်းဆုံး အသင်း ဖြစ်ပြီး နောက်တစ်ဆင့် တက်နိုင်ခြေ ၈၈.၇% ရှိပါတယ်။
- စကော့တလန် – စမ်းသပ်မှုတွေအရ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခြေ ၆၅.၆% ရှိပါတယ်။
- ဟေတီ – ပြိုင်ပွဲဝင် ၄၈ သင်းထဲမှာ ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ အနည်းဆုံးအသင်း ဖြစ်ပြီး ၁၅.၈% သာ ရှိပါတယ်။
အသင်းလိုက် အသေးစိတ်သုံးသပ်ချက်
ဘရာဇီးလ်
ဒီပြိုင်ပွဲဟာ ဘရာဇီးလ် အတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြ ကာလို အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်း သမိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး ဦးဆောင်ခွင့်ရတဲ့ နိုင်ငံခြားသား နည်းပြ ဖြစ်လာမှာမို့လို့ပါ။
ကလပ် အသင်း ဘောလုံးလောကမှာ ဆုဖလား အများဆုံးရထားတဲ့ နည်းပြ အန်ဆယ်လော့တီဟာ လက်ရှိ မှာတော့ နိုင်ငံတကာစင်မြင့်ဆီ အာရုံပြောင်းလာခဲ့ပါပြီ။ သူသာ ကမ္ဘာ့ဖလား ရခဲ့ရင် မာဆယ်လို လစ်ပီ၊ ဗင်းန်ဆင့် ဒယ် ဘော့စကေးတို့ ပြီးရင် ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလား နှစ်ခုလုံးကို ဆွတ်ခူးနိုင်တဲ့ တတိယမြောက် နည်းပြ ဖြစ်လာပါလိမ့်မယ်။
အန်ဆယ်လော့တီ အနေနဲ့ အစဉ်အလာ အကြီးမားဆုံးနိုင်ငံကို ရွေးချယ်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ၁၉၃၀ ပြည့်နှစ် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ကတည်းက စပြီး ပြိုင်ပွဲတိုင်းကို မပြတ်တမ်း ပါဝင်ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော နိုင်ငံ ဖြစ်ပါတယ်။ အခု ၂၀၂၆ ပြိုင်ပွဲဟာ သူတို့ အတွက် (၂၃) ကြိမ်မြောက် ဆက်တိုက် ပါဝင်ခွင့်ရခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလားကို စံချိန်တင် (၅) ကြိမ်အထိ ရရှိထားပြီး ကမ္ဘာ့ဖလားသမိုင်းမှာ နိုင်ပွဲရရှိမှုနှုန်း အမြင့်ဆုံး (၆၇% – ၁၁၄ ပွဲမှာ ၇၆ ပွဲနိုင်) အသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် စူပါကွန်ပျူတာရဲ့ စမ်းသပ်ချက်တွေမှာ အုပ်စု (C) ကို ပထမနဲ့ တက်မယ်လို့ (၆၀.၂%) ထိပ်ဆုံးက ခန့်မှန်းခံထားရတာ မဆန်းပါဘူး။
ဒါပေမယ့် မကြာသေးမီနှစ်တွေ အတွင်း မှာတော့ ဘရာဇီးလ် အသင်း ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့ပါတယ်။ သူတို့ဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ဖလားမရတော့တာ ဖြစ်ပြီး ဖလားမရဘဲ (၅) ကြိမ်ဆက်တိုက် ကျရှုံးခဲ့တဲ့ ဖြစ်ရပ်ဟာ သူတို့ အသင်း သမိုင်းတစ်လျှောက် ဖလားဝေးကွာမှု အရှည်ကြာဆုံး အချိန်နဲ့ တူညီနေပါတယ်။
