နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ပွဲစဉ်တိုင်း ၃ ဂိုးပြတ် သွင်းနေတဲ့ အာဂျင်တီးနား (ပွဲပြီးသုံးသပ်ချက်)

အာဂျင်တီးနား ၃ – ၀ ဥရုဂွေး

ပါရာဂွေးနဲ့ ပွဲမှာ သရေကျခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ အာဂျင်တီးနားတို့ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ် မှာတော့ အမှား မရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ဥရုဂွေး ကတော့ အရင် ပုံစံတွေနဲ့ မတူဘဲ ရုန်းကန်ခဲ့ ရတယ်လို့ပဲ ဆိုရမှာပါ။ အာဂျင်တီးနား အတွက် ထိုက်တန်တဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ဇယား အဆင့် ၂ နေရာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

မာတီနက်ဇ် တစ်ဦးထဲကို အထောင်ထားပြီး မက်ဆီ၊ လိုဆယ်လို၊ ဒီပေါလ် တို့ကို တိုက်စစ် အတွက် အဓိက နေရာမှာ အသုံးပြုပြီး ၄-၂-၃-၁ ကစားပုံက ဥရုဂွေး အတွက် တော်တော်လေးကို အခက်တွေ့ စေခဲ့ပါတယ်။ ခံစစ် အသားပေးတဲ့ ၅-၄-၁ ပုံစံကို အသုံးပြုခဲ့တဲ့ ဥရုဂွေး ကတော့ ဒီပွဲမှာ တန်ပြန် တိုက်စစ်ကိုပဲ အားစိုက်ခဲ့ပြီး ဆွာရက်ဇ်၊ ဗယ် လ်ဗာဒီတို့ရဲ့ တိုးအားကိုပဲ အဓိက အားပြုခဲ့တယ်လို့ တွေ့ရပါတယ်။ ဂိုးပေါက် ကန်သွင်းမှု ၂၃ ကြိမ်မှာ ၁၀ ကြိမ်အထိ ဂိုးပေါက်တည့်ပြီး ဘောလုံး ပိုင်ဆိုင်မှု ၆၂-၃၈ ရာခိုင်နှုန်း အထိ အသာရခဲ့တဲ့ အာဂျင်တီးနားရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ ခဲ့ရတဲ့ ပွဲစဉ်လို့လည်း ဆိုရမှာပါ။ အဖွင့်ဂိုးကို မက်ဆီကပဲ စတင် ရယူပေးခဲ့တာ ဖြစ်ပြီး ပွဲချိန် ၃၈ မိနစ်မှာတင် အာဂျင်တီးနားတို့ ပွဲကို ဦးဆောင် ခဲ့တာပါ။ ဂိုးပေးလိုက်ရ ပြီးတဲ့နောက် ချေပဂိုး ရရှိဖို့ ဥရုဂွေးတို့ အားစိုက်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာ ကတော့ အာဂျင်တီးနားပဲ ဖြစ်နေ ခဲ့ပါတယ်။ ကွင်းလယ် ကစားသမား ဒီပေါလ်က အသင်းဖော် မာတီနက်ဇ်ရဲ့ ဖန်တီးပေးမှုကို အကောင်းဆုံး အဆုံးသတ် နိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာတင် အာဂျင်တီးနားတို့ ၂ ဂိုးပြတ် ဦးဆောင် နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဥရုဂွေးတို့ ချေပဂိုး ပြန်ရဖို့ အတွက် ကာဗာနီ၊ ဒါဝင်နျူနက်ဇ်တို့ အစားထိုးပြီး အားစိုက် ခဲ့ပေမယ့် ပွဲချိန် ၆၂ မိနစ်မှာ မာတီနက်ဇ်က အာဂျင်တီးနား အတွက်တတိယမြောက် ဦးဆောင်ဂိုးကို ရယူ ပေးခဲ့တဲ့ အခါမှာတော့ ဥရုဂွေးတို့ ကစားပုံ လုံးဝ ပျက်ယွင်း ခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ ချေပဂိုး ရဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အာဂျင်တီးနား နောက်တန်းနဲ့ ဂိုးသမား မာတီနက်ဇ်တို့ အမှားအ ယွင်း မရှိခဲ့တဲ့ အတွက် ပွဲအပြီးမှာ ဥရုဂွေးတို့ ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းနဲ့ အဆိုးရွားဆုံး အိမ်ကွင်း အရှုံးရလဒ်ကို ရင်ဆိုင် ခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဥရုဂွေးရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုက တော်တော်လေးကို မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေ အတွင်း တဖြေးဖြေး ရလဒ်ကောင်းဖို့ ရုန်းကန် နေရသလို အမှတ်ပေး ဇယား အလယ်အလတ်ကို ရောက်ရှိ နေခဲ့တာပါ။ အာဂျင်တီးနား ကတော့ အဝေးကွင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ ရုန်းကန်ရလေ့ ရှိတယ် ဆိုပေမယ့် အိမ်ကွင်းမှာ ဆိုရင်တော့ ဂိုးပြတ် နိုင်ပွဲတွေ ရရှိနေခဲ့ပါတယ်။ မက်ဆီ၊ မာတီနက်ဇ် အတွဲရဲ့ အကောင်းဆုံး ပုံစံကို ထပ်ပြီး မြင်တွေ့ခွင့် ရခဲ့သလို တိုက်စစ်ပိုင်း ထက်မြတ်တဲ့ ပွဲစဉ် တစ်ပွဲအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ ဥရုဂွေး ကတော့ ဆွာရက်ဇ် တစ်ယောက်တည်း ရုန်းကန် နေရတဲ့အချိန်တော်တော်လေး အခြေအနေ ဆိုးရွားခဲ့ပြီး ကာဗာနီ ဝင်‌ရောက် လာချိန်မှပဲ အနည်းငယ် အဆင်ပြေခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာ့ထိပ်တန်း တိုက်စစ် ကစားသမား နှစ်ဦးပါတဲ့ အသင်း တစ်သင်းက တစ်ပွဲလုံးမှ ဂိုးပေါက် ကန်သွင်းမှု ၆ ကြိမ်ပဲ ဂိုးပေါက် တည့်ခဲ့တယ် ဆိုတာကတော့ လိုအပ်ချက် တစ်ခု ဆိုတာထက် ပိုနေခဲ့ပါတယ်။ ပွဲအပြီး မှာတော့ အာဂျင်တီးနားတို့ အုပ်စု အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ဥရုဂွေး ကတော့ အဆင့် ၄ နေရာမှာ ရှိနေပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ အခြေအနေ ကောင်းနေဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဂျင်တီးနားတို့ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် အဖြစ် ပီရူးနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဥရုဂွေး ကတော့ အဲ့ဒီနေ့မှာပဲ ဘရာဇီးရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်