နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြီးခဲ့တဲ့ ရှုံးပွဲကို ပြန်လည် ချေဖျက်မယ့် မန်ချက်စတာစီးတီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ – မန်ချက်စတာစီးတီး

လာမယ့် ဧပြီလ ၂၂ ရက်နေ့ မှာတော့ မန်ချက်စတာစီးတီးတို့ အက်စတွန်ဗီလာ အိမ်ကွင်းကို သွားပြီး ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ နောက် ၃ ရက်အကြာမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေတဲ့ မန်ချက်စတာစီးတီးတို့  အခုပွဲမှာ အနိုင်ရရုံလောက်ပဲ တတ်နိုင်သမျှ ထိန်းကစားသွားမယ့် သဘောမှာ ရှိနေပါတယ်။

အက်စတွန်ဗီလာတို့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ရမှတ် မလိုတော့ပေမယ့် လက်ကျန်ပွဲစဉ်တွေကိုတော့ အာရုံစိုက်ကစားနေတာ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ အက်စတွန်ဗီလာတို့ ၁ ပွဲသာ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းကတော့ အဆိုးကြီး မဟုတ်ခဲ့ပါဘူး။ စပါးကို ခြေရည်တူ ကစားပြီး ရှုံးနိမ့်ခဲ့သလို ဖူလ်ဟမ်ကိုတော့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ နောက်ဆုံးပွဲ မှာဆိုရင် ဗီလာတို့ လစ်ဗာပူးလ်ကို ရေကုန်ရေခမ်း ကစားပြီးမှ နောက်ဆုံးမိနစ် ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာတို့ ဂျက်ဂရီးလစ်ရှ် ဒဏ်ရာရသွားတဲ့ နောက်ပိုင်း တော်တော်လေး ခြေစွမ်းကျဆင်းသွားခဲ့ပြီး ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် တိုက်စစ်က အိုလီဝက်ကင်န်စ်၊ ထရက်ဇီဂတ်တို့ရဲ့ တိုက်စစ်က အက်စတွန်ဗီလာအတွက် သွင်းဂိုးတွေ ရှာဖွေပေးနေဆဲ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းချက် သိပ်မရှိခဲ့ပေမယ့် တကယ်တမ်း လိုအပ်ချက် ရှိနေတာက ခံစစ်ဖြစ်ပါတယ်။ ကတ်ရှ်၊ မင်းဂ်စ်၊ တာဂတ်၊ ကွန်ဆာ တို့ရှိနေတဲ့ ခံစစ်က မလိုအပ်ပဲဂိုးတွေ တောက်လျောက် ပေးနေခဲ့ရပြီး အမှတ်တွေပါ လှူခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ဂျက်ဂရီးလစ်ရှ် ဒဏ်ရာက မသက်သာသေးလို့ ကစားနိုင်ဦးမှာ မဟုတ်သလို ထရက်ဇီဂတ်၊ ဆန်ဆွန်၊ ဝက်စ်လေ တို့လဲ လွဲချော်ဖို့ ရှိနေပါတယ်။

အက်စတွန်ဗီလာတို့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ရမှတ် မလိုတော့ပေမယ့် လက်ကျန်ပွဲစဉ်တွေကိုတော့ အာရုံစိုက်ကစားနေတာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ အက်စတွန်ဗီလာ

မန်ချက်စတာစီးတီး  ကတော့ ချန်ပီယံလိဂ်မှာ နိုင်ပွဲတွေ ဆက်ခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား မှာတော့ ရှုံးပွဲတွေ တွေ့ခဲ့ပါတယ်။  လက်ကျန် ၆ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ စီးတီးတို့  ယူနိုက်တက်ကို ပွဲအရေအတွက်တူနဲ့ ၈ မှတ်အထိ ဖြတ်ထားနိုင်ဆဲ ဖြစ်လို့ ချန်ပီယံဆုရဖို့ နီးစပ်နေခဲ့ပါပြီ။ နောက်ပြီး လာမယ့် ၂၅ ရက်နေ့မှာ စပါးနဲ့ ခရာဘောင် ဗိုလ်လုပွဲ ကစားရမယ့် မန်ချက်စတာစီးတီးတို့ အက်ဖ်အေဖလားကို စွန့်လွှတ်ခဲ့ရပေမယ့် ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ အကောင်းဆုံး ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ အခုပွဲမှာ မန်ချက်စတာစီးတီး ကွင်းလယ်က ကီဗင်ဒီဘရိုင်းနား ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်သလို အဂွဲရိုးလည်း ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အက်စတွန်ဗီလာနဲ့ မန်ချက်စတာစီးတီး တို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု ၁၈ ကြိမ်မှာ စီးတီးတို့ ၁၅ ကြိမ်အထိ အနိုင်ရပြီး အပြတ်အသတ် အသာရထားပါတယ်။ အက်စတွန်ဗီလာ ကတော့ ၃ ပွဲပဲ ပြန်အနိုင်ရထားပြီး မန်ချက်စတာစီးတီးနဲ့ ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲက အနိမ့်ဆုံး ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အက်စတွန်ဗီလာ – မန်ချက်စတာစီးတီး အချိန်ပြည့် 1X2 ဧည့်သည် @ 1.38
ဧပြီလ ၂၂ ရက်, ည ၁:၄၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၉.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၃၆ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ မန်ချက်စတာစီးတီးမှာ ဒီဘရိုင်းနား မပါလို့ ဖန်တီးမှု အပိုင်းမှာ  အားနည်းချက်ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါပေမယ့် ခံစစ်ကစားပုံ ဆိုးရွားနေတဲ့ အက်စတွန်ဗီလာကို ဂိုးသွင်းဖို့တော့ မခက်လောက်ပါဘူး။ ဗီလာပါ့ခ်မှာ ဖြစ်ပေမယ့် မန်ချက်စတာစီးတီးတို့ပဲ အနိုင်ယူလိမ့်မယ်။ ခန့်မှန်းရလဒ် ၀-၂ လောက် ဖြစ်သွားနိုင်တယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်