အမေရိကန် – ဘယ်လ်ဂျီယံ
၂၀၀၂ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အဖြစ် ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အမေရိကန် အသင်းဟာ ဘယ်လ်ဂျီယံ အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ပူးတွဲ အိမ်ရှင် ဖြစ်တဲ့ အမေရိကန် အသင်းဟာ ပြီးခဲ့တဲ့ ၃၂ သင်းအဆင့် ရှုံးထွက် ပွဲစဉ်တုန်းက ဘော့စနီးယား အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာ ဘယ်လ်ဂျီယံ အသင်း ကတော့ ဆီနီဂေါ အသင်းကို ၃-၂ နဲ့ အသည်းအသန် ကစားပြီးမှ ဒီအဆင့်ကို တက်လှမ်းလာခဲ့တာပါ။
အမေရိကန်
အမေရိကန် အသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အကောင်းဆုံး စံချိန် ကတော့ တတိယနေရာ ရခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်တုန်းက ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ သူတို့ဟာ ကွာတားဖိုင်နယ် အဆင့်ထက် ပိုပြီး မတက်လှမ်းနိုင်ခဲ့တော့ပါဘူး။ ၂၀၀၂ ခုနှစ်တုန်းကတော့ နောက်ဆုံး ၈ သင်း အဆင့် အထိ ရောက်ခဲ့ဖူးပေမယ့် နောက်ဆုံး ပါဝင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ် (၂၀၁၀၊ ၂၀၁၄၊ ၂၀၂၂) စလုံး မှာတော့ ၁၆ သင်း အဆင့်မှာတင် ဆက်တိုက် လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
နည်းပြ မော်ရီစီယို ပိုချက်တီနိုရဲ့ အမေရိကန်အသင်းဟာ အုပ်စု (D) မှာ ရမှတ် ၆ မှတ်နဲ့ အုပ်စု ပထမရပြီး ၃၂ သင်းအဆင့်ကို တက်လာခဲ့တာ ဖြစ်ပြီး၊ အဲဒီနောက် ဘော့စနီးယားကို ၂-၀ နဲ့ ထပ်နိုင်ခဲ့တာပါ။ တကယ်လို့ အခုပွဲမှာ ဘယ်လ်ဂျီယံ ကိုသာ ထပ်နိုင်မယ် ဆိုရင်တော့ ကွာတားဖိုင်နယ်မှာ တနင်္လာနေ့ ညမှာပဲ ကစားကြမယ့် ဥရောပ ဘီလူးကြီး နှစ်ကောင် ဖြစ်တဲ့ ပေါ်တူဂီ ဒါမှမဟုတ် စပိန် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ

တစ်ဖက် မှာလည်း ဘယ်လ်ဂျီယံ အသင်းဟာ အုပ်စု (G) မှာ ရမှတ် ၅ မှတ်နဲ့ အုပ်စု ပထမ ရခဲ့တာ ဖြစ်ပြီး ၃၂ သင်း အဆင့်မှာတော့ ဆီနီဂေါ အသင်းနဲ့ ရင်ခုန်စရာကောင်းတဲ့ ပွဲကြမ်း တစ်ပွဲ ကစားခဲ့ရတာပါ။ နည်းပြ ရူဒီ ဂါစီယာရဲ့ ဘယ်လ်ဂျီယံ အသင်းဟာ ပွဲပြီးဖို့ ၅ မိနစ်အလိုအထိ ဆီနီဂေါကို ၂-၀ နဲ့ ရှုံးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုမီလူ လူကာကူနဲ့ ယူရီ တေးလီမန့်စ် တို့က ပွဲပြီးခါနီးမှာ ချက်ချင်းဂိုးတွေ သွင်းပြီး ၂-၂ သရေ ဖြစ်အောင် လုပ်နိုင်ခဲ့သလို၊ အချိန်ပို မိနစ် ၁၂၀ မှာတော့ တေးလီမန့်စ် ကပဲ ပင်နယ်တီ ကနေ တစ်ဆင့် အနိုင်ဂိုး သွင်းပေးခဲ့လို့ ၃-၂ နဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲရခဲ့တာပါ။
