နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (J) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းသည် မြောက်အမေရိကမြေတွင် ၎င်းတို့၏ ချန်ပီယံဆုကို ကာကွယ်ရန် ပြင်ဆင်နေချိန်၌ လူအများ၏ စုပြုံအာရုံစိုက်မှုကို ခံနေရမည် ဖြစ်သည်။ ပြိုင်ပွဲမစတင်မီ ခန့်မှန်းချက်များအရ ၎င်းတို့အနေဖြင့် အဲလ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့ ပါဝင်သည့် အုပ်စု (J) ကို ဖြတ်ကျော်ရန် သိပ်ပြီး အခက်အခဲရှိလိမ့်မည်မဟုတ်ကြောင်း ဖော်ပြနေသည်။

သို့သော်လည်း ရာစုနှစ်အကူးပိုင်းကတည်းက ကမ္ဘာ့ဖလား ချန်ပီယံ အသင်းများသည် နောက်တစ်ကြိမ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ စောစောစီးစီး လှည့်ပြန်ရသည့် အလေ့အထဆိုးတစ်ခု ရှိခဲ့သည်ကို သတိပြုရပါမည်။ ပြင်သစ် (၂၀၀၂)၊ အီတလီ (၂၀၁၀)၊ စပိန် (၂၁၀၄) နှင့် ဂျာမနီ (၂၀၁၈) အသင်းတို့သည် ချန်ပီယံဆု ကာကွယ်သည့်နှစ်များတွင် အုပ်စုအဆင့်မှပင် မလွတ်မြောက်ခဲ့ကြပေ။ ထို့အပြင် ၂၀၂၂ ခုနှစ်က အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့စဉ်ကလည်း အဖွင့်ပွဲစဉ်တွင် ဆော်ဒီအာရေဗျကို ရှုံးနိမ့်ကာ အစောပိုင်း၌ ရလဒ်ဆိုးရွားခဲ့ဖူးသည်ကို မေ့ထား၍မရပါ။

သို့သော်ငြားလည်း အာဂျင်တီးနားသည် Opta စူပါကွန်ပျူတာ၏ အကြိမ်ပေါင်း ၂၅,၀၀၀ ကြိုတင်တွက်ချက်မှုများအရ ၁၀.၃ ရာခိုင်နှုန်းဖြင့် စတုတ္ထမြောက် ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် ၎င်းတို့သည် အုပ်စု (J) တွင် ထိပ်ဆုံးမှ ပြတ်ပြတ်သားသား ရေပန်းစားနေခြင်းမှာ အံ့သြစရာမဟုတ်ပေ။

အုပ်စု (J) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • အာဂျင်တီးနား – ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ ၉၆.၇% ရှိပြီး အုပ်စုပထမရရှိနိုင်ခြေ ၇၂.၀% ရှိနေပါတယ်။
  • သြစတြီးယား – ရှုံးထွက်အဆင့်တက်လှမ်းနိုင်ခြေ ၆၇.၄%
  • အဲလ်ဂျီးရီးယား – ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ ၅၇.၁%
  • ဂျော်ဒန် – ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ ၄၀.၉%

အာဂျင်တီးနားအသင်းသည် ပြိုင်ပွဲမစတင်မီကတည်းက အုပ်စုပထမရရန် ၇၂.၀ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိနေပြီး အုပ်စုတွင်း ရေပန်းအစားဆုံးအသင်း ဖြစ်သည်။ တစ်ပြိုင်ပွဲလုံးတွင် အုပ်စုအဆင့် ကျော်ဖြတ်နိုင်ခြေ၌ စပိန် (၉၈.၅%) နှင့် ဘရာဇီး (၉၆.၉%) တို့ပြီးလျှင် အာဂျင်တီးနား၏ ၉၆.၇ ရာခိုင်နှုန်းသည် တတိယအမြင့်ဆုံး ဖြစ်သည်။ ၎င်းတို့၏နောက်တွင် သြစတြီးယားက ၆၇.၄ ရာခိုင်နှုန်းဖြင့် ဒုတိယအဆင့်တက်ရန် အလားအလာအရှိဆုံးဖြစ်ပြီး၊ အဲလ်ဂျီးရီးယား (၅၇.၁%) နှင့် ကမ္ဘာ့ဖလား မျက်နှာသစ် ဂျော်ဒန် (၄၀.၉%) တို့က အစဉ်လိုက် ရပ်တည်နေသည်။

