နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ရေး အတွက် ပေါ့ဆလို့ မရသေးတဲ့ နယ်သာလန် (ပွဲပြီးသုံးသပ်ချက်)

နယ်သာလန် ၆ – ၀ ဂျီဘရိုက်တာ

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စုပွဲစဉ်တွေ ထဲမှာ အုပ်စု(ဆ)က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ ဆိုရပါမယ်။ တခြား အုပ်စုတွေမှာ  ခြေစစ်ပွဲ အောင်မြင်နိုင်မယ့် အသင်းတွေကို ခန့်မှန်းလို့ ရပေမယ့် ဒီအုပ်စု မှာတော့ နယ်သာလန်၊ နော်ဝေး၊ တူရကီ တို့ မျှော်လင့်ချက် ကိုယ်စီ ရှိနေဆဲ ဖြစ်ပါတယ်။ နယ်သာလန်တို့  ဂျီဘရိုက်တာကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် တစ်ဖက်က နော်ဝေးရဲ့ အနိုင် ရလဒ်ကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့  လက်ကျန်   အနိုင်ရဖို့ လိုအပ်သွားခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

အမှတ်ပေး ဇယားကို ဦးဆောင် နေရပေမယ့် ဒုတိယနေရာက နော်ဝေးနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းတဲ့ အခြေအနေကြောင့် နယ်သာလန်တို့   တိုက်စစ်ကို ပိုပြီး အသားပေး ကစားခဲ့ပါတယ်။ ပွဲအစ ၉ မိနစ် မှာတင်ပဲ ဗန်ဒိုက်ချ်က ထောင့်ကန်ဘောကနေ တဆင့် ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ပြီး ပွဲချိန် ၂၁၊ ၄၅ မိနစ်တွေ မှာ‌တော့ ဒီပေးက ၂ ဂိုး ဆက်တိုက် သွင်းယူခဲ့လို့ ပထမပိုင်း မှာတင် နယ်သာလန်တို့  ၃ ဂိုးပြတ်နဲ့ ဦး‌ဆောင်နေခဲ့ပါတယ်။ မန်းဖစ် ဒီပေး အနေနဲ့ ပင်နယ်တီ ကန်သွင်းခွင့် ၂ ကြိမ် အထိ ရရှိခဲ့ပေမယ့် ဂျီဘရိုက်တာ ဂိုးသမား ကာကွယ်မှု ပြုလုပ်နိုင်ခဲ့လို့ သွင်းဂိုး တစ်ဂိုးသာ ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစချိန် မှာ‌တော့ ဂျီဘရိုက်တာတို့ ကစားသမား နှစ်ဦး အထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာ ကတော့ နယ်သာလန် ဖြစ်ခဲ့ပါတယ်။ တောင်ပံ ကစားသမား နိုအာလန်ရဲ့ တိကျတဲ့ ကန်တင် ပေးမှုကို ဒန်ဇယ် ဒန်ဖရိုင်းလ်စ်က ခေါင်းတိုက် အဆုံးသတ် နိုင်ခဲ့တဲ့ အတွက် နယ်သာလန်တို့  စတုထ္ထမြောက် ဦးဆောင်ဂိုးအဖြစ် ရယူ သွားနိုင်ခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေ မှာလည်း နယ်သာလန်ကပဲ ပွဲကို ဆက်လက် ဦးဆောင် ကစားနိုင်ခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာ ဒန်ဂျူမာ၊ ပွဲချိန် ၈၆ မိနစ်မှာ မာလန် တို့က ဂိုး‌ တွေ ထပ်မံ သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ အိမ်ရှင် နယ်သာလန်တို့ ၆ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

တန်းမတူ အသင်း နှစ်သင်း ဖြစ်လို့ အိမ်ရှင်အသင်း ပရိသတ်တွေ အတွက် ကလွဲရင် ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ နော်ဝေးရဲ့ ဖိအားပေးခြင်းကို ခံနေရတဲ့ အချိန်မှာ အခုလို ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တာ ကတော့ နယ်သာလန် အတွက် အပေါင်း လက္ခဏာ ဆန်တဲ့ အခြေအနေ တစ်ခုကို ရရှိခဲ့တယ်လို့ ဆိုရပါမယ်။ ဂျီဘရိုက်တာ အတွက် ကတော့ အခုပွဲ ကနေ မျှော်လင့်စရာ မရှိခဲ့ပေမယ့် ပြိုင်ဘက်ကို အကောင်းဆုံး ရင်ဆိုင်ခဲ့သလို ဒီပေးရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ဘစ်ဂျ်လိုးရဲ့ စွမ်းဆောင်မှု ကိုလည်း အသိအမှတ် ပြုရပါမယ်။ နိုင်ပွဲကြောင့် အတွက် နယ်သာလန်တို့ ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်ခဲ့ပေမယ့် တစ်ဖက်က နော်ဝေးရဲ့ နိုင်ပွဲကြောင့် လက်ကျန် ပွဲစဉ် ၂ ပွဲလုံး အနိုင် ကစားဖို့ လိုအပ်သွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

နယ်သာလန် အနေနဲ့ လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် အဖြစ် မွန်တီနီဂရိုးရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားဖို့ ရှိပြီး ဂျီဘရိုက်တာ ကတော့ တူရကီနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်