နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မြောက်မက်ဆီဒိုးနီးယားကို ရှုံးကြွေးဆပ်ရမယ့် ဂျာမနီ | ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပွဲကြိုခန့်မှန်း)

မြောက်မက်ဆီဒိုးနီးယား – ဂျာမနီ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု(J)ကို ဦးဆောင်နေတဲ့ ဂျာမနီ ကတော့ ဒုတိယနေရာက မြောက်မက်ဆီဒိုးနီးယားကို အဝေးကွင်းမှာ သွားရောက် ယှဉ်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ဂျာမနီ မြေမှာ လာပြီး အနိုင်ယူသွားတဲ့ မြောက်မက်ဆီဒိုးနီးယားဟာ လက်ရှိမှာ လုံး၀ လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်နေတာကြောင့် နိုင်ပွဲ ဆက်နေတဲ့ ဂျာမနီ အတွက် လွယ်ကူတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်မှာ မဟုတ်တာ သေချာပါတယ်။

မြောက်မက်ဆီဒိုးနီးယားတို့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၇ ပွဲ ကစားပြီးချိန် အထိ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး မထင်မှတ်တာတွေ လုပ်ပြနေပါတယ်။ ၃ ပွဲ နိုင်၊ ၃ ပွဲ‌ သရေ၊ ၁ ပွဲ ရှုံး ရမှတ် ၁၂ မှတ်နဲ့ ဂျာမနီရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မြောက်မက်ဆီဒိုးနီးယားဟာ အသင်းလိုက် ကစားအား ကောင်းကောင်းနဲ့ ပွဲစဉ်တိုင်းကို ကျော်‌ဖြတ်နေတာ တွေ့ရပါတယ်။ နိုင်ပွဲ မရနိုင်ခဲ့ရင်တောင် ရှုံးပွဲ မရှိအောင် ကစားနေလို့ လက်ရှိမှာ မီလက်ဗ်စကီးရဲ့ အသင်းက ကစားရခက်တဲ့ အသင်း ဖြစ်နေပါတယ်။ နာမည်ကြီး ဆိုလို့ လိဒ်စ်ယူနိုက်တက် ကစားသမား‌ဟောင်း အယ်လီယော့စကီး တစ်ဦးသာ ရှိပေမယ့် အဲလ်မက်စ်၊ ရစ်တော့ဗ်စကီး၊ ချာလီနော့ဗ် တို့လို ဥရော‌ပ အခြေစိုက် ကစားသမား တချို့ရဲ့ ခြေစွမ်း တိုးတက်လာမှုနဲ့ အတူ ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေပြီလို့‌တောင် ဆိုရပါမယ်။ တစ်ဖက်မှာ Play-Off နေရာ အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အာမေးနီးယားနဲ့ ရိုမေးနီးယားတို့ ထိပ်တိုက် တွေ့ဆုံနေလို့ မြောက်မက်ဆီဒိုးနီးယားတို့ ဂျာမနီကို အိမ်ကွင်းမှာ မာမာထန်ထန် ကစားပြီး သရေ ၁ မှတ် ရအောင် ယူဖို့ ကြိုးစားလာမှာ သေချာပါတယ်။ ဒီပွဲ ပြီးရင် မြောက်မက်ဆီဒိုးနီးယားတို့ အာမေးနီးယား၊ အိုက်စ်လန် တို့နဲ့ပဲ ကစားဖို့ ကျန်တော့လို့ အပေါ်မှာ ပြောခဲ့သလိုပဲ မနိုင်ရင်တောင် မရှုံးအောင် ကစားဖို့ ရည်ရွယ်ထားပါလိမ့်မယ်။