မျိုးဆက်သစ်တွေနဲ့ ဘယ်လ်ဂျီယံ အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက တတိယနေရာ အထိ ရရှိခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားတုန်း ကတော့ အုပ်စု အဆင့် ကနေ လှည့်ပြန်ခဲ့ရတာကြောင့် အသင်း အတွက် တော်တော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ အသင်းဟာ အမေရိကန်နဲ့ တွေ့ဆုံချိန်တိုင်း မှတ်တမ်းကောင်းတွေ ရှိထားတာကြောင့် အခုပွဲမှာလည်း အနိုင်ရဖို့ ရေပန်းစားနေပေမယ့် အမေရိကန် အသင်း ကတော့ ကိုယ့်မြေကိုယ့်ရေမှာ ကွင်းပြည့်ပရိသတ်အားနဲ့ ကစားရမယ့် အိမ်ကွင်း အားသာချက် ရှိနေတာကြောင့် ပွဲကတော့ တော်တော်လေး ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
အမေရိကန် – ဖရီဆီ၊ ဖရီးမန်း၊ ရစ်ချက်ဒ်၊ ရီးမ်၊ ရော်ဘင်ဆင်၊ တေးလ်မန်း၊ အဒမ်စ်၊ မက်ကင်နီ၊ ဒက်စ်၊ ပပ်ပေ၊ ပူလီဆစ်
ဘယ်လ်ဂျီယံ – ကော့တွာစ်၊ ကတ်စတန်ဂ်ညီ၊ သီယာတေး၊ မီချယ်လီ၊ ဒီကူ့ပါး၊ ဗနာကန်၊ တေးလီမန့်စ်၊ ထရော့ဆက်ဒ်၊ ဒီဘရွန်းနား၊ ဒိုကု၊ ဒီ ကတ်တယ်လာရီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အမေရိကန် အတွက် သမိုင်းကြောင်းအရတော့ စိန်ခေါ်မှု ကြီးမားနေပါတယ်။ ဘာလို့လဲ ဆိုတော့ ဘယ်လ်ဂျီယံဟာ အမေရိကန်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး ၇ ကြိမ်မှာ ၆ ကြိမ်အထိ နိုင်ထားလို့ပါပဲ။ အမေရိကန် အနေနဲ့ ဘယ်လ်ဂျီယံကို တစ်ကြိမ်ပဲ နိုင်ဖူးပြီး အဲဒါကလည်း လွန်ခဲ့တဲ့ ၁၉၃၀ ကမ္ဘာ့ဖလားတုန်းက ဖြစ်ပါတယ်။ သူတို့နှစ်သင်း နောက်ဆုံး ရင်ဆိုင်ခဲ့တာက မကြာသေးခင်ကတင် ဖြစ်တဲ့ ၂၀၂၆ ခုနှစ် မတ်လတုန်းက ဖြစ်ပြီး၊ အဲဒီပွဲမှာ ဘယ်လ်ဂျီယံက အမေရိကန်ကို ၅-၂ နဲ့ ဂိုးပြတ်နိုင်ခဲ့တာကြောင့် ဒါဟာ အမေရိကန် အပေါ် ၆ ပွဲ ဆက်တိုက် နိုင်ပွဲ ရခဲ့တာလည်း ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အမေရိကန် နိုင်ရင် ၂.၆၀ ဆ၊ ဘယ်လ်ဂျီယံ နိုင်ရင် ၂.၆၆ ဆ၊ သရေ ဆိုရင်တော့ ၃.၃၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း နှစ်ဖက်စလုံးက ကြေးဖွင့်ပေးထားပါတယ်။ အမေရိကန်ကို ကြည့်ရတာ ပိုချက်တီနိုရဲ့ လက်အောက်မှာ တော်တော်လေး ဟန်ချက်ညီလာသလို တော်တော်လေးလည်း လိုက်ဖက်ညီလာပါတယ်။ အိမ်ရှင်ဆိုတဲ့ အားသာချက်လည်း ရှိနေတဲ့ အပြင် ဘယ်လ်ဂျီယံရဲ့ ခြေစွမ်းမတည်ငြိမ်မှုက ဒီပွဲကို ခန့်မှန်းရခက်စေပါတယ်။ ဒါအခြေအနေ ကိုလည်း ဘွတ်ကီတွေက ကောင်းကောင်း နားလည်တာကြောင့် ကြေးကလည်း ဒဲ့ပဲ ပေါက်နေပါတယ်။ ကျွန်တော် ကတော့ အမေရိကန် မိနစ် ၉၀ အတွင်း အနိုင်နဲ့ သရေလို့ပဲ ထင်ပါတယ်။ အိမ်ရှင် ဘက်မှာပဲ ရပ်တည်ထားကြတာပေါ့ဗျာ။
ခန့်မှန်းရလဒ် အမေရိကန် ၂-၁ ဘယ်လ်ဂျီယံ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