လတ်တလော တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာလည်း ဘရာဇီးလ် အသင်းဟာ တစ်ပွဲကို ပျှမ်းမျှ ဂိုး (၁.၃) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အဆင့် (၅) နေရာနဲ့ပဲ စိတ်ပျက်စရာ အဆုံးသတ်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က လက်ရှိ ခြေစစ်ပွဲ စနစ်ကို စတင် ကျင့်သုံးကတည်းက သူတို့ရဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည် ဖြစ်ပါတယ်။
ဒီအချက်တွေကြောင့်ပဲ ဘရာဇီးလ်လို ဘောလုံး ထိပ်သီးဟာ အခု ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ချက်နှုန်း (၆.၄%) သာ ရရှိပြီး အဆင့် (၆) နေရာမှာပဲ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ အပေါ် မျှော်လင့်ချက်တွေ မြင့်မားနေမှာ ဖြစ်သလို သူရင်ဆိုင်ရမယ့် အလုပ် ကလည်း တကယ်ကို ခက်ခဲကြမ်းတမ်းမှာ သေချာပါတယ်။
မော်ရိုကို
မော်ရိုကို အသင်းဟာ အုပ်စု (C) မှာ ဘရာဇီးလ်ကို အဓိက စိန်ခေါ်မယ့်အသင်း ဖြစ်လာဖို့ မျှော်လင့်ခံထားရပါတယ်။ သူတို့ဟာ အုပ်စု ကနေ နောက်တစ်ဆင့်တက်ဖို့ ၈၈.၇% ရှိပြီး အုပ်စု ပထမရဖို့ ၂၈.၆% အထိ ရှိနေပါတယ်။

သူတို့ကို အခု ကမ္ဘာ့ဖလားရဲ့ အန္တရာယ်အရှိဆုံး အာဖရိက ကိုယ်စားပြု အသင်းလို့ သတ်မှတ်နိုင်ပါတယ်။ မော်ရိုကိုဟာ ၂၀၂၅ အာဖရိကဖလား (AFCON) ရဲ့ လက်ရှိ ချန်ပီယံ ဖြစ်သလို၊ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက စတုတ္ထနေရာ ရရှိခဲ့တာကြောင့် အာဖရိက အသင်းတွေထဲမှာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား အောင်မြင်မှုအဆုံးသတ် အကောင်းဆုံး အသင်းလည်း ဖြစ်ပါတယ်။
အဲဒီအောင်မြင်မှုတွေကို နည်းပြ ဝါလစ် ရက်ဂရာဂီက ဦးဆောင်ပေးခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၈) ပွဲစလုံး ကိုလည်း အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ သူ့ရဲ့နေရာမှာ ပြီးခဲ့တဲ့ နှစ်က ယူ-၂၀ ကမ္ဘာ့ဖလားမှာ မော်ရိုကိုကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ မိုဟာမက် အိုဝါဘီနဲ့ အစားထိုး ခန့်အပ်ထားပါတယ်။
စကော့တလန်
စကော့တလန် ကတော့ (၂၈) နှစ်ကြာ ဝေးကွာပြီးနောက် ကမ္ဘာ့ဖလား စင်မြင့်ထက်ကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့နောက်ဆုံး ပါဝင်ခဲ့တဲ့ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားတုန်း ကလည်း အခုလိုပဲ ဘရာဇီး၊ မော်ရိုကိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရှုံးထွက်အဆင့် (၃၂ သင်းအဆင့်) တက်ဖို့ ၆၅.၆% အထိ အခွင့်အရေး ရှိနေပါတယ်။
