နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အစောဆုံး အောင်မြင်သွားတဲ့ ဂျာမနီ (ပွဲပြီးသုံးသပ်ချက်)

‌မြောက်မက်ဆီဒိုးနီးယား ၀ – ၄ ဂျာမနီ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေတဲ့ အသင်းတွေ ဖြစ်လို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဂျာမနီ အတွက် အနိုင် ၃ မှတ်က အရေးကြီးသလို Play-Off နေရာ အတွက် မြောက်မက်ဆီဒိုးနီးယားတို့ အခွင့်အရေး ရှိနေလို့ သေချာ အားစိုက် ကစား လာခဲ့ကြတာ တွေ့ရပါတယ်။
 

ပွဲစဉ်အကျဉ်း

ဂျာမနီတို့ အနိုင် ၃ မှတ် အတွက် ပြင်ဆင်လာခဲ့ပြီး ၄-၂-၃-၁ ကစားကွက် နဲ့အတူ တီမိုဗာနာ၊ မူလာ၊ ဂနာဘီ၊ ကိုင်ဟာဗက်ဇ် တို့နဲ့ လူစုံခဲ့ပါတယ်။ အိမ်ရှင် ကတော့ ဂိုးရဖို့ထက် ဂိုးမပေးရရေးကို ဦးတည်လာခဲ့ပြီး ခံစစ်ဇုန် ထဲမှာ ၆ ယောက် အထိ ပိတ်ဆို့ ကစားခဲ့တဲ့ အတွက် ဂျာမနီတို့ ဂိုး ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် နှစ်ဖက် ကစားသမားတွေရဲ့ ဖြုန်းတီးမှုတွေ၊ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ဂိုးရနိုင်မယ့် အခြေအနေ တွေနဲ့ ဝေးနေခဲ့ရပါတယ်။ ဂနာဘရီ၊ တီမိုဗာနာ တို့ရဲ့ အဆုံးသတ် အားနည်းချက်တွေကြောင့် ဂိုးပေါက် ကန်ချက် ၁၀ ကြိမ် အထိ ရရှိခဲ့ပေမယ့် ဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ တီမိုဗာနာ၊ မူလာ တွဲလုံး ကနေ ကိုင်ဟာဗက်ဇ်က ပွဲချိန် မိနစ် ၅၀ မှာ ဂျာမနီ အတွက် ဦးဆောင်ဂိုး စတင် ရယူနိုင်ခဲ့ပါတယ်။ ဆက်တိုက် ဆိုသလို ဂျာမနီ အသင်းရဲ့ တိုက်စစ် ကစားပုံက အသင်းကြီး တစ်သင်းပီပီ ဖိအားပေး ကစားနိုင်ခဲ့တဲ့ အတွက် မြောက်မက်ဆီဒိုးနီယားတို့ ခံစစ် မှာပဲ အချိန်ကုန် နေခဲ့ပါတယ်။ အခွင့်အရေး အများအပြား ဖြုန်းတီးပစ်ခဲ့ပေမယ့် တီမိုဗာနာ အနေနဲ့ ပွဲချိန် ၇၀၊ ၇၃ မိနစ် တို့မှာ ၂ ဂိုး ဆက်တိုက် ရယူ ပေးခဲ့တဲ့ အတွက် ဂျာမနီတို့ ဂိုးပြတ် နိုင်ပွဲ ရဖို့ သေချာတဲ့ အခြေအနေ တစ်ခု ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၈၃ မိနစ် မှာတော့ တီမိုဗာနာ အစား ဝင်လာတဲ့ မူဆီရာလာက စတုထ္ထဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၄-၀ ရလဒ်နဲ့ ဂျာမနီတို့ အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲလည်း အောင်မြင်သွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဂျာမနီ နည်းပြ အတွက် ကတော့ ကစားသမားတချို့နဲ့ ကစားကွက် အပိုင်း အချို့ စမ်းသပ်ခဲ့တဲ့ ပွဲလို့ပဲ ဆိုရပါမယ်။ အိမ်ရှင်တို့ ဂိုးပြတ် အရေးမနိမ့်ဖို့ အားစိုက်ခဲ့ပေမယ့် ကစားသမား အင်အားပိုင်း ကွာဟမှုကြောင့် ဂျာမနီကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပါဘူး။ ဘောလုံး ပိုင်ဆိုင်မှု ၂၆-၇၄ ရာခိုင်နှုန်း အထိ ရှိပြီး တစ်ဖက်သက်ဆန်တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့သလို ဂျာမနီတို့ ဂိုးပေါက် ကန်သွင်းမှု ၂၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အိမ်ရှင် အသင်းရဲ့  ပထမပိုင်း ကစားပုံက  ဂျာမနီ အတွက် အခက်အခဲ ဖြစ်စေခဲ့တာ မှန်ပေမယ့်  ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမား အစုအဖွဲ့က ဒုတိယပိုင်း တစ်ပိုင်းထဲ မှာတင် သွင်းဂိုး ၄ ဂိုး အထိ သွင်းယူပြီး လိုအပ်တဲ့ အနိုင်ရလဒ်ကို ရအောင် ယူသွားနိုင်ခဲ့ပါတယ်။ ဒီပွဲ အနိုင်ရလဒ်ကြောင့် ဂျာမနီဟာ ဥရောပဇုန် ခြေစစ်ပွဲ အဆင့် ပြိုင်ပွဲဝင် အသင်းတွေ ထဲမှာ ပထမဦးဆုံး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

မြောက်မက်ဆီဒိုနီးယားတို့ လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် အာမေးနီးယားရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဂျာမနီ ကတော့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ လက်ချင်စတိန်းကို အိမ်ကွင်း မှာ ဧည်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်