နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလားခြေစစ်ပွဲ Play_Off နေရာအတွက်သရေရလဒ်နဲ့ပဲကျေနပ်ခဲ့ရတဲ့ချက်နဲ့ဝေးလ်စ်(ပွဲပြီးသုံးသပ်ချက်)

ချက် ၂ – ၂ ဝေးလ်စ်

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ အတွက် မသေချာတဲ့အခြေအနေကြောင့် ရှုံးထွက် Play-Off တစ်နေရာ အတွက်ပဲ အပြိုင် ဖြစ်နေတဲ့အသင်း‌တွေပီပီ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ပွဲစဉ် ၆ အဖြစ် ရင်ဆိုင်ခဲ့ပေမယ့် ချက်ထက် တစ်ပွဲလျော့ ကစားထားတဲ့ ဝေးလ်စ် ကတော့ လက်ကျန် ပွဲစဉ်တွေက ပိုပြီး အရေးပါလာခဲ့ပြီလို့ ဆိုရမှာပါ။ စီနီယာနဲ့ လူငယ်ကစားသမား အချိုးကျ ပေါင်းစပ်ထားတဲ့ ဝေးလ်စ်ရဲ့ ကစားပုံက ချက် အတွက် ဖိအားဖြစ်စေခဲ့ပေမယ့် ဂိုးသွင်းမသေချာမှုတွေက တော်တော်လေးကိုဆိုးရွားခဲ့ပါ တယ်။ ချက်အသင်းကတော့ ပုံမှန်ကစားနေကြ အတိုင်း တိုက်စစ် အသားပေး ကစားခဲ့သလို လိုအပ်ချက် မြင့်မားနေခဲ့တဲ့ ခံစစ်ပိုင်းကလည်း ဒီနေ့ပွဲမှာ အမှားများခဲ့လို့ လိုအပ်နေတဲ့ အနိုင် ၃မှတ်ကို ရယူနိုင်ခြင်း မရှိခဲ့တာပါ။ အုပ်စုတွင်း အရေးပါဆုံး ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အမာခံလူစာရင်းကို အသုံးပြုခဲ့ပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ချက်ကတော့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ်အောက်တိုဘာ၁၂ရက်နေ့မှာဘီလာရုစ်ကိုရင်ဆိုင်ရဖို့ရှိနေပြီးဝေးလ်စ်ကတော့အက်စတိုနီးယားရဲ့အိမ်ကွင်းမှာခြေစစ်ပွဲစဉ်၇အဖြစ်ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ချက်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုံရဲ့ အုပ်စု (င)ရဲ့ အဆင့် ၂ နေရာမှာရပ်တည်နေခဲ့တဲ့ ချက် အတွက် ဒီပွဲစဉ် က အရေးပါလို့ အနိုင်ရဖို့ သေချာပြင်ဆင်ခဲ့ပေမယ့် နောက်တန်း အမှား‌ တွေကြောင့် အိမ်ကွင်းမှာ အဖိုးတန်အနိုင် ၃မှတ် ဆုံးရှုံးခဲ့တာပါ။ ဒီပွဲမတိုင်မီ ၄ ပွဲ ကစား၊ ၅ ဂိုးသွင်းပြီး ၅ ဂိုးပြန်ပေးထားရတဲ့ ဝေးလ်စ်ရဲ့ ခြေစွမ်းကလည်း အကောင်းဆုံး ပုံစံမှာ ရှိမနေခဲ့ပါဘူး။ အဓိက,ကတော့ ၄-၂-၃-၁ နဲ့ ပွဲထွက်လာတဲ့ ချက်ကို ၄-၄-၂ အသားပေးကစားလာတဲ့ ဝေးလ်စ်တို့ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့တာပါ။ အထူးသဖြင့်ဝေးလ်စ်အသင်းရဲ့တောင်ပံကရမ်ဆေး၊ဒန်နီရယ်လ်ဂျိမ်းစ်၊အမ်ပါဒူတို့ရဲ့အတွဲအဖက်ကတော်တော်လေးဖိအားပေးနိုင်ခဲ့တာတွေ့ရပါတယ်။ ဝေးလ်စ် အတွက် အာရွန် ရမ်ဆေးက ပွဲချိန် ၃၆ မိနစ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၂ မိနစ် အကြာ မှာတင် ချက်တောင်ပံကစားသမား ပီဆက်ခ်က ပြန်လည်ချေပခဲ့လို့ ပထမပိုင်း အပြီး မှာတင် ၁-၁ သရေ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဝေးလ်စ်က ပွဲကိုပိုပြီး ဦးဆောင်ခဲ့တယ် ဆိုပေမယ့် ဂိုးသမား ဒန်နီရယ်ဝက်ဒ်က ပွဲချိန် ၄၉ မိနစ်မှာ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တာက ချက် အတွက် အခွင့်အရေးဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဝေးလ်စ်ရဲ့ တောင်ပံ ကနေ တိုက်စစ်ဆင်မှုတွေ ကိုတော့ ချက်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ ချက် အနေနဲ့ ဂိုးရဖို့ထက် ဂိုးမပေးရဖို့၊ ဘောလုံး ပိုင်ဆိုင်မှု အသာရဖို့ အားစိုက်လာတဲ့ အတွက် ဝေးလ်စ်တို့ ဂိုးရဖို့ ပိုပြီးခက်ခဲလာခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ် ထားတဲ့ အခြေအနေ ကနေ ဝေးလ်စ်တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ်က ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေ မှာတော့ နှစ်သင်းလုံး ဂိုးမပေးရဖို့အတွက်ပဲ အာရုံစိုက် ကစားခဲ့တဲ့အတွက် ပွဲအပြီးမှာ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

