နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းပိုင်း လိုအပ်ချက်တွေကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့တဲ့ ဘရာဇီးလ် (ပွဲပြီးသုံးသပ်ချက်)

ကိုလံဘီယာ ၀ – ၀ ဘရာဇီး

ဘရာဇီးရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် ခြေစွမ်းက တော်တော်လေးကို အထင်ကြီးစရာ ကောင်းနေသလို ရလဒ်ကောင်းတွေလည်း ရရှိနေပြီး ၁၀ ပွဲ ကစားပြီးတဲ့ အထိ ရှုံးပွဲ လုံးဝ မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကိုလံဘီယာ ကတော့ ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပေမယ့် ကစားသမားပိုင်း လိုအပ်ချက်ကြောင့် ဒီကနေ့ ပွဲစဉ်မှာ ဂိုးရဖို့ ရုန်းကန် ခဲ့ရသလို အိမ်ကွင်း ပွဲစဉ် မှာတောင် ထင်သလောက် အလုပ်မဖြစ်ခဲ့တာ တွေ့ရပါတယ်။
 

ပွဲစဉ်အကျဉ်း

တောင်အမေရိကရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ဘက်တွေ ဖြစ်ပေမယ့် ဒီတစ်ခေါက် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် မှာတော့ သွင်းဂိုး မရရှိခြင်းနဲ့ အတူ ထင်သလောက် ပရိသတ် အကြိုက် မဖြစ်ခဲ့ပါဘူး။ ဂါဘရီရယ် ဂျီဆုစ်၊ နေမာ၊ ဘာဘိုဆာတို့ ပါဝင်လာတဲ့  ဘရာဇီး တိုက်စစ် အနေနဲ့ ကလည်း မီနာ ဦးဆောင်တဲ့ ကိုလံဘီယာ ခံစစ်ကို ထင်သလောက် ဖိအား မပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ၄-၄-၁-၁ အခြေခံ ပွဲထွက်လာပြီး တိုက်စစ်ထက် ခံစစ်ပိုင်းကို ပိုပြီး အားပြုခဲ့တဲ့ ကိုလံဘီယာရဲ့ အဓိက စွမ်းဆောင် နိုင်ခဲ့သူက ဂိုးသမား အော့စ်ပီနာပါ။ ၁၈ ကိုက် စည်းအတွင်း ၂ ကြိမ်၊ သေချာပေါက် ဂိုးရလုနီးပါး ကာကွယ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းက ဘရာဇီး အတွက် ပိုပြီး ဖိအား ရှိစေခဲ့ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု ၃၆-၆၄ ရာခိုင်နှုန်း အထိ ဘရာဇီးတို့ အသာရခဲ့ပေမယ့် ဂိုးမရရှိခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖယ်လ်ကာအို ဦးဆောင်တဲ့ ကိုလံဘီယာရဲ့ တန်ပြန် တိုက်စစ် ကလည်း  တော်တော်လေးကို ထိရောက်ခဲ့တာပါ။ ဘရာဇီးတို့ ဘောလုံး ပိုင်ဆိုင်မှု ပိုပြီး အသာရခဲ့တယ် ဆိုပေမယ့် ကိုလံဘီယာရဲ့ ဂိုးပေါက် ကန်သွင်းမှု ကလည်း ၁၂ ကြိမ် အထိ ရှိခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ နှစ်ဖက်လုံး လူစား လဲလှယ်မှု ပြုလုပ်ခဲ့ပြီး ဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ခံစစ်နဲ့ ဂိုးသမားတွေရဲ့ အတည်ငြိမ်ဆုံး စွမ်းဆောင်နိုင်မှုကြောင့် ဂိုးမရှိ သရေ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ရှုံးပွဲ မရှိသေးတဲ့ ဘရာဇီး ဆီကနေ ကိုလံဘီယာတို့  အမှတ်ပြည့်ယူ နိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တမ်း မှာတော့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ အဓိကက ဘရာဇီးရဲ့ ကစားပုံထက်  နည်းဗျူဟာနဲ့ ကံကြမ္မာပိုင်းက တော်တော်လေး ကောင်းခဲ့လို့ ဖြစ်ပါတယ်။ ကိုလံဘီယာတို့ ဂိုးပေါက် ကန်သွင်းမှု ပိုများခဲ့သလို ဂိုးရလုနီးပါး အခြေအနေတွေ ပိုင်ဆိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ အထူးသဖြင့် တောင်အမေရိကရဲ့ တိုက်စစ်အား အကောင်းဆုံး နှစ်သင်းရဲ့ ပွဲစဉ်က ဂိုးမရှိ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့လို့ ပရိသတ်တွေ အတွက်တော့ အားမလို အားမရ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ရှုံးပွဲ မရှိသေးတဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းဆီ ကနေ  ၁ မှတ် ခွဲယူနိုင်ခဲ့တဲ့ ကိုလံဘီယာ အတွက် ကျေနပ်မယ် ဆိုရင် ကျေနပ်လို့ ရတဲ့ ပွဲလို့ပဲ ဆိုချင်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ကိုလံဘီယာ အနေနဲ့ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အီကွေဒေါကို တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် ရင်ဆိုင်ရဖို့ ရှိနေပြီး ဘရာဇီး ကတော့ အဲ့ဒီနေ့မှာပဲ ဥရုဂွေးကို အိမ်ကွင်းမှာ  ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်