ဂျာမနီ ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက်တိုက် အုပ်စု အဆင့် ကနေပဲ အရှက်တကွဲ လှည့်ပြန်ထားခဲ့ရတာပါ။ ဒါကြောင့် ဂျာမနီ အသင်းဟာ ဒီနွေရာသီမှာ ကျင်းပမယ့် ပြိုင်ပွဲမှာတော့ သူတို့ရဲ့ ရှေးဦးမျိုးဆက်တွေဆီက အနိုင်ရလိုစိတ် စိတ်ဓာတ်ပိုင်းကို ပြန်လည် အသုံးချပြီး အောင်မြင်မှုတွေ ပြန်ရဖို့ အသည်းအသန် ကြိုးပမ်းနေပါတယ်။
Die Mannschaftလို့ လူသိများတဲ့ ဂျာမနီဟာ သူတို့ရဲ့ ဖလား ဗီရိုထဲမှာ ကမ္ဘာ့ဖလား ၄ လုံး အထိ ထည့်သွင်းထားနိုင်ပြီး ဒါဟာ သမိုင်းတစ်လျှောက် ဒုတိယ အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီး ကတည်းက နောက်ပိုင်းနှစ်တွေ မှာတော့ အရေးကြီးဆုံးနဲ့ ဖိအား အများဆုံး ပွဲစဉ်တွေ ရောက်တိုင်း ရုန်းကန်ခဲ့ရတာကြောင့် ကမ္ဘာ့ဘောလုံး လောကကို စိုးမိုးခဲ့တဲ့ ဂျာမနီ ဆိုတဲ့ ဂုဏ်ပုဒ်ဟာ သမိုင်းဆိုး တစ်ခု အဖြစ် ပြောင်းလဲနေခဲ့ပါတယ်။
အခုအချိန် မှာတော့ နစ်မြုပ်နေတဲ့ သင်္ဘောကြီးကို ပြန်လည်ဆယ်တင်ဖို့ စိန်ခေါ်မှုကြီးကို ဂျာမနီရဲ့ မျိုးဆက်သစ် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂျမဲလ် မူဆီအာလာ၊ ဖလော်ရီယန် ဗစ်ဇ် တို့က ဦးဆောင် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ အတွက် အားသာချက် တစ်ခု ကတော့ အုပ်စု အဆင့်မှာ အီကွေဒေါ၊ အိုင်ဗရီကို့စ်၊ ကူရာကာအို တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါဟာ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်း အတွက် ပြိုင်ပွဲကို ခြေလှမ်းလှလှနဲ့ စတင်နိုင်ဖို့နဲ့ ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး
- ခြေစစ်ပွဲ မှတ်တမ်း – ၅ ပွဲ နိုင်၊ ၁ ပွဲရှုံး၊ ၀ ပွဲ သရေ
- သွင်းဂိုး – ၁၆ ဂိုး/ ပေးဂိုး – ၃ ဂိုး
- ဂိုးသွင်းအများဆုံး ကစားသမား – နစ်ခ် ဝေါလ်တီမာဒါ (၄ ဂိုး)
- ဂိုးဖန်တီးမှု အများဆုံး ကစားသမားများ – ဖလော်ရီယန် ဗစ်ဇ်၊ ဒေးဗစ် ရမ်း၊ လီရွိုင်း ဆာနေး (တစ်ဦးကို ၂ ကြိမ်စီ)
ဂျာမနီ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာတင် စလိုဗက်ကီးယား အသင်းကို ၂-၀ ဂိုးနဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ပြီး စိတ်ပျက်စရာ စတင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ၅ ပွဲ ဆက်တိုက် ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနိုင်ပွဲ ၅ ပွဲ အတွင်းမှာ နေဂဲလ်စ်မန်းရဲ့ အသင်းဟာ သွင်းဂိုး ၁၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး ကတော့ ၁ ဂိုးတည်းသာ ရှိခဲ့ပါတယ်။
တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမာဒါရဲ့ သွင်းဂိုး ၄ ဂိုးနဲ့ အတူ အကောင်းဆုံး ပုံစံနဲ့ ပွဲသိမ်းနိုင်ခဲ့တာကြောင့် ဂျာမနီ အသင်းဟာ အိုင်ယာလန် မြောက်ပိုင်းနဲ့ လူဇင်ဘတ်တို့ ပါဝင်တဲ့ ခြေစစ်ပွဲ အုပ်စုမှာ အဆင့် (၁) နေရာနဲ့ ကမ္ဘာ့ဖလားဆီ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြချုပ် ဂျူလီယန် နေဂဲလ်စ်မန်း
ဂျာမနီ ဘောလုံးသမိုင်းမှာ အသက်အငယ်ဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်လာရတဲ့ ဖိအားတွေတင်မကဘဲ၊ အသက် ၃၈ နှစ် အရွယ် နေဂဲလ်စ်မန်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို နည်းပြအဖြစ် လုံးဝ အတွေ့အကြုံ မရှိဘဲ လာမယ့် နွေရာသီမှာ စတင်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ အပြည့်အဝ ယုံကြည်မှုကို ရရှိထားသလို၊ သူ့ရဲ့ ခေတ်မှီ အချက်အလက် အခြေပြု နည်းဗျူဟာပိုင်း ဆန်းစစ်မှုတွေဟာ ကစားသမားတွေကသာ သူ့ရဲ့ အမြင်ကို ကွင်းထဲမှာ ရာနှုန်းပြည့် အကောင်အထည် ဖော်နိုင်မယ် ဆိုရင် ဂျာမနီကို ဒီနွေရာသီမှာ ထိပ်တန်း အဆင့်တွေထိ ပို့ဆောင်ပေးနိုင်ပါတယ်။
ဂျာမနီ အသင်းရဲ့ ကစားကွက်နဲ့ စတိုင်
- အကြိုက်ဆုံး ကစားကွက် – ၄-၂-၃-၁
- ကစားဟန်စတိုင် – ဘောလုံးပိုင်ဆိုင်မှု အသားပေးကစားခြင်း
- အဓိက အားသာချက် – တိုက်စစ် ကစားသမားတွေရဲ့ နေရာလွတ် ရှာဖွေနိုင်မှုနဲ့ ပုံစံမျိုးစုံ ပြောင်းလဲ ကစားနိုင်စွမ်း
- အဓိက အားနည်းချက် – အပိုင်ပိတ်သွင်းမယ့် တိုက်စစ်မှူးစစ်စစ် ရှားပါးခြင်းနဲ့ အရံ အင်အား မတောင့်တင်းခြင်း
ဂျာမနီ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ရယူထားနိုင်တဲ့ အချိန်တွေမှာ အကောင်းဆုံး ပုံစံ ရှိတတ်ပါတယ်။ သူတို့ရဲ့ ကွင်းလယ်ဟာ စပိန် အသင်းလို မျက်စိပသာဒဖြစ်စရာ မကောင်းသလို၊ အာဂျင်တီးနား အသင်းလိုလည်း ပြိုင်ဘက်ကို အပြတ်အသတ် ဖိအားမပေးနိုင်ပေမယ့်၊ မြင့်မားတဲ့ အရည်အသွေးနဲ့ ပွဲစဉ်တစ်ခုလုံးရဲ့ စည်းချက်ကို တည်ငြိမ်ပြီး တိကျသေချာစွာ ထိန်းချုပ် မောင်းနှင်နိုင်စွမ်း ရှိပါတယ်။
ဒါ့အပြင် နေဂဲလ်စ်မန်းရဲ့ အဓိက ကစားသမားတွေဟာ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားပြီး တက်ကြွမှု ရှိကြတဲ့ အတွက် ပွဲစဉ်အတွင်း နည်းဗျူဟာ ပြောင်းလဲရင်တောင် စနစ်အမျိုးမျိုး၊ နေရာ အမျိုးမျိုးမှာ အလိုက်သင့် ပြောင်းလဲကစားနိုင်တဲ့ အားသာချက် ရှိကြပါတယ်။
စောင့်ကြည့်ရမယ့် ကစားသမားများ
အဓိက အဆုံးအဖြတ်ပေးနိုင်သူ – ဂျမဲလ် မူဆီအာလာ
ကွင်းလယ် တိုက်စစ် ဖန်တီးရှင် ဂျမဲလ် မူဆီအာလာ ကတော့ ဂျာမနီ အသင်းရဲ့ ကွက်လပ်တွေကို ရှာဖွေပြီး အကျပ်အတည်းတွေကြား ကနေ အခွင့်အရေးတွေ ဖန်တီးပေးမယ့်သူ ဖြစ်ပါတယ်။ ဝမ်းသာစရာ ကောင်းတာ ကတော့ သူဟာ ပြီးခဲ့တဲ့နှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ ခြေထောက်နဲ့ ခြေကျင်းဝတ်ကျိုး ဒဏ်ရာ ကနေ အပြည့်အဝ ပြန်လည် သက်သာလာပြီ ဖြစ်ပါတယ်။
စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – နစ်ခ် ဝေါလ်တီမာဒါ
လွန်ခဲ့တဲ့ တစ်နှစ်က လူသိနည်းခဲ့ပေမယ့် နစ်ခ် ဝေါလ်တီမာဒါဟာ နယူးကာဆယ် ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ကြေး အများအပြားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ မီးမောင်းထိုးပြခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒီတိုက်စစ် ကစားသမားရဲ့ အထင်ကြီးစရာ ကောင်းလှတဲ့ အရည်အသွေးတွေကို ကွင်းထဲမှာ ကိုယ်တိုင်မကြုံဖူးသေးတဲ့ နိုင်ငံတကာ အသင်းတွေ အတွက်တော့ သူက အံ့ဩစရာတစ်ခု ဖြစ်လာပါလိမ့်မယ်။
စပိန်ရဲ့ ခန့်မှန်းလူစာရင်း
ဂျာမနီ အသင်းရဲ့ လူစာရင်းဟာ လူငယ် သွေးသစ်တွေနဲ့ ဝါရင့်ကစားသမားတွေရဲ့ ပေါင်းစပ်မှု ပုံစံကောင်း တစ်ခု ရှိနေပါတယ်။ ဝါရင့် ခံစစ်တန်းဟာ ရှေ့က ဗစ်ဇ်နဲ့ မူဆီအာလာလို ခံစစ် အကျပ်တွေကို ဖောက်ထွက်နိုင်တဲ့ လူငယ်ကြယ်ပွင့်တွေ စိတ်ကြိုက်ကစားနိုင်ဖို့ အတွက် အကောင်းဆုံး ကျောထောက်နောက်ခံ ဖြစ်စေမှာပါ။ ဒါပေမယ့် နေဂဲလ်စ်မန်းရဲ့ ပွဲထွက် ၁၁ ဦး လူစာရင်းမှာ မေးခွန်းထုတ်စရာ တချို့တော့ ရှိနေပါတယ်။ မကြာသေးမီနှစ်တွေ အတွင်း ဂျာမနီ အသင်းမှာ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ပုံမှန် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူးစစ်စစ် မရှိခဲ့ပါဘူး။ ကိုင် ဟာဗက်ဇ်က ပွဲထွက်ခွင့်ရဖို့ ရေပန်းစားနေပေမယ့်၊ ခြေစစ်ပွဲတွေတုန်းက အသင်းအတွက် ဂိုးအများဆုံး သွင်းပေးခဲ့တဲ့ ဝေါလ်တီမာဒါကိုပဲ ပွဲထုတ်သင့်တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နောက်ထပ် ခေါင်းခဲစရာ တစ်ခု ကတော့ ဂိုးသမား နေရာ ဖြစ်ပါတယ်။ ဝါရင့်ဂိုးသမားကြီး မာ့ခ်-အန်ဒရေ တာစတီဂျန်ဟာ ပေါင်နောက်ကြော ဒဏ်ရာကြောင့် ပြိုင်ပွဲကို လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ခြေစစ် ပွဲစဉ်တိုင်းမှာ ပါဝင်ခဲ့တဲ့ အိုလီဗာ ဘောင်မန်းပဲ ပွဲထွက်ခွင့်ရမယ်လို့ အားလုံးက ထင်မှတ်ထားခဲ့ကြတာပါ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ အလှည့်အပြောင်း အဖြစ် နည်းပြ နေဂဲလ်စ်မန်းဟာ ဘေယန်မြူးနစ်ရဲ့ အသက် ၄၀ အရွယ် ဝါရင့် ဂိုးသမားကြီး မန်နျူရယ် နော်အာကို လက်ရွေးစင် အသင်း အနားယူရာ ကနေ ပြန်လာဖို့ စည်းရုံးနိုင်ခဲ့တာကြောင့် ဘောက်မန်း ခမျာ ဒုတိယ ဂိုးသမား အဖြစ် ပြန်လည် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နည်းပြ နာဂဲလ်စ်မန်းက “အသင်း တစ်သင်းကို ရွေးချယ်တဲ့အခါ ထိပ်တန်း ကစားသမား အများဆုံး ပါဝင်လာအောင် ကျွန်တော်တို့ ကြိုးစားရပါတယ်။ ဂိုးသမား နေရာမှာတော့ အကောင်းဆုံး သုံးယောက်ကို ရွေးချယ်ဖို့က အဓိက အလုပ်ဖြစ်တာကြောင့် နော်အာကို နိုင်ငံအသင်း အတွက် ပြန်ကစားပေးဖို့ တောင်းဆိုခဲ့တာပါ” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
