နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ လာလီဂါ အပြောင်းအရွှေ့သတင်းများ

အခုတစ်ခါမှာတော့ SBOTOP ရဲ့ ဘောလုံးပရိသတ်တွေအတွက် လာလီဂါအသင်းတွေရဲ့ နောက်ဆုံးရကစားသမား အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အစောပိုင်းက လာလီဂါအသင်းတွေရဲ့ လှုပ်ရှားမှုတွေ သိပ်မတွေ့ရပေမယ့် ဒီရက်ပိုင်းမှာတော့ ဘာစီလိုနာအပါအ၀င် အသင်းတော်တော်များများဟာ ခြေလှမ်းခပ်စိပ်စိပ်နဲ့ပဲ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ထဲကို ၀င်လာခဲ့ပါတယ်။ ဘာစီလိုနာတို့ ဥရောပချန်ပီယံလိဂ်မှာ အပြင်းအထန်တိုက်ပွဲကျပြီး နည်းပြဆက်တီယန်ကို ထုတ်ပယ်ပြီး‌တဲ့နောက် ရော်နယ်ကိုးမန်းကို ခန့်အပ်လိုက်ပါတယ်။ ယိုင်နဲ့နေတဲ့ အသင်းတည်ဆောက်ပုံကို ပြင်ဆင်ရမယ့် ရော်နယ်ကိုးမန်းကတော့ လာလီဂါကိုရောက်စမှာပဲ ကစားသမား ၃ဦးကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဆွာရက်ဇ်၊ ရာကီတစ်နဲ့ ဂျော်ဒီအဲလ်ဘာ တို့ကို ရောင်းထုတ်ပြီး လစာငွေပေးချရတဲ့စရိတ်လျှော့ချဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပီအက်စ်ဂျီက နေမာကို ခေါ်ယူဖို့ ထပ်မံကြိုးစားနေပြန်တယ်လို့သိရပြီး ယူရို ၅၅သန်းနဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို အလိုက်ပေးသွားဖို့ရှိနေတာပါ။ ဂရစ်ဇ်မန်းကိုယ်တိုင်လည်း ကတ်တာလန်ကလပ်မှာ ပျော်ရွှင်ပုံမရလို့ စီစဉ်မှုကိုလက်ခံသွားဖွယ်ရှိပြီး ပီအက်စ်ဂျီဘက်က သဘောထားကိုသာ စောင့်ဆိုင်းရဖို့ရှိနေပါတယ်။

ရော်နယ်ကိုးမန်းကတော့ လာလီဂါကိုရောက်စမှာပဲ ကစားသမား ၃ဦးကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
ဘာစီလိုနာကစားသမားဟောင်းနဲ့ လက်ထောက်နည်းပြဖြစ်ခဲ့တဲ့ ရော်နယ်ကိုးမန်း

ကောလဟာလတွေအရ ဘာစီလိုနာ နောက်ခံလူ အမ်တီတီ၊ကွင်းလယ်က ဗီဒယ်နဲ့ ရာကီတစ်၊ တိုက်စစ်က အော်စမိန်း ဒမ်ဘီလီတို့ကို ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်က စိတ်၀င်စားနေပါတယ်။ ယူနိုက်တက်အနေနဲ့ အစောပိုင်းကတည်းက ဒမ်ဘီလီကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့သိရပြီး အားဖြည့်မှုအနေနဲ့ ငွေကြေးအမြောက်အမြားသုံးစွဲဖို့ရှိနေတာဖြစ်ပါတယ်။

ရီးရဲဆိုစီဒက် အသင်းကတော့ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားကို ၂နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၃၄နှစ်အရွယ် စပိန်သားဟာ မန်ချက်စတာစီးတီးအသင်းမှာ ၁၀စုနှစ်တစ်ခုအကြာကစားပြီးနောက် လာလီဂါမှာ တကျော့ပြန် အခြေချဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး လာဇီယိုအသင်းရဲ့ ကြီးမားတဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ဆိုစီဒက်အသင်းမှာလည်း မန်စီးတီးမှာ၀တ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၂၁ပဲ ၀တ်ဆင်မှာ ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ် အသင်းရဲ့ အမေ့ခံတိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဇီဒန်းရဲ့ သဘောကျကစားသမားစာရင်းမှာ မပါခဲ့တဲ့ ရိုဒရီဂွက်ဇ်ဟာ တော်တော‌်လေးစိတ်ပျက်နေပြီး အဂ်လန်ကိုပြောင်းရွှေ့တာဟာ အကောင်းဆုံးဖြစ်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၃၀ပြည့်တော့မယ့် ရိုဒရီဂွက်ဇ်ကိုတော့ ခေါ်ယူချင်နေတဲ့ အသင်းတော်တော်များများရှိနေပေမယ့် တရား၀င်ချိတ်ဆက်လာတဲ့ အသင်းတော့ မရှိသေးဘူလို့သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံလူ ဆန်တီယေဂို အေးရီးရာစ့်ကို အဲဗာတန်အသင်းက ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ အဲဗာတန်အသင်းကို လာမယ့်ရာသီမှာ ထိပ်သီးအဆင့်ပြန်လည်ရောက်ရှိဖို့အတွက် နည်းပြအယ်ဆန်လော့တီအနေနဲ့ ကစားသမားခေါ်ယူအားဖြည့်မှု တော်တော်များများပြုလုပ်ဖို့ရှိနေပြီး အေးရီးရာ့စ်ကို အရခေါ်ဖို့ပြင်ဆင်နေတာပါ။ ကစားသမားရဲ့ တန်ကြေးကိုတော့ အခုချိန်ထိမသိရသေးပါဘူး။ လိုင်လီနောက်ခံလူ ဂါဘရီရယ် မာဂါလိုစ်ကို နာပိုလီ အာဆင်နယ်တို့နဲ့အပြိုင် ကမ်းလှမ်းသွားဖို့ရှိနေတယ်လို့ လည်းသိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်