နည်းဗျူဟာပိုင်းအားပြိုင်တဲ့ပွဲစဉ်ဆိုတာထက်အနိုင်၃မှတ်ရဖို့၊ Play-Off နေရာအတွက်တိုက်စစ်ကိုပိုပြီးအားစိုက်ခဲ့တဲ့ပွဲအဖြစ်သတ်မှတ်ရမှာပါ။ ဝေးလ်စ်ရဲ့တောင်ပံတိုက်စစ်က အထက်မြဆုံး ပုံစံမှာ ရှိနေခဲ့သလို ချက်ရဲ့ ကွင်းလယ် စုဖွဲ့မှု ကလည်း မာမာထန်ထန်နဲ့အကောင်းဆုံး ပုံစံမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်းနှစ်ဖက်လုံးရဲ့ခံစစ်ပိုင်းကတော့အမှားများစွာနဲ့အတူပေးဂိုးများခဲ့ကြတာလည်းဖြစ်ပါတယ်။ ဝေးလ်စ် အနေနဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တဲ့အထိ ခံစစ်ပိုင်း အမှားများခဲ့သလို ချက်ရဲ့နိုဗက်၊ ကာလက်စ်တို့ ဦးဆောင်တဲ့နောက်တန်း အစုအဖွဲ့ ကလည်း အမှားများစွာနဲ့ အတူ လိုအပ်ချက်မြင့်မားခဲ့ပါတယ်။ နိုင်ပွဲ အတွက် လိုအပ်တဲ့သွင်းဂိုးတွေ ကိုယ်စီ ရရှိခဲ့ပေမယ့် ပွဲပြီးအခြေအနေ မှာတော့ သရေရလဒ်က နှစ်သင်းလုံး အတွက် ကျေနပ်စရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ဝေးလ်စ်ကိုပိုပြီးအခွင့်အရေး ရသွားစေခဲ့ပြီးချက်ထက်တစ်ပွဲလျော့ ကစားထားတာကြောင့် လက်ကျန်ပွဲစဉ်၁သာအနိုင်ရရှိခဲ့မယ် ဆိုရင် ဝေးလ်စ်တို့ အဆင့်၂နေရာကိုတက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချက်ကတော့ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၂ရက်နေ့မှာ ဘီလာရုစ်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဝေးလ်စ်ကတော့ အက်စတိုနီးယားရဲ့အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်