 
အုပ်စု ထိပ်ဆုံးက ဂျာမနီ ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ရိုမေးနီးယားကို အနိုင်ကစားနိုင်ခဲ့လို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ ၉၀ ရာခိုင်နှုန်း သေချာသွားခဲ့ပြီး ဖြစ်ပါတယ်။ ဟန်ဆီဖလစ်ခ် လက်အောက်မှာ ဘေယန်မြူးနစ်လို ဂိုးပြတ် နိုင်ပွဲတွေနဲ့ တဖန်ပြန်လည် တောက်ပနေတဲ့ ဂျာမနီ တို့ ပွဲအစပိုင်းမှာ အထနှေးတတ်တာက လွဲရင် ကျန်တာ ဘာမှ အပြစ် ပြောစရာ မရှိပါဘူး။ ဆာနေး၊ ဂနာဘရီ တို့ရဲ့ တောင်ပံက ကစားအား တော်တော်လေး ကောင်းနေပြီး ကင်မစ်ခ်ျ၊ ဂိုရက်ဇ်ကာ၊ သောမက်စ် မူလာ တို့ရဲ့ ကွင်းလယ် ကလည်း ဂွန်ဒိုအန် မပါရင် အတောင့်တင်းဆုံး အနေအထားမှာ ရှိပါတယ်။ ရူဒီဂါ၊ ဆူလီ ဗဟိုခံစစ် အတွဲအဖက်က တစ်ပွဲထက် တစ်ပွဲ တည်ငြိမ်လာတာ တွေ့ရပြီး နောက်ဆုံး ၄ ပွဲမှာ ပေးဂိုး ၁ ဂိုးပဲ ရှိအောင် စွမ်းဆောင်ပြခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရိုမေးနီးယားနဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာဖို့တောင် များနေပါတယ်။ အဓိက ကစားသမား စုံစုံလင်လင်နဲ့ ပထမအကျော့ ရှုံးပွဲကို လက်စားချေဖို့ ကြိုးစားလာမယ့် သဘောလည်း ရှိပါတယ်။ ဒါပေမယ့် အိမ်ရှင် အသင်းရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို ဘယ်လို ပုံစံနဲ့ ဖောက်ထွက်ပြီး ဂိုးရအောင် ယူမလဲ ဆိုတာ‌ တော့ ဖလစ်ခ် အနေနဲ့ သေချာ စဉ်းစားထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့ မှာတော့ နာပိုလီ ကစားသမား အဲလ်မက်စ်ရဲ့ နောက်ကျဂိုးနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မြောက်မက်ဆီဒိုးနီးယား – ဂျာမနီ အချိန်ပြည့် 1X2 ၃ ဂိုး အထက် @ ၁.၆၆
အောက်တိုဘာလ ၁၂ ရက် , ည ၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင် အတွက် ၉.၅၀ ဆ၊ ဧည့်သည် အတွက် ၁.၂၀ ဆနဲ့ သရေ အတွက် ၆.၂၀ ဆ ကြေးဖွင့်ထားတာ‌ တွေ့ရပါတယ်။ ဂျာမနီတို့ ၅ ပွဲဆက် အနိုင်ရဖို့ အားစိုက်လာမှာ ဖြစ်ပေမယ့် မြောက်မက်ဆီဒိုးနီးယားရဲ့ ရုန်းအားကြောင့် အဝေးကွင်းမှာ တော်တော်လေးတော့ ခက်ခက်ခဲခဲ ကစားရဦးမယ့် သဘော ရှိပါတယ်။ ဂျာမနီရဲ့ ထက်မြတ်တဲ့ တောင်ပံ တိုက်စစ်ကို အိမ်ရှင်တို့ ဒီတစ်ကြိမ် မှာရော ဘယ်လိုပုံစံနဲ့ ထိန်းချုပ်ပြဦးမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ အနိုင်အရှုံးထက် ဂိုးပေါင်းကိုပဲ ရွေးချယ်တာ ပိုပြီး မှန်ကန်နိုင်ပါတယ်။ ဂိုးပေါင်း ၃.၀၀ ကို ရွေးချယ်ဖို့ တိုက်pတွန်းချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်