 

အသင်းအလိုက် သုံးသပ်ချက်များ

၁။ အာဂျင်တီးနား 

ကမ္ဘာ့ဖလား သမိုင်းတွင် ချန်ပီယံဆုကို ဆက်တိုက်ကာကွယ်နိုင်ခဲ့သည့် ဖြစ်ရပ်မျိုး (၂) ကြိမ်သာ ရှိခဲ့ဖူးပြီး၊ ၁-၉၆၂ ခုနှစ်က ဘရာဇီးအသင်း နောက်ဆုံးလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက ယခုထက်ထိ မည်သည့်အသင်းမျှ မလုပ်ဆောင်နိုင်သေးပေ။ အာဂျင်တီးနားသည် လွန်ခဲ့သော ၄ နှစ်က အောင်မြင်မှုကို ယခုနွေရာသီတွင် ထပ်မံရယူကာ ၎င်းတို့၏ သမိုင်းဝင်ပြိုင်ဘက် ဘရာဇီးနှင့်အတူ အဆိုပါစံချိန်မှတ်တမ်းဝင်ကလပ်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိနေသည်။

အောင်မြင်မှုများ ရရှိထားသည့် နည်းပြနှင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ရှိနေခြင်းကြောင့် ၎င်းတို့အတွက် အခွင့်အရေး အပြည့်ရှိနေသည်။ နည်းပြ လီယွန်နယ် စကာလိုနီသည် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား (၂၀၂၂) ရော ကိုပါအမေရိကဖလား (၂၀၂၁၊ ၂၀၂၄) ပါ ဆွတ်ခူးပေးနိုင်ခဲ့သည့် တစ်ဦးတည်းသော မန်နေဂျာဖြစ်သည်။ ထို့အပြင် ၎င်းသည် ၁၉၈၆ တွင် ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၉၀ တွင် ဒုတိယရခဲ့သည့် နည်းပြ ကားလော့စ် ဘီလာဒို ပြီးနောက် အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား နှစ်ကြိမ် ဆက်တိုက် ကိုင်တွယ်ခွင့်ရသည့် ပထမဆုံးနည်းပြလည်း ဖြစ်သည်။

သို့သော် အာဂျင်တီးနား အကြောင်း ပြောလျှင် လူအများပြေးမြင်ကြသည်မှာ နည်းပြ လီယွန်နယ် စကယ်လိုနီ မဟုတ်ဘဲ၊ ကမ္ဘာ့ဖလားသမိုင်းတွင် ပွဲအရေအတွက်အများဆုံး (၂၆ ပွဲ) ကစားကာ ဂိုးပါဝင်ပတ်သက်မှု (၂၁ ကြိမ်) ပြုလုပ်ထားသည့် ကမ္ဘာ့ဖလားစံချိန်ရှင် လီယွန်နယ် မက်ဆီ သာ ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနား သွင်းယူခဲ့သည့် သွင်းဂိုး ၁၅ ဂိုးအနက် ၁၀ ဂိုးအထိကို မက်ဆီက ကိုယ်တိုင်သွင်းယူခြင်း သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခြင်းဖြင့် ပါဝင်ခဲ့သည်။

မက်ဆီသည် ယခုပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များတွင်လည်း အသင်းအတွက် ၈ ဂိုးဖြင့် ဂိုးအများဆုံး သွင်းယူပေးခဲ့သည်။ ၎င်းအပြင် ဟူလီယန် အယ်လ်ဗာရက်ဇ်၊ အန်ဇို ဖာနန်ဒက်ဇ် နှင့် အီဇီကီရယ် ပါလာစီယို့စ် တို့ကလည်း ဂိုးဖန်တီးမှု ၃ ကြိမ်စီ ပြုလုပ်ထားကြသည်။ မက်ဆီကို G.O.A.T (သမိုင်းတလျှောက် အကောင်းဆုံးကစားသမား) အဖြစ် သတ်မှတ်ထားကြသော်လည်း အသင်း၏ အခြားနေရာများတွင်ပါ အရည်အသွေးမြင့်မားလှသည့် လူစာရင်းကြောင့် အာဂျင်တီးနားအနေဖြင့် ယခုအုပ်စုကို ကျော်ဖြတ်ရန် အခက်အခဲရှိမည်မဟုတ်ပေ။