သူတို့အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမနေရာကို ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရယူပြီး တက်လှမ်းလာခဲ့တာကြောင့် ဒီနေရာနဲ့ ထိုက်တန်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် တော်တော်လေးတော့ ရုန်းကန်ခဲ့ရပါတယ်။
ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တိုက်ရိုက် ခြေစစ်ပွဲအောင်ခဲ့တဲ့ အသင်းတွေထဲမှာ စကော့တလန်ဟာ ဂိုးကွာခြားချက် အနည်းဆုံး (+၆ ဂိုး – ၁၃ ဂိုး သွင်း၊ ၇ ဂိုး ပေး) အသင်း ဖြစ်ခဲ့သလို၊ မျှော်မှန်းဂိုးနဲ့ ပေးဂိုး ကွာခြားချက် မှာလည်း (+၀.၈ – ၉.၄ (xG) သွင်းဂိုး၊ ၈.၆ (xG) ပေးဂိုး) နဲ့ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။
နည်းပြ စတိဗ် ကလပ်ခ်ဟာ ယူရို ၂၀၂၀၊ ယူရို ၂၀၂၄ ပြိုင်ပွဲတွေ အပြီးမှာ အခု ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကိုပါ စကော့တလန်နဲ့ အတူ တတိယမြောက် အဓိက ပြိုင်ပွဲကြီး အဖြစ် ဦးဆောင်ခွင့်ရမှာ ဖြစ်တာကြောင့် အသင်းသမိုင်းမှာ ပြိုင်ပွဲအများဆုံး ဦးဆောင်ခွင့်ရတဲ့ နည်းပြ ဖြစ်လာပါတယ်။ ဒါပေမယ့် အရင် အစဉ်အလာတွေကို ကြည့်ရင်တော့ သူ့အတွက် မလွယ်ကူလှပါဘူး။
အမှန်စင်စစ် စကော့တလန်ဟာ သူတို့ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား (၈) ကြိမ်စလုံးမှာ အုပ်စု အဆင့် ကနေ ဘယ်တုန်းကမှ မတက်ဖူးပါဘူး။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ဒုတိယအဆင့်ကို တစ်ခါမှ မတက်ဖူးသေးတဲ့ အသင်းတွေထဲမှာ အုပ်စုအဆင့်ကနေ အကြိမ်ရေအများဆုံး ထွက်ခွာခဲ့ရတဲ့ သမိုင်းဆိုးပဲ ဖြစ်ပါတယ်။
ဟေတီ
ဟေတီ အသင်း ကတော့ ဒီအုပ်စုရဲ့ အားအနည်းဆုံး အသင်း အဖြစ် ပါဝင်လာတာ ဖြစ်ပြီး မျှော်လင့်ချက် တော်တော်လေး နည်းပါးပါတယ်။ သူတို့ဟာ သမိုင်းတစ်လျှောက် ၁၉၇၄ ခုနှစ်ကမှ တစ်ကြိမ်ပဲ ကမ္ဘာ့ဖလား ကစားဖူးတာပါ။ သူတို့ရဲ့ ပထမဆုံးအကြိမ် (၁၉၇၄) နဲ့ အခု ဒုတိယအကြိမ် (၂၀၂၆) ကြား (၅၂) နှစ်ကြာ ကွာဟမှုဟာ ကမ္ဘာ့ဖလားသမိုင်းမှာ စတုတ္ထမြောက် အချိန်အကြာဆုံး ကွာဟမှု ဖြစ်ပါတယ်။
ဟေတီ အနေနဲ့ ၃၂ သင်းအဆင့် ရှုံးထွက်ကို တက်ရောက်နိုင်ခြေ ၁၅.၈% သာ ရှိပြီး ဒါဟာ ပြိုင်ပွဲဝင် ၄၈ သင်းထဲမှာ အနည်းဆုံးနှုန်း ဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ အကြိမ်ပေါင်း ၁၀,၀၀၀ စမ်းသပ်မှုတွေ ထဲမှာ ဟေတီ အသင်း အုပ်စု (C) ကို ပထမနဲ့ ဗိုလ်စွဲတက်ရောက်နိုင်ခြေ ကတော့ ၁.၁% သာ ရှိပြီး ဒါဟာ တကယ့်ကို အံ့ဩစရာ ကောင်းလောက်အောင် နည်းပါးလှတဲ့ အခြေအနေ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


