နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဇာဘိုင်ဂျန်ကို ဂိုးပြတ်သွင်းပြီး အုပ်စုအေ ကို ဦးဆောင်မယ့် ပေါ်တူဂီ – ကမ္ဘာ့ဖလား ပွဲကြိုသုံးသပ်ချက်

ပေါ်တူဂီ – အဇာဘိုင်ဂျန်

အခုတစ်ပတ်မှာ ဥရောပတစ်လွှားက လိဂ်ပြိုင်ပွဲတွေ အားလုံး ရပ်နားထားမှာ ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ စတင်ကစားသွားကြမှာ ဖြစ်ပါတယ်။ အဲ့ဒီ ခြေစစ် ပွဲစဉ်တွေထဲကမှ ပေါ်တူဂီနဲ့ အဇာဘိုင်ဂျန်တို့ ကစားမယ့်ပွဲနဲ့ ပတ်သတ်ပြီး ပွဲကြို ခန့်မှန်းသုံးသပ်ချက် တစ်ချို့ကို SBOTOP ကမ္ဘာ့ဖလား ပရိသတ်တွေ အတွက် ဖော်ပြပေးသွားပါမယ်။

ဆာဘီးယား၊ အိုင်ယာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ယူရိုနဲ့ နေးရှင်းလိဂ် ချန်ပီယံ ပေါ်တူဂီတို့ အုပ်စုချောင်နေတယ်လို့ ပြောရမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အလွယ်တကူ အောင်သွားဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ပွဲဦးထွက်အဖြစ် အဇာဘိုင်ဂျန်နဲ့ ကစားရမယ့် ပွဲမှာ ၃ မှတ်အပြည့် ယူမယ့်အပြင် သွင်းဂိုးတွေပါ တတ်နိုင်သမျှ ရှာဖွေဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ဖာနန်ဒို ဆန်းတို့စ်ရဲ့ အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ရှုံးပွဲ တစ်ပွဲသာ ရှိထားပြီး ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်မှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ရှုံးပွဲဟာ ပေါ်တူဂီအတွက် နစ်နာမှု ကြီးခဲ့ပြီး လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။ ပေါ်တူဂီဟာ ပြီးခဲ့တဲ့ ၆ ကြိမ်ဆက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပြီး လက်ရှိ ဥရောပဇုန်ကနေ ခြေစစ်ပွဲအောင်ဖို့ အခြေအနေ အကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ တိုက်စစ်မှာ ထုံးစံအတိုင်း အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်လာဖို့ ရှိပြီး လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂျာအိုဖီးလစ်၊ ပက်ဒရို နီတို၊ ဒီယိုဂို ဂျော့တာ၊ ထရင်ကာအို တို့ရှိနေပြီး ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ မော်တင်ဟို၊ ရီနာတို ဆန်းချက်ဇ်၊ ရာဖာဆေးလ်ဗား၊ ဝီလျံ ကာဗယ်လ်ဟို၊ ဒန်နီလို ပါရဲရား တို့ ရှိနေပါတယ်။ နောက်တန်းမှာလည်း ရူဘင်ဒီးရာ့ဇ်၊ မာရီယို ရူအီ၊ ကန်ဆယ်လို၊ ဂွာရဲရိုး၊ ဆီမီဒို တို့အပြင် ပီပီ၊ ဖွန်တေ တို့လို ဝါရင့်ခံစစ်မှူးတွေကို ပြန်လည်ရွေးချယ်ထားတာ တွေ့ရပါတယ်။ ဂိုးမှာဆိုရင် ရူအီပက်ထရီစီရို၊ အန်တိုနီ လိုပက်စ်၊ ရူအီဆေးလ်ဗား တို့ ရှိနေလို့ ပေါ်တူဂီရဲ့ လူစာရင်းကို အထင်သွားသေးလို့ မရပါဘူး။ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အတွက်ကတော့ နိုင်ငံတကာ သွင်းဂိုးတွေ ထပ်မံ စုဆောင်းနိုင်မယ့် အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

 
အဇာဘိုင်ဂျန်ကတော့ လွတ်လပ်ရေး ရပြီးကတည်းက ပထမဦးဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်ကို စတင် ကစားခွင့်ရခဲ့တာ ဖြစ်ပြီး အုပ်စု အေ ရဲ့ အိမ်ဖြည့် အသင်းတစ်သင်း အဆင့်မှာပဲ ရှိနေခဲ့ပါတယ်။ အူးဒီးနီးစ်၊ တိုရီနို တို့လို အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ဂျီယိုဗန်နီ ဒီ ဘီရာဆီ ကိုင်တွယ်နေတဲ့ အဇာဘိုင်ဂျန် တို့ လက်ရှိ ပြည်တွင်းလိဂ်မှာ ကစားနေတဲ့ ကစားသမား အများစုကိုသာ ပြန်လည် ရွေးချယ်ထားလို့ ကစားသမား အင်အားကလည်း တော်တော်လေး နည်းနေပါလိမ့်မယ်။ အခုပွဲမှာလည်း အဇာဘိုင်ဂျန် တို့အနေနဲ့ ပေါ်တူဂီလို အသင်းကို သရေရဖို့တောင် မျှော်လင့်နိုင်မှာ မဟုတ်ပဲ ဂိုးပြတ် အရေးမနိမ့်ဖို့သာခံစစ်ကို အခိုင်အမာ ပြင်ဆင်လာမယ့် သဘောမှာ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပေါ်တူဂီနဲ့ အဇာဘိုင်ဂျန် တို့ရဲ့ ပြိုင်ပွဲစုံ ပြီးခဲ့တဲ့ ၆ ပွဲ တွေ့ဆုံမှုမှာ ပေါ်တူဂီတို့ ၅ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အက်ဖ်မှာ နောက်ဆုံး ၂ ကြိမ် တွေ့ဆုံထားခဲ့ပြီး ပေါ်တူဂီက ၃-၀၊ ၀-၂ ရလဒ်တွေနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၀၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄၁.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၁၅.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင် အစပေါင်းများစွာ ကွာဟနေပါတယ်။ ပေါ်တူဂီနိုင်မှ .၀၃ ဆလောက်ပဲ ရမှာဆိုတော့ ဂိုးပေါင်းအများကိုပါ ရွေးချယ်ဖို့ အကြံပြုပါတယ်။ ပေါ်တူဂီတို့ ဂိုးသွင်းလေ့ကျင့်ပြီး ရော်နယ်ဒို အနေနဲ့ စံချိန်သစ်တွေ ထပ်မံရှာဖွေဖို့ အခွင့်အရေး ကောင်းတစ်ခုလို့ပဲ ပြောချင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်