 

၂။ သြစတြီးယား 

သြစတြီးယား အသင်းသည် ယခင်က ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် (၇) ကြိမ်တိုင် ပါဝင်ခဲ့ဖူးပါသည်။ ဒါပေမယ့်လည်း ယခုအကြိမ်သည် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ခြေစစ်ပွဲ (၈) ပွဲတွင် (၆) ပွဲနိုင်၊ (၁) ပွဲသရေ ရလဒ်ဖြင့် ယခုပြိုင်ပွဲဆီသို့ အေးအေးလူလူ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ အသင်းအောင်မြင်မှု၏ အဓိကသော့ချက်မှာ ပြိုင်ဘက်များကို အသက်ရှူရကျပ်စေသည့် အပြင်းအထန် ဖိအားပေး ကစားကွက်ကြောင့် ဖြစ်သည်။

သြစတြီးယား အသင်းသည် ယခင်က ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် (၇) ကြိမ်တိုင် ပါဝင်ခဲ့ဖူးပါသည်။
၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ကမ္ဘာ့ဖလား ပြန်လည် ကစားခွင့်ရသည့် ဩစတြီးယား

သြစတြီးယားအသင်းသည် ဥရောပဇုန် ခြေစစ်ပွဲစဉ်များတွင် PPDA (ပြိုင်ဘက်အသင်းအား ကာကွယ်မှုတစ်စုံတစ်ရာမလုပ်မီ ပေးလိုက်ရသည့် ပတ်စ်ဘော အရေအတွက်) ၇.၁ သာ ရှိခဲ့ပြီး ဒါဟာ ဥရောပနိုင်ငံအားလုံးထဲတွင် အနည်းဆုံး ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ပြိုင်ဘက်များကို ဘောလုံး အေးအေးဆေးဆေး ပေးပို့ခွင့် မပေးဘဲ အလျှင်အမြန် ဖိအားပေးဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မြောက်အမေရိကမြေ၏ ပြင်းထန်လှသော နွေရာသီအပူဒဏ်အောက်တွင် ဤကစားကွက်ကို ပုံတူကူးချရန်မှာမူ မလွယ်ကူလှပေ။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး မာကို အာနော်တိုဗစ်အတွက်လည်း ရာသီဥတုက ပူလွန်းနေမလား စဉ်းစားစရာ ဖြစ်သည်။ ၎င်းနှင့် မာဆယ် ဆာဘစ်ဇာတို့သည် သြစတြီးယားအသင်းအတွက် နောက်ဆုံး ဥရောပချန်ပီယံရှစ် (၃) ကြိမ်စလုံးတွင် ပါဝင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမားများဖြစ်ပြီး၊ ဆာဘစ်ဇာသည် ခြေစစ်ပွဲတွင် ဂိုးဖန်တီးမှု ၃ ကြိမ်ဖြင့် အများဆုံး လုပ်ဆောင်ပေးထားသည်။ တစ်ဖက်တွင်လည်း အာနော်တိုဗစ်သည် ခြေစစ်ပွဲတွင် ၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဥရောပဇုန်တွင် အာလင်း ဟာလန်း (၁၆ ဂိုး) ပြီးလျှင် ဒုတိယဂိုးအများဆုံး သွင်းယူပေးထားသူ ဖြစ်သည်။ နည်းပြ ရာ့ဖ် ရန်းနစ်စ်သည် ယူရို ၂၀၂၄ တွင် သြစတြီးယားကို ၁၆ သင်းအဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယခုကမ္ဘာ့ဖလားတွင်လည်း ယင်းထက်မကသော မျှော်လင့်ချက်များ ထားရှိနေသည်။

 

၃။ အဲလ်ဂျီးရီးယား

အဲလ်ဂျီးရီးယားအသင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုကို ယခုကဲ့သို့ ကောင်းမွန်သော အခြေအနေမျိုးဖြင့် တစ်ခါမျှ မရင်ဆိုင်ခဲ့ဖူးပေ။ ၎င်းတို့သည် အာဖရိကဇုန် (CAF) ခြေစစ်ပွဲစဉ်များတွင် (၈) ပွဲအထိ အနိုင်ရရှိခဲ့ပြီး၊ ဒါဟာ ၂၀၁၀ တောင်အာဖရိကကမ္ဘာ့ဖလားမတိုင်မီ (၇) ပွဲနိုင်ခဲ့သည့် မှတ်တမ်းကို ကျော်လွန်ကာ ၎င်းတို့၏ သမိုင်းတလျှောက် ခြေစစ်ပွဲတစ်ရပ်အတွင်း အနိုင်ပွဲအများဆုံးမှတ်တမ်း ဖြစ်လာခဲ့သည်။