လက်ရှိခြေစွမ်း
ဂျာမနီ ဟာ ပြီးခဲ့တဲ့ မတ်လ နိုင်ငံတကာ ရက်သတ္တပတ် ခြေစမ်းပွဲမှာ ဆွစ်ဇာလန်နဲ့ ၇ ဂိုး အထိ သွင်းယူခဲ့တဲ့ ပွဲစဉ်ကို ကစားခဲ့ရပြီး ပရိသတ်တွေ အတွက် စိုးရိမ်စိတ်ဝင်စေခဲ့ပါတယ်။ နေဂဲလ်စ်မန်းရဲ့ ပွဲထွက် ခံစစ်တန်းဟာ ၃ ဂိုး အထိ ပေးခဲ့ရပြီး၊ ပွဲပြီးခါနီးမှ ဖလော်ရီယန် ဗစ်ဇ်ရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကြောင့် ၄-၃ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒုတိယမြောက် ခြေစမ်းပွဲ မှာတော့ ဂါနာကို ၂-၁ နဲ့ ပိုမိုသက်တောင့်သက်သာ ရှိတဲ့ ပုံစံနဲ့ အနိုင်ရခဲ့ပေမယ့်၊ ကမ္ဘာ့အဆင့် ၇၄ ရှိတဲ့ အသင်း အပေါ်မှာ Open Play ကနေ ၁ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့တာ ကတော့ စိုးရိမ်စရာ အချက် တစ်ခု အဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အသင်း အပေါ် ခန့်မှန်းချက်များ
ဂျာမနီ ပရိသတ်တွေ အနည်းဆုံး မျှော်လင့်ထားတာ ကတော့ အုပ်စုအဆင့်ကို မဖြစ်မနေ ကျော်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ အကယ်၍ အုပ်စုအဆင့်ကို မျှော်လင့်ထားသလို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ တကယ့် ဖိအားတွေက အဲဒီအချိန်ကျမှ စတင်လာမှာပါ။ လက်ရှိ အခြေအနေမှန်ကို သိကြတဲ့ ပရိသတ်တွေ ကတော့ ချန်ပီယံဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ အထိ မျှော်လင့်မထားကြပေမယ့်၊ ဂျာမနီ အသင်းရဲ့ ကမ္ဘာ့ဖလား ဂုဏ်ဒြပ်နဲ့ ညီမျှတဲ့ အဆင့် တစ်ခု (ဥပမာ – ကွာတားဖိုင်နယ် သို့မဟုတ် ဆီမီးဖိုင်နယ်) အထိ တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ရှုံးထွက်အဆင့်တွေမှာ သူတို့ထက် အပြတ်အသတ် သာလွန်တဲ့ အသင်းမျိုးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာရခြင်းက နောက်ထပ် တစ်ကြိမ် အုပ်စုအဆင့် ကနေ အရှက်တကွဲ ထွက်ခွာရတာထက် စာရင် ပရိသတ်တွေ အတွက် ပိုပြီး လက်ခံရ လွယ်ကူပါတယ်။ ဘောလုံးအင်္ကျီပေါ်က ကြယ်ပွင့်တွေရဲ့ အထက်မှာ နောက်ထပ်ကြယ်တစ်ပွဲ ထပ်မတိုးနိုင်ရင်တောင်မှ အသင်းရဲ့ သိသာ ထူးခြားတဲ့ တိုးတက် ပြောင်းလဲမှုတွေ ကိုသာ ပြသနိုင်ခဲ့မယ် ဆိုရင် ဂျာမနီ တို့ဟာ ပရိသတ်တွေရဲ့ လေးစား ချစ်ခင်မှုကို ပြန်လည် ရရှိမှာ အသေအချာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