ဤအောင်မြင်မှုများ၏ နောက်ကွယ်တွင် ကစားသမားတစ်ဦး၏ အခန်းကဏ္ဍက ကြီးမားခဲ့သည်။ မိုဟာမက် အာမူရာ သည် အာဖရိကဇုန်ခြေစစ်ပွဲတွင် ၁၀ ပွဲကစား၊ ၁၀ ဂိုး သွင်းယူကာ ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့သည်။ ၎င်းသည် အဲလ်ဂျီးရီးယားအသင်း သွင်းယူခဲ့သည့် စုစုပေါင်း ၂၄ ဂိုးအနက် ၁၀ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးကာ အသင်းသွင်းဂိုးများ၏ ၅၈ ရာခိုင်နှုန်းအထိ ပါဝင်ပတ်သက်ခဲ့သည်။ ရီယာဒ် မာရက်ဇ်သည် အာမူရာနှင့်အပြိုင် ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးသွင်းယူမှုအပိုင်းတွင်မူ အာမူရာက အသင်း၏ အားကိုးရဆုံး တိုက်စစ်မှူးအဖြစ် တစ်ဦးတည်း ရပ်တည်နေသည်။

 

၄။ ဂျော်ဒန် 

ဂျော်ဒန်အသင်းသည် ကမ္ဘာ့ဖလား စင်မြင့်ထက်တွင် မွေးကင်းစ မျက်နှာသစ်အသင်းတစ်သင်း ဖြစ်သော်လည်း၊ ပြီးခဲ့သည့် ၂၀၂၃ အာရှဖလားပြိုင်ပွဲတွင် ဒုတိယဆု ရရှိထားသည့် အသင်းဖြစ်သည်။

၎င်းတို့သည် ခြေစစ်ပွဲစဉ်များကိုလည်း ဝင်ဆံ့မှုအပြည့်ဖြင့် ဖြတ်ကျော်လာခဲ့သည်။ ဂျော်ဒန်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တလျှောက် သွင်းဂိုး ၃၂ ဂိုးအထိ သွင်းယူကာ ၎င်းတို့၏ ခြေစစ်ပွဲသမိုင်းတလျှောက် ဂိုးအများဆုံးစံချိန်ကို တင်ခဲ့သည်။ ထို့အပြင် ၎င်းတို့သည် အာရှဇုန် (AFC) ခြေစစ်ပွဲတွင် အဝေးကွင်းပွဲစဉ်များ၌ လုံးဝရှုံးနိမ့်ခြင်းမရှိဘဲ (၄) ပွဲအထိ အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့သည့် အသင်း (၃) သင်းထဲမှ တစ်သင်းလည်း ဖြစ်သည်။

သို့သော် လက်ရှိရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ တိုက်စစ်ပိုင်းတွင် မည်သူက ဦးဆောင်မည်နည်း ဆိုသည့်အချက်ဖြစ်သည်။ ခြေစစ်ပွဲစဉ်များတွင် ဂိုးပါဝင်ပတ်သက်မှု ၁၄ ကြိမ်အထိ ပြုလုပ်ပေးခဲ့သည့် အဓိကကစားသမား ယာဇန် အယ်လ်နိုင်းမတ် သည် ဒဏ်ရာကြောင့် နည်းပြ ဂျာမလ် ဆယ်လာမီ၏ လူစာရင်းတွင် ပါဝင်လာခြင်းမရှိပေ။ ထို့ကြောင့် ပြင်သစ်ကလပ် ရန်းစ် အသင်း၏ တောင်ပံကစားသမား မူဆာ အယ်လ်တာမာရီ အပေါ်တွင်သာ တိုက်စစ်တာဝန်အဝဝကို ပုံအောပြီး အားကိုးရတော့မည့် အနေအထားတွင် ရှိနေသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်